Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၄.၁၀.၂၀၂၀

– ခ်ဲလ္ဆီးအသင္းကေန ေဆာက္သမ္တန္အသင္းကို အငွားခ်ထားဖို႔ စဥ္းစားေနတဲ့ အသက္ ၂၄ ႏွစ္အရြယ္ ကြင္းလယ္လူ ႐ူဘင္ ေလာ့ဖ္တပ္စ္ခ်ိခ္ရဲ႕ တစ္ပတ္လုပ္ခ ေပါင္ ၁၇၃၀၀၀ ထဲက ခ်ဲလ္ဆီးအေနနဲ႔ ေပါင္တစ္သိန္းကို က်ခံေပးသြားရဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ကာလၾကာရွည္ပစ္မွတ္ထားခဲ့တဲ့ ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကို မေခၚယူႏုိင္ေတာ့တဲ့ေနာက္ ခ်ဲလ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ညဳိကို စိတ္ဝင္စားေနၿပီး လန္ဒန္ကလပ္အသင္းခ်င္းၾကား ခပ္သြက္သြက္ေခၚယူႏုိင္ဖို႔ ခ်ိတ္ဆက္ေန။

– အီမာဆန္အေနနဲ႔ ခ်ဲလ္ဆီးအသင္းက ထြက္ခြာဖို႔ ရွိေနၿပီး ဘယ္အသင္းမွာ ကစားမယ္ဆုိတာ ယတိျပတ္ မေျပာႏုိင္ေသးေပမယ့္ ေနာက္ဆုံး စိတ္ဝင္စားလာခဲ့တဲ့ စပိန္လာလီဂါကလပ္ေတြ ျဖစ္ဖို႔ ရွိေၾကာင္း ေအးဂ်င့္ေျပာၾကား။

– ခ်ဲလ္ဆီးအသင္းကေန ဝယ္လက္ရွာေဖြလို႔ မရေသးဘဲ အသင္းမွာ အသုံးျပဳဖို႔လည္း မျဖစ္ႏုိင္တဲ့ ျပင္သစ္ကြင္းလယ္လူ တီးမူး ဘာကာယိုကိုအတြက္ နာပိုလီနည္းျပ ဂ်င္နာ႐ို ဂတ္တူဆိုရဲ႕ ကမ္းလွမ္းမွဳ ရရွိထားၿပီး ေအစီမီလန္မွာ ဆုံစည္းခဲ့ဖူးတဲ့ အတြဲအဖက္ အေနနဲ႔ ျပန္လည္ပူးေပါင္းႏုိင္ဖို႔ လုပ္ေဆာင္ေန။

– အင္တာမီလန္ေနာက္ခံလူ ရွကရီညာကို ေခၚယူဖို႔ မေအာင္ျမင္ခဲ့တဲ့ စပါးစ္အသင္းအေနနဲ႔ လန္ဒန္ၿပဳိင္ဘက္ ခ်ဲလ္ဆီးအသင္းရဲ႕ အပယ္ခံေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါအတြက္ တစ္ႏွစ္အငွားေခၚယူဖို႔ကိစၥ အဆင္ေျပဖို႔ နီးစပ္လာ။

– ခ်ဲလ္ဆီးအသင္းရဲ႕ ေနာက္ခံလူေဟာင္း အက္ရွ္လီ ကိုးလ္က သူ႕ရဲ႕အသင္းေဟာင္း အာဆင္နယ္ရဲ႕ ပစ္မွတ္တစ္ခုျဖစ္တဲ့ ေသာမတ္စ္ ပါေတးကို အက္သလက္တီကိုကေန စတမ္းဖို႔ဒ္ဘရစ္ခ်္ဆီ ရေအာင္ ေခၚယူသြားဖို႔ ေထာက္ခံေျပာၾကားထား။

– ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ တစ္ရာသီအငွားနဲ႔ ေခၚယူၿပီး ရာသီကုန္မွာ ေပါင္သန္း ၇၀ နဲ႔ ေခၚယူႏုိင္ခြင့္ စာခ်ဳပ္နဲ႔ ကမ္းလွမ္းထားတဲ့ လူငယ္ေတာင္ပံကစားသမား ဟဒ္ဆန္-အိုဒြဳိင္းရဲ႕ အေျပာင္းအေရႊ႕အတြက္ ခ်ဲလ္ဆီးအသင္းဘက္က သေဘာမတူဘဲ ပယ္ခ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ချဲလ်ဆီးအသင်းကနေ ဆောက်သမ်တန်အသင်းကို အငှားချထားဖို့ စဉ်းစားနေတဲ့ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ်ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၁၇၃၀၀၀ ထဲက ချဲလ်ဆီးအနေနဲ့ ပေါင်တစ်သိန်းကို ကျခံပေးသွားရဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကာလကြာရှည်ပစ်မှတ်ထားခဲ့တဲ့ ကွင်းလယ်လူ ဟူဆင်းမ် အောဝါကို မခေါ်ယူနိုင်တော့တဲ့နောက် ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ညိုကို စိတ်ဝင်စားနေပြီး လန်ဒန်ကလပ်အသင်းချင်းကြား ခပ်သွက်သွက်ခေါ်ယူနိုင်ဖို့ ချိတ်ဆက်နေ။

– အီမာဆန်အနေနဲ့ ချဲလ်ဆီးအသင်းက ထွက်ခွာဖို့ ရှိနေပြီး ဘယ်အသင်းမှာ ကစားမယ်ဆိုတာ ယတိပြတ် မပြောနိုင်သေးပေမယ့် နောက်ဆုံး စိတ်ဝင်စားလာခဲ့တဲ့ စပိန်လာလီဂါကလပ်တွေ ဖြစ်ဖို့ ရှိကြောင်း အေးဂျင့်ပြောကြား။

– ချဲလ်ဆီးအသင်းကနေ ဝယ်လက်ရှာဖွေလို့ မရသေးဘဲ အသင်းမှာ အသုံးပြုဖို့လည်း မဖြစ်နိုင်တဲ့ ပြင်သစ်ကွင်းလယ်လူ တီးမူး ဘာကာယိုကိုအတွက် နာပိုလီနည်းပြ ဂျင်နာရို ဂတ်တူဆိုရဲ့ ကမ်းလှမ်းမှု ရရှိထားပြီး အေစီမီလန်မှာ ဆုံစည်းခဲ့ဖူးတဲ့ အတွဲအဖက် အနေနဲ့ ပြန်လည်ပူးပေါင်းနိုင်ဖို့ လုပ်ဆောင်နေ။

– အင်တာမီလန်နောက်ခံလူ ရှကရီညာကို ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့ စပါးစ်အသင်းအနေနဲ့ လန်ဒန်ပြိုင်ဘက် ချဲလ်ဆီးအသင်းရဲ့ အပယ်ခံနောက်ခံလူ အန်တိုနီယို ရူဒီဂါအတွက် တစ်နှစ်အငှားခေါ်ယူဖို့ကိစ္စ အဆင်ပြေဖို့ နီးစပ်လာ။

– ချဲလ်ဆီးအသင်းရဲ့ နောက်ခံလူဟောင်း အက်ရှ်လီ ကိုးလ်က သူ့ရဲ့အသင်းဟောင်း အာဆင်နယ်ရဲ့ ပစ်မှတ်တစ်ခုဖြစ်တဲ့ သောမတ်စ် ပါတေးကို အက်သလက်တီကိုကနေ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ရအောင် ခေါ်ယူသွားဖို့ ထောက်ခံပြောကြားထား။

– ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ တစ်ရာသီအငှားနဲ့ ခေါ်ယူပြီး ရာသီကုန်မှာ ပေါင်သန်း ၇၀ နဲ့ ခေါ်ယူနိုင်ခွင့် စာချုပ်နဲ့ ကမ်းလှမ်းထားတဲ့ လူငယ်တောင်ပံကစားသမား ဟဒ်ဆန်-အိုဒွိုင်းရဲ့ အပြောင်းအရွှေ့အတွက် ချဲလ်ဆီးအသင်းဘက်က သဘောမတူဘဲ ပယ်ချ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.