Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၄.၁၀.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္အသင္းနည္းျပ အုိလီ ဂန္နာ ဆုိးလ္ရွားအေနနဲ႔ ဘယ္ေနာက္ခံလူပစ္မွတ္ အဲလက္စ္ တဲလက္စ္အတြက္ ေပၚတိုအသင္းဘက္က ေတာင္းဆုိတဲ့ ေပါင္ ၁၈ သန္းကို ေပးေခ်ဖို႔ တာဝန္ရွိသူေတြကို တုိက္တြန္းထားၿပီး အရေခၚယူႏုိင္ဖို႔ အလိုရွိေန။

– နာပိုလီနဲ႔ ပီအက္စ္ဂ်ီတုိက္စစ္မွဴးေဟာင္း အက္ဒင္ဆန္ ကာဗာနီအတြက္ ယူႏိုက္တက္အေနနဲ႔ ႏွစ္ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူဖို႔ ေဆြးေႏြးေနၿပီး လက္မွတ္ထုိးေၾကးနဲ႔ ေအးဂ်င့္ခေတြကို ႀကီးႀကီးမားမား ေပးေခ်သြားရဖြယ္ရွိေန။

– ယူႏိုက္တက္အေနနဲ႔ လူငယ္ေတာင္ပံကစားသမားတစ္ဦးကိုေတာ့ ေခၚယူႏုိင္ေတာ့မယ္လို႔ သိရၿပီး ဥ႐ုေဂြးကလပ္ ပီညာ႐ိုးလ္အသင္းရဲ႕ အသက္ ၁၈ ႏွစ္အရြယ္ကစားသမား ဖာကန္ဒို ပယ္လစၥထရီကို ယူ႐ို ၁၀ သန္းနဲ႔ သေဘာတူညီႏုိင္ခဲ့။

– ဘာစီလိုနာအသင္းအေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းက ခ်ိတ္ဆက္ေနခဲ့တဲ့ ေတာင္ပံကစားသမား အူစမန္ ဒမ္ဘီလီအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၅ သန္းရရင္ ေရာင္းခ်ဖို႔ ကမ္းလွမ္းလုိက္ၿပီး ကစားသမားကလည္း စိတ္ဝင္စားေန။

– မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔အတူ အေထာင္တုိက္စစ္မွာ ေျခစြမ္းမျပႏုိင္တဲ့ တုိက္စစ္မွဴး အန္တိုနီ မာစီယယ္လ္အေနနဲ႔ တုိက္စစ္မွဴးသစ္အျဖစ္ ကာဗာနီ ေရာက္လာခဲ့မယ္ဆုိရင္ ေတာင္ပံကို ျပန္လည္ေျပာင္းေရႊ႕ကစားရဖို႔မ်ားေန။

– လိဒ္စ္ယူႏိုက္တက္အသင္းအေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေဝးလ္စ္ေတာင္ပံကစားသမား ဒန္နီယယ္လ္ ဂ်ိမ္းစ္ကို အမွန္တကယ္ ေခၚယူလိုေနတာျဖစ္ၿပီး မူလကမ္းလွမ္းခဲ့တဲ့ ေဈးထက္ ထပ္မံတုိးျမႇင့္ၿပီး ေပါင္သန္း ၂၀ ေက်ာ္နဲ႔ ကမ္းလွမ္းမယ္လုိ႔ သတင္းထြက္လာ။

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ လူငယ္ေနာက္ခံလူ ဒီယိုဂို ဒါေလာ့ကို ေအစီမီလန္ဆီ အငွားခ်သြားဖို႔ နီးစပ္ေနၿပီး ဝတ္ဖို႔ဒ္ရဲ႕ ေတာင္ပံကစားသမား အစၥမိုင္လာ ဆားရ္ကိုေတာ့ အငွားနဲ႔ ျပန္လည္အားျဖည့္ေခၚယူႏုိင္ဖို႔ တီးေခါက္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားအနေနဲ့ ဘယ်နောက်ခံလူပစ်မှတ် အဲလက်စ် တဲလက်စ်အတွက် ပေါ်တိုအသင်းဘက်က တောင်းဆိုတဲ့ ပေါင် ၁၈ သန်းကို ပေးချေဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းထားပြီး အရခေါ်ယူနိုင်ဖို့ အလိုရှိနေ။

– နာပိုလီနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း အက်ဒင်ဆန် ကာဗာနီအတွက် ယူနိုက်တက်အနေနဲ့ နှစ်နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ ဆွေးနွေးနေပြီး လက်မှတ်ထိုးကြေးနဲ့ အေးဂျင့်ခတွေကို ကြီးကြီးမားမား ပေးချေသွားရဖွယ်ရှိနေ။

– ယူနိုက်တက်အနေနဲ့ လူငယ်တောင်ပံကစားသမားတစ်ဦးကိုတော့ ခေါ်ယူနိုင်တော့မယ်လို့ သိရပြီး ဥရုဂွေးကလပ် ပီညာရိုးလ်အသင်းရဲ့ အသက် ၁၈ နှစ်အရွယ်ကစားသမား ဖာကန်ဒို ပယ်လစ္စထရီကို ယူရို ၁၀ သန်းနဲ့ သဘောတူညီနိုင်ခဲ့။

– ဘာစီလိုနာအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ချိတ်ဆက်နေခဲ့တဲ့ တောင်ပံကစားသမား အူစမန် ဒမ်ဘီလီအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းရရင် ရောင်းချဖို့ ကမ်းလှမ်းလိုက်ပြီး ကစားသမားကလည်း စိတ်ဝင်စားနေ။

– မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ အထောင်တိုက်စစ်မှာ ခြေစွမ်းမပြနိုင်တဲ့ တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်အနေနဲ့ တိုက်စစ်မှူးသစ်အဖြစ် ကာဗာနီ ရောက်လာခဲ့မယ်ဆိုရင် တောင်ပံကို ပြန်လည်ပြောင်းရွှေ့ကစားရဖို့များနေ။

– လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ဝေးလ်စ်တောင်ပံကစားသမား ဒန်နီယယ်လ် ဂျိမ်းစ်ကို အမှန်တကယ် ခေါ်ယူလိုနေတာဖြစ်ပြီး မူလကမ်းလှမ်းခဲ့တဲ့ ဈေးထက် ထပ်မံတိုးမြှင့်ပြီး ပေါင်သန်း ၂၀ ကျော်နဲ့ ကမ်းလှမ်းမယ်လို့ သတင်းထွက်လာ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လူငယ်နောက်ခံလူ ဒီယိုဂို ဒါလော့ကို အေစီမီလန်ဆီ အငှားချသွားဖို့ နီးစပ်နေပြီး ဝတ်ဖို့ဒ်ရဲ့ တောင်ပံကစားသမား အစ္စမိုင်လာ ဆားရ်ကိုတော့ အငှားနဲ့ ပြန်လည်အားဖြည့်ခေါ်ယူနိုင်ဖို့ တီးခေါက်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.