Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၄.၁၀.၂၀၂၀

– မန္ခ်က္စတာစီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာက ေနာက္ခံလူသစ္ ႐ူဘင္ ဒီယက္စ္ကို ေခၚယူခဲ့တာဟာ သူ႕ရဲ႕ စိတ္ဓာတ္ပုိင္းနဲ႔ ႏုိင္လိုစိတ္က အဓိကက်ခဲ့ၿပီး အသင္းရဲ႕ လာမယ့္ပြဲစဥ္ေတြမွာ အေရးပါလာလိမ့္မယ္လို႔ ခန္႔မွန္း။

– လိဒ္စ္ယူႏုိက္တက္ဟာ သူတုိ႔အတြက္ ခက္ခဲတဲ့ ၿပဳိင္ဘက္ျဖစ္ခဲ့ေၾကာင္းနဲ႔ ပြဲအစအဆုံး သူတုိ႔ေတြ ကစားသြားတဲ့ ခြန္အားအသုံးျပဳႏုိင္မွဳနဲ႔ သက္လုံပုိင္းမွာ က်ဆင္းသြားတာမ်ဳိး မရွိခဲ့တာေၾကာင့္ အႏုိင္ယူဖို႔ ခက္ခဲ့တယ္လို႔ စတာလင္ေျပာၾကား။

– ေနာက္ခံလူ အဲရစ္ ဂါစီယာကို အေျပာင္းအေရႊ႕မပိတ္ခင္မွာ ရရွိႏုိင္ဖို႔ ဘာစီလိုနာအသင္း ေမွ်ာ္လင့္ေနၿပီး သူတုိ႔ရဲ႕ ယူ႐ို ၁၄ သန္းနဲ႔ ထပ္မံကမ္းလွမ္းမွဳကို မန္ခ်က္စတာစီးတီးဘက္က သေဘာတူညီဖို႔ ေမွ်ာ္လင့္ေန။

– မန္ခ်က္စတာစီးတီးအေနနဲ႔ ႏွစ္ပြဲဆက္တုိက္မွာ ရမယ့္ ျဖစ္ႏိုင္ဖြယ္ ၆ မွတ္ထဲက ၁ မွတ္သာ ရခဲ့တာဟာ တုိက္စစ္မွဴး မရွိလုိ႔ျဖစ္ၿပီး အေျပာင္းအေရႊ႕မပိတ္ခင္မွာ အေဂြ႐ိုနဲ႔ ေဂ်ဆူးစ္တုိ႔ရဲ႕ ကြက္လပ္ကို အစားထိုးဖို႔ ေဂ်မီ ရက္ဒ္နက္ပ္တုိက္တြန္း။

– လိဒ္စ္နဲ႔ သေရပြဲမွာ စြမ္းေဆာင္ရည္ ညံ့ဖ်င္းခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္တဲ့ ဘယ္ေနာက္ခံလူ ဘင္ဂ်မင္ မန္ဒီက အမွားေတြ ရွိခဲ့တာ ဝန္ခံေၾကာင္းနဲ႔ ေနာက္ပြဲေတြမွာ ပိုမိုေကာင္းမြန္ေအာင္ ႀကဳိးစားသြားမွာျဖစ္ေၾကာင္း တြစ္တာက တုံ႔ျပန္။

– ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ႏွစ္ပြဲမွာ ၅ မွတ္အထိ ေပ်ာက္ဆုံးခဲ့ၿပီး လီဗာပူးလ္ရဲ႕ေနာက္မွာ အမွတ္ကြာဟခ်က္ ႀကီးေနေပမယ့္ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္နဲ႔ ေပးဆပ္မွဳအတြက္ ေက်နပ္တာထက္ ပုိတယ္လုိ႔ ဂြါဒီယိုလာေျပာၾကား။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လက္ရွိပုံစံနဲ႔ေတာ့ မျဖစ္ဘဲ ခံစစ္ကစားပုံ တုိးတက္ဖို႔ လိုေနေသးတယ္လို႔ စကိုင္းစပို႔စ္တင္ဆက္သူေဟာင္း ရစ္ခ်တ္ ကီးစ္က လက္ရွိေဆာင္ရြက္ေနတဲ့ ဘီအင္စပုိ႔စ္မွာ ေျပာၾကားလုိက္ၿပီး ဆမ္ အလာဒိုက္စ္ကို ခံစစ္နည္းျပအျဖစ္ ငွားသင့္တယ္လုိ႔ အႀကံေပးသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာစီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာက နောက်ခံလူသစ် ရူဘင် ဒီယက်စ်ကို ခေါ်ယူခဲ့တာဟာ သူ့ရဲ့ စိတ်ဓာတ်ပိုင်းနဲ့ နိုင်လိုစိတ်က အဓိကကျခဲ့ပြီး အသင်းရဲ့ လာမယ့်ပွဲစဉ်တွေမှာ အရေးပါလာလိမ့်မယ်လို့ ခန့်မှန်း။

