Premier League

အန်းဖီးမှာ အာဆင်နယ်နိင်မယ်ဆိုတဲ့ ပေါလ် မာဆန်ရဲ့ဟောကိန်းကို သဘောမတူတဲ့ ဂန်းနားဂန္တဝင်

အာဆင်နယ်အသင်းဟာ ယခုအပတ်မှာ အလွန် ခက်ခဲတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အိမ်ကွင်း အန်းဖီးကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရာသီနှောင်းပိုင်းရဲ့ ပထမဆုံး စမ်းသပ်မှုကို ဖြတ်ကျော်ပြရမှာဖြစ်ပါတယ်။

အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ် ဦးဆောင်ထားမှုကို ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် အာဆင်နယ်ဟာ ဖလားရဖို့ ရေပန်းအစားဆုံးဖြစ်နေပေမယ့်လည်း မန်ချက်စတာစီးတီးက ၁ ပွဲလျော့နဲ့ နောက်ကနေ ဖိအားလိုက်လံပေးနေဆဲ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ အန်းဖီးက ပွဲစဉ်ကို နောက်ဆုံး ပရီးမီးယားလိဂ် ၇ ပွဲစလုံး အနိုင်ရရှိခဲ့တဲ့ ခြေစွမ်းနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် ကလော့ပ်ရဲ့အသင်းအတွက်တော့ ဆန့်ကျင်ဘက်ဖြစ်နေပြီး လီဗာပူးလ်ဟာ နောက်ဆုံး ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ဘယ်လောက်ပဲ ရလဒ်တွေ ဆိုးရွားနေသည်ဖြစ်စေ အိမ်ကွင်း အန်းဖီးမှာကစားတဲ့ ပွဲကြီးပွဲကောင်းတွေမှာဆိုရင် အံ့အားသင့်ဖွယ် စွမ်းဆောင်ပြနိုင်တယ်ဆိုတာကို မန်ချက်စတာယူနိုက်တက်ကို ၇ ဂိုးပြတ်သွင်းပြီး သက်သေပြသထားခဲ့ပြီး ဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က အန်းဖီးမှာ ကစားမယ့်ပွဲစဉ်ဟာ အာဆင်နယ်အတွက် ခက်ခဲတဲ့ပွဲစဉ်ဖြစ်လာမှာဖြစ်ပေမယ့်လည်း ၂-၁ နဲ့ အနိုင်ရရှိသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာဖြစ်ပြီး ဒီပွဲမှာသာ အနိုင်ရမယ်ဆိုရင် ဖလားရပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ထပ် အာဆင်နယ်ဂန္တဝင်တစ်ဦးဖြစ်တဲ့ ရေး ပါလာကတော့ အာဆင်နယ်အသင်းဖော်ဟောင်းရဲ့ ဟောကိန်းကို သဘောမတူဘဲ ဂန်းနားတွေဟာ ၂ လနီးပါးအကြာမှာ ပထမဆုံးအကြိမ် ရမှတ်လျော့ကျလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

“အာဆင်နယ်က လီဗာပူးလ်ကိုသာ အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ်ဖလားကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်မိမှာပါ။ ဒီပွဲက ဒီရာသီရဲ့ အခက်ခဲဆုံးပွဲတွေထဲက တစ်ပွဲဖြစ်ပြီး လီဗာပူးလ်က ဒီရာသီမှာ ခြေစွမ်းမတည်မငြိမ် ဖြစ်နေခဲ့တာတောင်မှပဲ လီဗာပူးလ် ဘယ်လိုရလဒ်မျိုးထွက်အောင် လုပ်နိုင်မလဲဆိုတာ ခင်ဗျား ဘယ်တော့မှ ကြိုမသိနိုင်ပါဘူး။ ယာဂန် ကလော့ပ်က သူ ဘယ်နေရာမှာ မှားသွားလဲဆိုတာကို ခေါင်းကုတ်ပြီး စဉ်းစားနေပါလိမ့်မယ်။ ဒါပေမယ့် သူတို့တွေက အာဆင်နယ်နဲ့ ရင်ဆိုင်တဲ့အခါမှာ သူတို့ရဲ့ ကစားပုံကို အမြဲတမ်း မြှင့်တင်နိုင်ခဲ့ပါတယ်”

