La Liga

နူးကမ့်က ဥမင်ထဲမှာ ဇာဗီတို့တသိုက်ကို လက်စားချေခဲ့တဲ့ ရီးရဲလ်ကြယ်ပွင့်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် ဆီဘာယော့စ်ဟာ နူးကမ့်က အယ်လ်ကလက်စီကိုပွဲစဉ်မှာ ကြီးမားတဲ့ နိုင်ပွဲရရှိပြီးနောက် ဘာစီလိုနာတစ်သင်းလုံးကို လှောင်ပြောင်ခဲ့တယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယအကျော့ နူးကမ့်မှာ ဘာစီလိုနာအသင်းကို ၄-၀ နဲ့ အပြတ်အသတ် ချေမှုန်းခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လက ပထမအကျော့အိမ်ကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့မှုကို အကောင်းဆုံးပုံစံနဲ့ လက်စားချေခဲ့တာ ဖြစ်ပါတယ်။

ဆီဘာယော့စ်ဟာ ဗင်နီးရှပ်စ် ဂျူနီယာရဲ့ နေရာမှာ လူစားဝင်ကစားသမားအဖြစ် ၅ မိနစ်လောက်သာ ကစားခဲ့ရပေမယ့်လည်း နိုင်ပွဲအပြီးမှာ ဝမ်းသာအားရ အောင်ပွဲခံခဲ့ပြီး အဝတ်လဲခန်းကို သွားရာလမ်းမှာ အော်ဟစ်နေခဲ့တာကို ရုပ်သံကင်မရာက ရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။

“ခေတ်သစ်၊ ခေတ်သစ်”လို့ ဆီဘာယော့စ်က အော်ဟစ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေက လျင်လျင်မြန်မြန်ပဲ အဲဒီဖြစ်စဉ်ဟာ ဇန်နဝါရီလတုန်းက စပိန်စူပါဖလားပြိုင်ပွဲမှာ ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ဖြစ်ခဲ့တာနဲ့ ဆက်စပ်နေမှန်းသိရှိခဲ့ကြတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလားပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ၃-၁ နဲ့ အနိုင်ရရှိပြီး ဆုဖလားကိုင်မြှောက်ပြီးနောက် ဘာစီလိုနာနောက်ခံလူ ရော်နယ် အာရာအူဟိုက အဝတ်လဲခန်းထဲမှာ “ခေတ်သစ် စတင်နေပြီ”လို့ ပြောကြားခဲ့တာကို ကြားခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္ကြင္းလယ္ၾကယ္ပြင့္ ဆီဘာေယာ့စ္ဟာ ႏူးကမ့္က အယ္လ္ကလက္စီကိုပြဲစဥ္မွာ ႀကီးမားတဲ့ ႏိုင္ပြဲရရွိၿပီးေနာက္ ဘာစီလိုနာတစ္သင္းလုံးကို ေလွာင္ေျပာင္ခဲ့တယ္လို႔ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ဗုဒၶဟူးေန႔ညက ကိုပါဒယ္ေရး ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ ႏူးကမ့္မွာ ဘာစီလိုနာအသင္းကို ၄-၀ နဲ႔ အျပတ္အသတ္ ေခ်မႈန္းခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့လက ပထမအေက်ာ့အိမ္ကြင္းမွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့မႈကို အေကာင္းဆုံးပုံစံနဲ႔ လက္စားေခ်ခဲ့တာ ျဖစ္ပါတယ္။

ဆီဘာေယာ့စ္ဟာ ဗင္နီးရွပ္စ္ ဂ်ဴနီယာရဲ႕ ေနရာမွာ လူစားဝင္ကစားသမားအျဖစ္ ၅ မိနစ္ေလာက္သာ ကစားခဲ့ရေပမယ့္လည္း ႏိုင္ပြဲအၿပီးမွာ ဝမ္းသာအားရ ေအာင္ပြဲခံခဲ့ၿပီး အဝတ္လဲခန္းကို သြားရာလမ္းမွာ ေအာ္ဟစ္ေနခဲ့တာကို ႐ုပ္သံကင္မရာက ႐ိုက္ကူးႏိုင္ခဲ့တာျဖစ္ပါတယ္။

“ေခတ္သစ္၊ ေခတ္သစ္”လို႔ ဆီဘာေယာ့စ္က ေအာ္ဟစ္ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြက လ်င္လ်င္ျမန္ျမန္ပဲ အဲဒီျဖစ္စဥ္ဟာ ဇန္နဝါရီလတုန္းက စပိန္စူပါဖလားၿပိဳင္ပြဲမွာ ဘာစီလိုနာအသင္းက ရီးရဲလ္မက္ဒရစ္ကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာ ျဖစ္ခဲ့တာနဲ႔ ဆက္စပ္ေနမွန္းသိရွိခဲ့ၾကတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ စပိန္စူပါဖလားၿပိဳင္ပြဲမွာ ရီးရဲလ္မက္ဒရစ္ကို ၃-၁ နဲ႔ အႏိုင္ရရွိၿပီး ဆုဖလားကိုင္ေျမႇာက္ၿပီးေနာက္ ဘာစီလိုနာေနာက္ခံလူ ေရာ္နယ္ အာရာအူဟိုက အဝတ္လဲခန္းထဲမွာ “ေခတ္သစ္ စတင္ေနၿပီ”လို႔ ေျပာၾကားခဲ့တာကို ၾကားခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.