Premier League

ဂျေဆူးစ်က ဘယ်လိုကစားသမားမျိုးလဲဆိုတာ လီဗာပူးလ်ကို သတိပေးခဲ့တဲ့ ဇင်ချန်ကို

ဇင်ချန်ကိုဟာ ထူးခြားတဲ့ ဂါဘရီယဲလ် ဂျေဆူးစ်ကို ဂုဏ်ပြုလိုက်ပြီး အာဆင်နယ်ကြယ်ပွင့်က မန်စီးတီးက လေ့ကျင့်ရေးမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျေဆူးစ်ဟာ အစ်တီဟတ်မှာ ၅ နှစ်ကြာ ကစားပေးခဲ့ရာမှာ ၂၃၆ ပွဲမှာ ၉၅ ဂိုး သွင်းယူနိုင်ခဲ့ပြီး မန်ချက်စတာစီးတီးကို ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်နဲ့ ပြည်တွင်းဖလား ၄ ကြိမ်ရရှိအောင် ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ အာဆင်နယ်ကို ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားမှာ ဒူးဒဏ်ရာရရှိခဲ့ပြီး ကာလရှည်အနားယူခဲ့ရပေမယ့်လည်း ဆက်လက်ပြီး အထင်ကြီးဖွယ်ခြေစွမ်းပြသနေခဲ့တာဖြစ်ပါတယ်။

ဂျေဆူးစ်ဟာ ပြီးခဲ့တဲ့လမှာ အာဆင်နယ်အသင်းအတွက် ပြန်လည် ပါဝင်ကစားပေးခဲ့ပြီး အောက်တိုဘာလနောက်ပိုင်း ပထမဆုံးသွင်းဂိုးကို လိဒ်စ်ယူနိုက်တက်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ဂျေဆူးစ်ရဲ့ခြေရာလိုက်နင်းပြီး အမ်းမရိတ်စ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဇင်ချန်ကိုက အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးဟာ ထူးခြားပြီး လေ့ကျင့်ရေးမှာဆို အကောင်ပဲလို့ ချီးကျူး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“သူက ကွင်းတွင်းမှာရော ကွင်းပြင်ပမှာပါ ထူးခြားတဲ့ပုဂ္ဂိုလ်ပါ။ သူ့ဆီကနေ ကျွန်တော် အများကြီး လေ့လာသင်ယူခဲ့ရတယ်။ သူက ခင်ဗျား နေ့တိုင်း မှန်ကန်တဲ့ ခံယူချက်နဲ့ အလုပ်ပြင်းပြင်းထန်ထန် လုပ်ဖို့ လိုအပ်တယ်ဆိုတာကို ပြသဖို့အတွက် အကောင်းဆုံးဥပမာပဲ။ လေ့ကျင့်ရေးက ရိုးရှင်းတဲ့ လေ့ကျင့်ခန်းမှာ အချို့လူတွေက ၅၀ ရာခိုင်နှုန်းလောက်ပဲ ပေးမှာပါ။ သူလား။ သူက တကယ်ကြမ်းတဲ့သူပါ”

“တစ်ခါတလေ ဘောလုံးက စိတ်ပျက်စရာဖြစ်နိုင်ပေမယ့် အဲဒီလိုအခိုက်အတန့်တွေမှာ သူ့ရဲ့ တုံ့ပြန်မှုက မယုံနိုင်စရာပါပဲ။ ကျွန်တော်မန်စီးတီးမှာ သူကစားတာကို စောင့်ကြည့်ခဲ့ပြီး ဝိုးဆိုပြီး ဖြစ်ခဲ့ရတယ်။ သူက လေ့ကျင့်ရေးမှာ အမြဲတမ်း အကောင်းဆုံးဖြစ်ခဲ့တယ်။ အမြဲတမ်းပဲ။ သူက အံ့အားသင့်စရာ အရည်အချင်းရှိပါတယ်။ သူက ဒဏ်ရာကနေ ပြန်ကောင်းလာဖို့ အရမ်းပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့တယ်ဆိုတာ ကျွန်တော် သိတယ်။ အဲဒီတော့ ဒီလိုမျိုး အသင်းဖော်မျိုးရှိတာ ဝမ်းသာမိပါတယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဇင္ခ်န္ကိုဟာ ထူးျခားတဲ့ ဂါဘရီယဲလ္ ေဂ်ဆူးစ္ကို ဂုဏ္ျပဳလိုက္ၿပီး အာဆင္နယ္ၾကယ္ပြင့္က မန္စီးတီးက ေလ့က်င့္ေရးမွာ အေကာင္းဆုံးကစားသမားျဖစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေဂ်ဆူးစ္ဟာ အစ္တီဟတ္မွာ ၅ ႏွစ္ၾကာ ကစားေပးခဲ့ရာမွာ ၂၃၆ ပြဲမွာ ၉၅ ဂိုး သြင္းယူႏိုင္ခဲ့ၿပီး မန္ခ်က္စတာစီးတီးကို ပရီးမီးယားလိဂ္ဖလား ၄ ႀကိမ္နဲ႔ ျပည္တြင္းဖလား ၄ ႀကိမ္ရရွိေအာင္ ကူညီေပးခဲ့တာ ျဖစ္ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အာဆင္နယ္ကို ေပါင္ ၄၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ကမာၻ႔ဖလားမွာ ဒူးဒဏ္ရာရရွိခဲ့ၿပီး ကာလရွည္အနားယူခဲ့ရေပမယ့္လည္း ဆက္လက္ၿပီး အထင္ႀကီးဖြယ္ေျခစြမ္းျပသေနခဲ့တာျဖစ္ပါတယ္။