– လိဒ်စ်ယူနိုက်တက်ဟာ သူတို့အတွက် ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်ခဲ့ကြောင်းနဲ့ ပွဲအစအဆုံး သူတို့တွေ ကစားသွားတဲ့ ခွန်အားအသုံးပြုနိုင်မှုနဲ့ သက်လုံပိုင်းမှာ ကျဆင်းသွားတာမျိုး မရှိခဲ့တာကြောင့် အနိုင်ယူဖို့ ခက်ခဲ့တယ်လို့ စတာလင်ပြောကြား။

– နောက်ခံလူ အဲရစ် ဂါစီယာကို အပြောင်းအရွှေ့မပိတ်ခင်မှာ ရရှိနိုင်ဖို့ ဘာစီလိုနာအသင်း မျှော်လင့်နေပြီး သူတို့ရဲ့ ယူရို ၁၄ သန်းနဲ့ ထပ်မံကမ်းလှမ်းမှုကို မန်ချက်စတာစီးတီးဘက်က သဘောတူညီဖို့ မျှော်လင့်နေ။

– မန်ချက်စတာစီးတီးအနေနဲ့ နှစ်ပွဲဆက်တိုက်မှာ ရမယ့် ဖြစ်နိုင်ဖွယ် ၆ မှတ်ထဲက ၁ မှတ်သာ ရခဲ့တာဟာ တိုက်စစ်မှူး မရှိလို့ဖြစ်ပြီး အပြောင်းအရွှေ့မပိတ်ခင်မှာ အဂွေရိုနဲ့ ဂျေဆူးစ်တို့ရဲ့ ကွက်လပ်ကို အစားထိုးဖို့ ဂျေမီ ရက်ဒ်နက်ပ်တိုက်တွန်း။

– လိဒ်စ်နဲ့ သရေပွဲမှာ စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ဘယ်နောက်ခံလူ ဘင်ဂျမင် မန်ဒီက အမှားတွေ ရှိခဲ့တာ ဝန်ခံကြောင်းနဲ့ နောက်ပွဲတွေမှာ ပိုမိုကောင်းမွန်အောင် ကြိုးစားသွားမှာဖြစ်ကြောင်း တွစ်တာက တုံ့ပြန်။

– ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်နှစ်ပွဲမှာ ၅ မှတ်အထိ ပျောက်ဆုံးခဲ့ပြီး လီဗာပူးလ်ရဲ့နောက်မှာ အမှတ်ကွာဟချက် ကြီးနေပေမယ့် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပေးဆပ်မှုအတွက် ကျေနပ်တာထက် ပိုတယ်လို့ ဂွါဒီယိုလာပြောကြား။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ လက်ရှိပုံစံနဲ့တော့ မဖြစ်ဘဲ ခံစစ်ကစားပုံ တိုးတက်ဖို့ လိုနေသေးတယ်လို့ စကိုင်းစပို့စ်တင်ဆက်သူဟောင်း ရစ်ချတ် ကီးစ်က လက်ရှိဆောင်ရွက်နေတဲ့ ဘီအင်စပို့စ်မှာ ပြောကြားလိုက်ပြီး ဆမ် အလာဒိုက်စ်ကို ခံစစ်နည်းပြအဖြစ် ငှားသင့်တယ်လို့ အကြံပေးသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.