Premier League

ချဲလ်ဆီးကို လမ်းပတ်ပြန်လာတဲ့အပေါ်မှာ တုံ့ပြန်ခဲ့တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက ပရီးမီးယားလိဂ်ကို လမ်းပတ် ပြန်လာတာကို ကြိုဆိုခဲ့ပြီး ချဲလ်ဆီး ယာယီနည်းပြဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ အခွင့်အရေးသစ်တွေ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ကြာသပတေးနေ့မှာ လမ်းပတ်က အသင်းကို ရာသီကုန်အထိ တာဝန်ယူကိုင်တွယ်သွားမှာဖြစ်တယ်လို့ အတည်ပြု ကြေညာခဲ့တာဖြစ်ပြီး အနောက်လန်ဒန်ကလပ်အသင်းဟာ ဂရေဟမ် ပေါ့တားရဲ့ နေရာမှာ အစားထိုးခန့်အပ်မှုကို နွေရာသီအထိ စောင့်ဆိုင်းသွားဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ပေါ့တားဟာ စက်တင်ဘာလကမှ ချဲလ်ဆီးကို ရောက်ရှိလာခဲ့တာဖြစ်ပေမယ့်လည်း စိတ်ပျက်ဖွယ် ရလဒ်ဆိုးတွေ ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး ချဲလ်ဆီးအသင်းကလည်း အဆင့် ၁၁ နေရာအထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ မတည်မငြိမ်ဖြစ်နေတဲ့ အသင်းကို ထိန်းသိမ်းဖို့နဲ့ ရာသီကို အတတ်နိုင်ဆုံး မြင့်မြင့်မားမားနဲ့ အဆုံးသတ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဖရန့်ခ် လမ်းပတ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

လမ်းပတ်ဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဂန္တဝင်ကစားသမားဖြစ်ခဲ့ပေမယ့်လည်း ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး စိတ်ပျက်ဖွယ် အချိန်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ ချဲလ်ဆီးကနေ ထွက်ခွာပြီးနောက်ပိုင်း အဲဗာတန်နည်းပြဖြစ်လာခဲပေမယ့်လည်း ပြီးခဲ့တဲ့ ဇန်နဝါရီလမှာပဲ အသင်းကို တန်းဆင်းဇုန်ထဲမှာ ရုန်းကန်ခဲ့ရစေတဲ့အတွက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဂွါဒီယိုလာက လမ်းပတ် ပြန်လာတာကို ကြိုဆိုခဲ့ပြီး အဲဗာတန်နည်းပြဟောင်းကို မမျှော်မှန်းထားဘဲ ရလာတဲ့အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ သူ အဲဗာတန်မှာ ရှိတုန်းက အဆက်အသွယ်ရှိခဲ့တယ်။ သူ ပြန်လာတာမြင်ရတာ ကောင်းပါတယ်။အဲဒါက သူ ချစ်မြတ်နိုးတဲ့အသင်းမှာ အခွင့်အရေးသစ်ဖြစ်ပြီး သူ့အတွက် စိန်ခေါ်မှုအသစ်ပါ။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးနည္းျပ ပက္ ဂြါဒီယိုလာက ပရီးမီးယားလိဂ္ကို လမ္းပတ္ ျပန္လာတာကို ႀကိဳဆိုခဲ့ၿပီး ခ်ဲလ္ဆီး ယာယီနည္းျပဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အခြင့္အေရးသစ္ေတြ ရွိေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ၾကာသပေတးေန႔မွာ လမ္းပတ္က အသင္းကို ရာသီကုန္အထိ တာဝန္ယူကိုင္တြယ္သြားမွာျဖစ္တယ္လို႔ အတည္ျပဳ ေၾကညာခဲ့တာျဖစ္ၿပီး အေနာက္လန္ဒန္ကလပ္အသင္းဟာ ဂေရဟမ္ ေပါ့တားရဲ႕ ေနရာမွာ အစားထိုးခန႔္အပ္မႈကို ေႏြရာသီအထိ ေစာင့္ဆိုင္းသြားဖို႔ ဆုံးျဖတ္ထားတာျဖစ္ပါတယ္။

ေပါ့တားဟာ စက္တင္ဘာလကမွ ခ်ဲလ္ဆီးကို ေရာက္ရွိလာခဲ့တာျဖစ္ေပမယ့္လည္း စိတ္ပ်က္ဖြယ္ ရလဒ္ဆိုးေတြ ရင္ဆိုင္ခဲ့ရၿပီးေနာက္ပိုင္း နည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရတာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းကလည္း အဆင့္ ၁၁ ေနရာအထိ က်ဆင္းသြားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ မတည္မၿငိမ္ျဖစ္ေနတဲ့ အသင္းကို ထိန္းသိမ္းဖို႔နဲ႔ ရာသီကို အတတ္ႏိုင္ဆုံး ျမင့္ျမင့္မားမားနဲ႔ အဆုံးသတ္ဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႔ ဖရန႔္ခ္ လမ္းပတ္ကို ယာယီနည္းျပအျဖစ္ ခန႔္အပ္ခဲ့တာျဖစ္ပါတယ္။

လမ္းပတ္ဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ဂႏၲဝင္ကစားသမားျဖစ္ခဲ့ေပမယ့္လည္း ၂၀၁၉ ခုႏွစ္ ဇူလိုင္လမွာ အသင္းနည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရၿပီး စိတ္ပ်က္ဖြယ္ အခ်ိန္ေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလမွာ ရာထူးကေန ထုတ္ပယ္ခံခဲ့ရတာ ျဖစ္ပါတယ္။

အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ေဟာင္းဟာ ခ်ဲလ္ဆီးကေန ထြက္ခြာၿပီးေနာက္ပိုင္း အဲဗာတန္နည္းျပျဖစ္လာခဲေပမယ့္လည္း ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာပဲ အသင္းကို တန္းဆင္းဇုန္ထဲမွာ ႐ုန္းကန္ခဲ့ရေစတဲ့အတြက္ ရာထူးကေန ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

ဂြါဒီယိုလာက လမ္းပတ္ ျပန္လာတာကို ႀကိဳဆိုခဲ့ၿပီး အဲဗာတန္နည္းျပေဟာင္းကို မေမွ်ာ္မွန္းထားဘဲ ရလာတဲ့အခြင့္အေရးကို အမိအရ ဆုပ္ကိုင္ဖို႔ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။ “ကြၽန္ေတာ္တို႔ သူ အဲဗာတန္မွာ ရွိတုန္းက အဆက္အသြယ္ရွိခဲ့တယ္။ သူ ျပန္လာတာျမင္ရတာ ေကာင္းပါတယ္။အဲဒါက သူ ခ်စ္ျမတ္ႏိုးတဲ့အသင္းမွာ အခြင့္အေရးသစ္ျဖစ္ၿပီး သူ႔အတြက္ စိန္ေခၚမႈအသစ္ပါ။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.