ေဂ်ဆူးစ္ဟာ ၿပီးခဲ့တဲ့လမွာ အာဆင္နယ္အသင္းအတြက္ ျပန္လည္ ပါဝင္ကစားေပးခဲ့ၿပီး ေအာက္တိုဘာလေနာက္ပိုင္း ပထမဆုံးသြင္းဂိုးကို လိဒ္စ္ယူႏိုက္တက္ကို ၄-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ သြင္းယူခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီမွာ ေဂ်ဆူးစ္ရဲ႕ေျခရာလိုက္နင္းၿပီး အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ ဇင္ခ်န္ကိုက အသက္ ၂၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ထူးျခားၿပီး ေလ့က်င့္ေရးမွာဆို အေကာင္ပဲလို႔ ခ်ီးက်ဴး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“သူက ကြင္းတြင္းမွာေရာ ကြင္းျပင္ပမွာပါ ထူးျခားတဲ့ပုဂၢိဳလ္ပါ။ သူ႔ဆီကေန ကြၽန္ေတာ္ အမ်ားႀကီး ေလ့လာသင္ယူခဲ့ရတယ္။ သူက ခင္ဗ်ား ေန႔တိုင္း မွန္ကန္တဲ့ ခံယူခ်က္နဲ႔ အလုပ္ျပင္းျပင္းထန္ထန္ လုပ္ဖို႔ လိုအပ္တယ္ဆိုတာကို ျပသဖို႔အတြက္ အေကာင္းဆုံးဥပမာပဲ။ ေလ့က်င့္ေရးက ႐ိုးရွင္းတဲ့ ေလ့က်င့္ခန္းမွာ အခ်ိဳ႕လူေတြက ၅၀ ရာခိုင္ႏႈန္းေလာက္ပဲ ေပးမွာပါ။ သူလား။ သူက တကယ္ၾကမ္းတဲ့သူပါ”

“တစ္ခါတေလ ေဘာလုံးက စိတ္ပ်က္စရာျဖစ္ႏိုင္ေပမယ့္ အဲဒီလိုအခိုက္အတန႔္ေတြမွာ သူ႔ရဲ႕ တုံ႔ျပန္မႈက မယုံႏိုင္စရာပါပဲ။ ကြၽန္ေတာ္မန္စီးတီးမွာ သူကစားတာကို ေစာင့္ၾကည့္ခဲ့ၿပီး ဝိုးဆိုၿပီး ျဖစ္ခဲ့ရတယ္။ သူက ေလ့က်င့္ေရးမွာ အၿမဲတမ္း အေကာင္းဆုံးျဖစ္ခဲ့တယ္။ အၿမဲတမ္းပဲ။ သူက အံ့အားသင့္စရာ အရည္အခ်င္းရွိပါတယ္။ သူက ဒဏ္ရာကေန ျပန္ေကာင္းလာဖို႔ အရမ္းျပင္းျပင္းထန္ထန္ အလုပ္လုပ္ခဲ့တယ္ဆိုတာ ကြၽန္ေတာ္ သိတယ္။ အဲဒီေတာ့ ဒီလိုမ်ိဳး အသင္းေဖာ္မ်ိဳးရွိတာ ဝမ္းသာမိပါတယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.