“ဒီပွဲမှာသာ အာဆင်နယ်က ရလဒ်ကောင်းရခဲ့ရင် ဒီကစားသမားတွေက အာပလာမဟုတ်ဘဲ ဘယ်အသင်းကိုမဆို အနိင်ယူနိုင်တယ်ဆိုတဲ့ နောက်ထပ်ကြီးမားတဲ့လက္ခဏာဖြစ်လာမှာပါ။ မန်စီးတီးက အာဆင်နယ်အနေနဲ့ လီဗာပူးလ်လို အသင်းကို အဝေးကွင်းနိုင်ပွဲရယူသွားနိုင်မလားဆိုတာကို စိတ်လှုပ်ရှားနေမှာပါ။ ဒါပေမယ့် ဒီပွဲက တော်တော်လေးကြပ်မှာဖြစ်ပြီး အာဆင်နယ်အတွက် ၁ မှတ်ရရင်ကို ကောင်းမွန်တဲ့ရလဒ်ဖြစ်လိမ့်မယ်လို့ ထင်တယ်။ ကျွန်တော်သာ လောင်းကြေးထပ်ရမယ်ဆိုရင် သရေပဲ လောင်းမှာပါ။ ၂-၂ သရေပါပဲ။ နှစ်သင်းစလုံးရဲ့ ခံစစ်တွေက ကွင်းထဲက ပေါက်ကွဲအားနဲ့ဆိုရင် ထိခိုက်လွယ်ပါလိမ့်မယ်။ အာဆင်နယ်က ခံစစ်ပိုင်း အရမ်းကောင်းခဲ့ပေမယ့် ဒီပွဲမှာတော့ ဂိုးတွေ ကျွန်တော် မြင်တယ်။ အဲဒီတော့ ကျွန်တော် ၂-၂ ပဲလို့ ခန့်မှန်းရပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းဟာ ယခုအပတ္မွာ အလြန္ ခက္ခဲတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ လီဗာပူးလ္အိမ္ကြင္း အန္းဖီးကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ရာသီေႏွာင္းပိုင္းရဲ႕ ပထမဆုံး စမ္းသပ္မႈကို ျဖတ္ေက်ာ္ျပရမွာျဖစ္ပါတယ္။

အမွတ္ေပးဇယားထိပ္ဆုံးမွာ ၈ မွတ္ျဖတ္ ဦးေဆာင္ထားမႈကို ထိန္းသိမ္းႏိုင္ခဲ့ၿပီးေနာက္ အာဆင္နယ္ဟာ ဖလားရဖို႔ ေရပန္းအစားဆုံးျဖစ္ေနေပမယ့္လည္း မန္ခ်က္စတာစီးတီးက ၁ ပြဲေလ်ာ့နဲ႔ ေနာက္ကေန ဖိအားလိုက္လံေပးေနဆဲ ျဖစ္ပါတယ္။

ဂန္းနားေတြဟာ အန္းဖီးက ပြဲစဥ္ကို ေနာက္ဆုံး ပရီးမီးယားလိဂ္ ၇ ပြဲစလုံး အႏိုင္ရရွိခဲ့တဲ့ ေျခစြမ္းနဲ႔ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ေပမယ့္ ကေလာ့ပ္ရဲ႕အသင္းအတြက္ေတာ့ ဆန႔္က်င္ဘက္ျဖစ္ေနၿပီး လီဗာပူးလ္ဟာ ေနာက္ဆုံး ၄ ပြဲမွာ ၁ ပြဲသာ အႏိုင္ရရွိထားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာ ဘယ္ေလာက္ပဲ ရလဒ္ေတြ ဆိုး႐ြားေနသည္ျဖစ္ေစ အိမ္ကြင္း အန္းဖီးမွာကစားတဲ့ ပြဲႀကီးပြဲေကာင္းေတြမွာဆိုရင္ အံ့အားသင့္ဖြယ္ စြမ္းေဆာင္ျပႏိုင္တယ္ဆိုတာကို မန္ခ်က္စတာယူႏိုက္တက္ကို ၇ ဂိုးျပတ္သြင္းၿပီး သက္ေသျပသထားခဲ့ၿပီး ျဖစ္ပါတယ္။

