Premier League

ဟာလန်းရဲ့ ကြံ့ခိုင်မှုနဲ့ ဖလားတိုက်ပွဲအတွက် သတိပေးလိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက အာလင်း ဟာလန်းဟာ ဆောက်သမ်တန်နဲ့ ကစားရမယ့် ယနေ့ပွဲစဉ်အတွက် ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီး ပါဝင်ကစားပေးသွားမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ လီဗာပူးလ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကို ပေါင်ခြံဒဏ်ရာကြောင့် လွဲချော်ခဲ့တာဖြစ်ပေမယ့်လည်း နော်ဝေတိုက်စစ်မှူးဟာ ပြန်ကောင်းနေပြီဖြစ်ပြီး ကောင်းကောင်းလေ့ကျင့်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုရာသီမှာ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ် ၂၆ ပွဲမှာ ၂၈ ဂိုး သွင်းယူနိုင်ခဲ့ပြီး မန်စီးတီးဟာ အာဆင်နယ်ရဲ့ ဦးဆောင်မှုကို လျှော့ချနိုင်ဖို့အတွက် ၁၀ ပွဲသာ ကစားဖို့ ကျန်တော့တာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ ဒုတိယနေရာ မန်ချက်စတာစီးတီးထက် ၁ ပွဲပို ၈ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

မန်စီးတီးက ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ရာသီမှာ ၄ ကြိမ်အထိ ချန်ပီယံဖြစ်ခဲ့ပြီး ဧပြီလ ၂၆ ရက်နေ့မှာ အာဆင်နယ်ကို ဧည့်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပေမယ့် ဂွါဒီယိုလာက စိန့် မေရီကို သွားရမယ့် ခရီးမတိုင်ခင် ကစားသမားတွေကို သတိပေးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့တွေသာ ရမှတ်လျော့ကျရင် အာဆင်နယ်က ကြိုပြီး ချန်ပီယံတွေဖြစ်သွားပါလိမ်မယ် ။ကျွန်တော်တို့ နိုင်ပြီးရင်း နိုင်ရင် ရာသီကုန်ကျရင် ကျွန်တော်တို့က ချန်ပီယံတွေ ဖြစ်နိုင်ပါတယ်။ ”

ဒီအပတ်မှာ အာဆင်နယ်ရဲ့ပွဲမတိုင်ခင် ကစားရတဲ့အတွက် စီးတီးအနေနဲ့ အားသာချက်ရှိတယ်လို့ ထင်လားလို့ မေးမြန်းခဲ့ရာမှာ “ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့ လီဗာပူးလ်နဲ့ ဆုဖလားပြိုင်ပွဲအတွက် တိုက်ပွဲဝင်ခဲ့တုန်းကလည်း တစ်ခါတလေ အရင်ကစားခဲ့ရတယ်။ တစ်ခါတလေ နောက်ကျမှ ကစားရတယ်။ ကျွန်တော်တို့ ကိုယ့်ပွဲကိုယ်နိုင်ရမှာပါ။”

ဟာလန်း ပြန်လာနိုင်မှုက မန်ချက်စတာစီးတီးအတွက် ကြီးကြီးမားမား အားတက်စရာဖြစ်ပြီး နော်ဝေတိုက်စစ်မှူးရဲ့ ကြံ့ခိုင်မှုအကြောင်း မေးမြန်းခဲ့ရာမှာ ဂွါဒီယိုလာက “သူ ပြီးခဲ့တဲ့ ၂ ရက်မှာ တကယ်ကောင်းကောင်း လေ့ကျင့်ခဲ့ပါတယ်။ သူက အဆင်သင့်ဖြစ်နေပါလိမ့်မယ်။”လို့ ပြောကြားသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာက အာလင္း ဟာလန္းဟာ ေဆာက္သမ္တန္နဲ႔ ကစားရမယ့္ ယေန႔ပြဲစဥ္အတြက္ ဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာၿပီး ပါဝင္ကစားေပးသြားမွာျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

ဟာလန္းဟာ လီဗာပူးလ္ကို ၄-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္ကို ေပါင္ၿခံဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့တာျဖစ္ေပမယ့္လည္း ေနာ္ေဝတိုက္စစ္မႉးဟာ ျပန္ေကာင္းေနၿပီျဖစ္ၿပီး ေကာင္းေကာင္းေလ့က်င့္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ယခုရာသီမွာ လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္ ၂၆ ပြဲမွာ ၂၈ ဂိုး သြင္းယူႏိုင္ခဲ့ၿပီး မန္စီးတီးဟာ အာဆင္နယ္ရဲ႕ ဦးေဆာင္မႈကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ၁၀ ပြဲသာ ကစားဖို႔ က်န္ေတာ့တာ ျဖစ္ပါတယ္။

ဂန္းနားေတြဟာ ဒုတိယေနရာ မန္ခ်က္စတာစီးတီးထက္ ၁ ပြဲပို ၈ မွတ္အသာနဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနတာျဖစ္ၿပီး ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံး ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

မန္စီးတီးက ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ၅ ရာသီမွာ ၄ ႀကိမ္အထိ ခ်န္ပီယံျဖစ္ခဲ့ၿပီး ဧၿပီလ ၂၆ ရက္ေန႔မွာ အာဆင္နယ္ကို ဧည့္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ေပမယ့္ ဂြါဒီယိုလာက စိန႔္ ေမရီကို သြားရမယ့္ ခရီးမတိုင္ခင္ ကစားသမားေတြကို သတိေပးခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ေတြသာ ရမွတ္ေလ်ာ့က်ရင္ အာဆင္နယ္က ႀကိဳၿပီး ခ်န္ပီယံေတြျဖစ္သြားပါလိမ္မယ္ ။ကြၽန္ေတာ္တို႔ ႏိုင္ၿပီးရင္း ႏိုင္ရင္ ရာသီကုန္က်ရင္ ကြၽန္ေတာ္တို႔က ခ်န္ပီယံေတြ ျဖစ္ႏိုင္ပါတယ္။ ”

ဒီအပတ္မွာ အာဆင္နယ္ရဲ႕ပြဲမတိုင္ခင္ ကစားရတဲ့အတြက္ စီးတီးအေနနဲ႔ အားသာခ်က္ရွိတယ္လို႔ ထင္လားလို႔ ေမးျမန္းခဲ့ရာမွာ “ကြၽန္ေတာ္ မထင္ပါဘူး။ ကြၽန္ေတာ္တို႔ လီဗာပူးလ္နဲ႔ ဆုဖလားၿပိဳင္ပြဲအတြက္ တိုက္ပြဲဝင္ခဲ့တုန္းကလည္း တစ္ခါတေလ အရင္ကစားခဲ့ရတယ္။ တစ္ခါတေလ ေနာက္က်မွ ကစားရတယ္။ ကြၽန္ေတာ္တို႔ ကိုယ့္ပြဲကိုယ္ႏိုင္ရမွာပါ။”

ဟာလန္း ျပန္လာႏိုင္မႈက မန္ခ်က္စတာစီးတီးအတြက္ ႀကီးႀကီးမားမား အားတက္စရာျဖစ္ၿပီး ေနာ္ေဝတိုက္စစ္မႉးရဲ႕ ႀကံ့ခိုင္မႈအေၾကာင္း ေမးျမန္းခဲ့ရာမွာ ဂြါဒီယိုလာက “သူ ၿပီးခဲ့တဲ့ ၂ ရက္မွာ တကယ္ေကာင္းေကာင္း ေလ့က်င့္ခဲ့ပါတယ္။ သူက အဆင္သင့္ျဖစ္ေနပါလိမ့္မယ္။”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.