Premier League

နည်းပြဘဝမှာ အထုတ်မခံခဲ့ရဖူးတဲ့အကြောင်းအရင်းကို ပြောပြခဲ့တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ ၎င်းရဲ့ နည်းပြဘဝသက်တမ်းတလျှောက် ဘယ်တုန်းကမှ အထုတ်မခံခဲ့ရတာ ဘာကြောင့်လဲလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ အလွန်ကောင်းမွန်တဲ့ တုံ့ပြန်မှုကို ပြုလုပ်ခဲ့ပါတယ်။

ဂွါဒီယိုလာဟာ စနေနေ့မှာ ဆောက်သမ်တန်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းရှင်းလင်းပွဲမှာ သတင်းထောက်တွေ မေးမြန်းသမျှတွေကို ဖြေကြားပေးခဲ့တာဖြစ်ပြီး ဘာကြောင့် နည်းပြအဖြစ်ကနေ တစ်ခါမှ ထုတ်ပယ်မခံခဲ့ရတာလဲဆိုတာကို မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

“ခင်ဗျားကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ ကျွန်တော်တို့ ပွဲစဉ်တွေကို အနိုင်ရခဲ့တယ်။ ကျွန်တော်တို့သာ ပွဲစဉ်တွေကို အနိုင်မရရင် ကျွန်တော် အထုတ်ခံရပါလိမ့်မယ်။ ကျွန်တော့် ဆံပင်က ကျန်တဲ့လူတွေထက် ပိုကောင်းနေလို့မဟုတ်ပါဘူး။ ကျွန်တော် အထုတ်မခံရတာ ပွဲတွေအများကြီး အနိုင်ရရှိခဲ့လို့ပါ”

ဂွါဒီယိုလာက ဆက်လက်ပြီး အညှာအတာမဲ့စွာ ထုတ်ပယ်မှုတွေရဲ့ နောက်ကွယ်မှာ အသင်းတွေကို ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာတာက အဓိကအချက်ဖြစ်နိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

“ဒီနိုင်ငံမှာ ကျွန်တော် ငယ်ငယ်တုန်းက နည်းပြတွေကို ထိန်းသိမ်းထားတဲ့ အစဉ်အလာရှိခဲ့ပါတယ်။ ဒီနေ့ဖြစ်နေတာတွေက ရင်းနှီးမြှုပ်နှံမှုအများအပြားနဲ့အတူ အားလုံးအတွက် ဖိအားတွေအများကြီးရှိနေတယ်။ တစ်ခါတလေမှာ အဲဒါက အလုပ်ဖြစ်တယ်။ တစ်ခါတလေမှာ မဖြစ်ဘူး။ ခင်ဗျား အဲဒါကို အသားကျအောင် လုပ်ရမှာပဲ ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အသက် ၅၂ နှစ်အရွယ် နည်းပြဟာ ၎င်းရဲ့ ဂန္တဝင်ဆန်တဲ့ နည်းပြဘဝသက်တမ်းတလျှောက်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့သူဖြစ်ပြီး ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့ကို ဆုဖလားအောင်မြင်မှုတွေ ရရှိအောင် ဦးဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ ယခုရာသီမှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ် ဦးဆောင်နေတဲ့ အာဆင်နယ်ကို နောက်ကနေ အမီလိုက်ဖို့ ကြိုးပမ်းနေပြီး ၎င်းရဲ့ ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးနည္းျပ ပက္ ဂြါဒီယိုလာဟာ ၎ရဲ႕ နည္းျပဘဝသက္တမ္းတေလွ်ာက္ ဘယ္တုန္းကမွ အထုတ္မခံခဲ့ရတာ ဘာေၾကာင့္လဲလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ အလြန္ေကာင္းမြန္တဲ့ တုံ႔ျပန္မႈကို ျပဳလုပ္ခဲ့ပါတယ္။

ဂြါဒီယိုလာဟာ စေနေန႔မွာ ေဆာက္သမ္တန္နဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မတိုင္ခင္ ပြဲႀကိဳသတင္းရွင္းလင္းပြဲမွာ သတင္းေထာက္ေတြ ေမးျမန္းသမွ်ေတြကို ေျဖၾကားေပးခဲ့တာျဖစ္ၿပီး ဘာေၾကာင့္ နည္းျပအျဖစ္ကေန တစ္ခါမွ ထုတ္ပယ္မခံခဲ့ရတာလဲဆိုတာကို ေမးျမန္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။

“ခင္ဗ်ားကို လွ်ိဳ႕ဝွက္ခ်က္တစ္ခု ေျပာျပမယ္။ ကြၽန္ေတာ္တို႔ ပြဲစဥ္ေတြကို အႏိုင္ရခဲ့တယ္။ ကြၽန္ေတာ္တို႔သာ ပြဲစဥ္ေတြကို အႏိုင္မရရင္ ကြၽန္ေတာ္ အထုတ္ခံရပါလိမ့္မယ္။ ကြၽန္ေတာ့္ ဆံပင္က က်န္တဲ့လူေတြထက္ ပိုေကာင္းေနလို႔မဟုတ္ပါဘူး။ ကြၽန္ေတာ္ အထုတ္မခံရတာ ပြဲေတြအမ်ားႀကီး အႏိုင္ရရွိခဲ့လို႔ပါ”

ဂြါဒီယိုလာက ဆက္လက္ၿပီး အညႇာအတာမဲ့စြာ ထုတ္ပယ္မႈေတြရဲ႕ ေနာက္ကြယ္မွာ အသင္းေတြကို ႀကီးမားတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ျပဳလုပ္လာတာက အဓိကအခ်က္ျဖစ္ႏိုင္တယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

“ဒီႏိုင္ငံမွာ ကြၽန္ေတာ္ ငယ္ငယ္တုန္းက နည္းျပေတြကို ထိန္းသိမ္းထားတဲ့ အစဥ္အလာရွိခဲ့ပါတယ္။ ဒီေန႔ျဖစ္ေနတာေတြက ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားအျပားနဲ႔အတူ အားလုံးအတြက္ ဖိအားေတြအမ်ားႀကီးရွိေနတယ္။ တစ္ခါတေလမွာ အဲဒါက အလုပ္ျဖစ္တယ္။ တစ္ခါတေလမွာ မျဖစ္ဘူး။ ခင္ဗ်ား အဲဒါကို အသားက်ေအာင္ လုပ္ရမွာပဲ ။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အသက္ ၅၂ ႏွစ္အ႐ြယ္ နည္းျပဟာ ၎ရဲ႕ ဂႏၲဝင္ဆန္တဲ့ နည္းျပဘဝသက္တမ္းတေလွ်ာက္မွာ ႀကီးမားတဲ့ ေအာင္ျမင္မႈေတြ ရရွိခဲ့သူျဖစ္ၿပီး ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္၊ မန္စီးတီးတို႔ကို ဆုဖလားေအာင္ျမင္မႈေတြ ရရွိေအာင္ ဦးေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာဟာ ယခုရာသီမွာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၈ မွတ္ျဖတ္ ဦးေဆာင္ေနတဲ့ အာဆင္နယ္ကို ေနာက္ကေန အမီလိုက္ဖို႔ ႀကိဳးပမ္းေနၿပီး ၎ရဲ႕ ၅ ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ဖလားကို ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.