အာဆင္နယ္ဂႏၲဝင္ ေပါလ္ မာဆန္က အန္းဖီးမွာ ကစားမယ့္ပြဲစဥ္ဟာ အာဆင္နယ္အတြက္ ခက္ခဲတဲ့ပြဲစဥ္ျဖစ္လာမွာျဖစ္ေပမယ့္လည္း ၂-၁ နဲ႔ အႏိုင္ရရွိသြားလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့တာျဖစ္ၿပီး ဒီပြဲမွာသာ အႏိုင္ရမယ္ဆိုရင္ ဖလားရၿပီလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေနာက္ထပ္ အာဆင္နယ္ဂႏၲဝင္တစ္ဦးျဖစ္တဲ့ ေရး ပါလာကေတာ့ အာဆင္နယ္အသင္းေဖာ္ေဟာင္းရဲ႕ ေဟာကိန္းကို သေဘာမတူဘဲ ဂန္းနားေတြဟာ ၂ လနီးပါးအၾကာမွာ ပထမဆုံးအႀကိမ္ ရမွတ္ေလ်ာ့က်လိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့တာ ျဖစ္ပါတယ္။

“အာဆင္နယ္က လီဗာပူးလ္ကိုသာ အႏိုင္ရခဲ့ရင္ ပရီးမီးယားလိဂ္ဖလားကို လက္တစ္ဖက္နဲ႔ ဆုပ္ကိုင္မိမွာပါ။ ဒီပြဲက ဒီရာသီရဲ႕ အခက္ခဲဆုံးပြဲေတြထဲက တစ္ပြဲျဖစ္ၿပီး လီဗာပူးလ္က ဒီရာသီမွာ ေျခစြမ္းမတည္မၿငိမ္ ျဖစ္ေနခဲ့တာေတာင္မွပဲ လီဗာပူးလ္ ဘယ္လိုရလဒ္မ်ိဳးထြက္ေအာင္ လုပ္ႏိုင္မလဲဆိုတာ ခင္ဗ်ား ဘယ္ေတာ့မွ ႀကိဳမသိႏိုင္ပါဘူး။ ယာဂန္ ကေလာ့ပ္က သူ ဘယ္ေနရာမွာ မွားသြားလဲဆိုတာကို ေခါင္းကုတ္ၿပီး စဥ္းစားေနပါလိမ့္မယ္။ ဒါေပမယ့္ သူတို႔ေတြက အာဆင္နယ္နဲ႔ ရင္ဆိုင္တဲ့အခါမွာ သူတို႔ရဲ႕ ကစားပုံကို အၿမဲတမ္း ျမႇင့္တင္ႏိုင္ခဲ့ပါတယ္”

“ဒီပြဲမွာသာ အာဆင္နယ္က ရလဒ္ေကာင္းရခဲ့ရင္ ဒီကစားသမားေတြက အာပလာမဟုတ္ဘဲ ဘယ္အသင္းကိုမဆို အနိင္ယူႏိုင္တယ္ဆိုတဲ့ ေနာက္ထပ္ႀကီးမားတဲ့လကၡဏာျဖစ္လာမွာပါ။ မန္စီးတီးက အာဆင္နယ္အေနနဲ႔ လီဗာပူးလ္လို အသင္းကို အေဝးကြင္းႏိုင္ပြဲရယူသြားႏိုင္မလားဆိုတာကို စိတ္လႈပ္ရွားေနမွာပါ။ ဒါေပမယ့္ ဒီပြဲက ေတာ္ေတာ္ေလးၾကပ္မွာျဖစ္ၿပီး အာဆင္နယ္အတြက္ ၁ မွတ္ရရင္ကို ေကာင္းမြန္တဲ့ရလဒ္ျဖစ္လိမ့္မယ္လို႔ ထင္တယ္။ ကြၽန္ေတာ္သာ ေလာင္းေၾကးထပ္ရမယ္ဆိုရင္ သေရပဲ ေလာင္းမွာပါ။ ၂-၂ သေရပါပဲ။ ႏွစ္သင္းစလုံးရဲ႕ ခံစစ္ေတြက ကြင္းထဲက ေပါက္ကြဲအားနဲ႔ဆိုရင္ ထိခိုက္လြယ္ပါလိမ့္မယ္။ အာဆင္နယ္က ခံစစ္ပိုင္း အရမ္းေကာင္းခဲ့ေပမယ့္ ဒီပြဲမွာေတာ့ ဂိုးေတြ ကြၽန္ေတာ္ ျမင္တယ္။ အဲဒီေတာ့ ကြၽန္ေတာ္ ၂-၂ ပဲလို႔ ခန႔္မွန္းရပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.