UCL&UEL

ချန်ပီယံလိဂ်အိပ်မက်အသင်းထဲမှာ ရော်နယ်လ်ဒိုကို ချန်လှပ်ခဲ့တဲ့ ရော်နယ်ဒင်ညို

၂၀၁၅ ခုနှစ်မှာ ဘရာဇီးလ်ဂန္တဝင် ရော်နယ်လ်ဒင်ညိုက ၎င်းရဲ့ အနှစ်သက်ဆုံး ချန်ပီယံလိဂ် ၁၁ ဦးအသင်းကို ရွေးချယ်ခဲ့ပြီး လီယွန်နယ် မက်ဆီပါဝင်ခဲ့ပေမယ့်လည်း ရော်နယ်လ်ဒိုကို ချန်လှပ်ခဲ့ပါတယ်။

ရော်နယ်ဒင်ညိုဟာ ၎င်းရဲ့အသင်းထဲမှာချဲလ်ဆီးကစားသမားဟောင်း ၃ ဦးကိုလည်း ရွေးချယ်ခဲ့ပြီး ဘရာဇီးလ်ဂန္တဝင်က ဂိုးနေရာအတွက် ဂျူဗင်တပ်ဂန္တဝင် ဘူဖွန်ကို စတင် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အီတလီဂန္တဝင်ဂိုးသမားကြီးဟာ ချန်ပီယံလိဂ်မှာ ၁၃၂ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၅၃ ပွဲ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ၂၀၀၃၊ ၂၀၁၅၊ ၂၀၁၇ ခုနှစ်တွေမှာလည်း ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ခံတောင်ပံနေရာမှာ ဘရာဇီးလ်ဂန္တဝင်က လက်ရွေးစင်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ကားလို့စ်၊ ကာဖူးတို့ကို ရွေးချယ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဘယ်နောက်ခံလူဟောင်းဟာ ချန်ပီယံလိဂ်မှာ ပွဲ ၁၂၀ ကစားခဲ့ရာမှာ ၃ ကြိမ်အထိ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ကာဖူးကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၅၅ ပွဲသာ ကစားခဲ့ပေမယ့်လည်း တစ်ကြိမ် အနိုင်ရရှိခဲ့ဖူးပြီး ဗဟိုခံစစ်နေရာအတွက် ချဲလ်ဆီးဂန္တဝင် ဂျွန် တယ်ရီနဲ့ အေစီမီလန်ဂန္တဝင် မာလ်ဒီးနီးတို့ကို ရော်နယ်ဒင်ညိုက ရွေးချယ်ခဲ့ပါတယ်။

ဂျွန် တယ်ရီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၀၉ ပွဲ ပါဝင်ကစားပေးခဲ့ပြီး မာလ်ဒီးနီးက ၁၁၆ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ အင်္ဂလန်နောက်ခံလူက ၂၀၁၂ ခုနှစ်မှာ တစ်ကြိမ် ရရှိခဲ့ပြီး အီတလီဂန္တဝင်နောက်ခံလူက ၅ ကြိမ်အထိ ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒင်ညိုက ပြီးတဲ့နောက်မှာ ကွင်းလယ်နေရာအတွက် ချဲလ်ဆီးကြယ်ပွင့်ဟောင်း ၂ ဦးဖြစ်တဲ့ ဖရန့်ခ် လမ်းပတ်နဲ့ မာကီလီလီတို့ကို ရွေးချယ်ခဲ့ပြီး ကွင်းလယ်တိုက်စစ်နေရာအတွက် ဘရာဇီးလ်ဂန္တဝင် ကာကာကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

တိုက်စစ်နေရာအတွက် သီယာရီ အွန်နရီ၊ လီယွန်နယ် မက်ဆီနဲ့ ဘရာဇီးလ်ဂန္တဝင် ရိုနယ်လ်ဒို နာဇာရီယိုကို ရော်နယ်ဒင်ညိုက ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၂၀၁၅ ခုႏွစ္မွာ ဘရာဇီးလ္ဂႏၲဝင္ ေရာ္နယ္လ္ဒင္ညိဳက ၎ရဲ႕ အႏွစ္သက္ဆုံး ခ်န္ပီယံလိဂ္ ၁၁ ဦးအသင္းကို ေ႐ြးခ်ယ္ခဲ့ၿပီး လီယြန္နယ္ မက္ဆီပါဝင္ခဲ့ေပမယ့္လည္း ေရာ္နယ္လ္ဒိုကို ခ်န္လွပ္ခဲ့ပါတယ္။

ေရာ္နယ္ဒင္ညိဳဟာ ၎ရဲ႕အသင္းထဲမွာခ်ဲလ္ဆီးကစားသမားေဟာင္း ၃ ဦးကိုလည္း ေ႐ြးခ်ယ္ခဲ့ၿပီး ဘရာဇီးလ္ဂႏၲဝင္က ဂိုးေနရာအတြက္ ဂ်ဴဗင္တပ္ဂႏၲဝင္ ဘူဖြန္ကို စတင္ ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ အီတလီဂႏၲဝင္ဂိုးသမားႀကီးဟာ ခ်န္ပီယံလိဂ္မွာ ၁၃၂ ပြဲ ပါဝင္ကစားေပးခဲ့ၿပီး ၅၃ ပြဲ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သလို ၂၀၀၃၊ ၂၀၁၅၊ ၂၀၁၇ ခုႏွစ္ေတြမွာလည္း ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ေနာက္ခံေတာင္ပံေနရာမွာ ဘရာဇီးလ္ဂႏၲဝင္က လက္ေ႐ြးစင္အသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ ကားလို႔စ္၊ ကာဖူးတို႔ကို ေ႐ြးခ်ယ္ခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ဘယ္ေနာက္ခံလူေဟာင္းဟာ ခ်န္ပီယံလိဂ္မွာ ပြဲ ၁၂၀ ကစားခဲ့ရာမွာ ၃ ႀကိမ္အထိ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ကာဖူးကလည္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ၅၅ ပြဲသာ ကစားခဲ့ေပမယ့္လည္း တစ္ႀကိမ္ အႏိုင္ရရွိခဲ့ဖူးၿပီး ဗဟိုခံစစ္ေနရာအတြက္ ခ်ဲလ္ဆီးဂႏၲဝင္ ဂြၽန္ တယ္ရီနဲ႔ ေအစီမီလန္ဂႏၲဝင္ မာလ္ဒီးနီးတို႔ကို ေရာ္နယ္ဒင္ညိဳက ေ႐ြးခ်ယ္ခဲ့ပါတယ္။

ဂြၽန္ တယ္ရီဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ၁၀၉ ပြဲ ပါဝင္ကစားေပးခဲ့ၿပီး မာလ္ဒီးနီးက ၁၁၆ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ အဂၤလန္ေနာက္ခံလူက ၂၀၁၂ ခုႏွစ္မွာ တစ္ႀကိမ္ ရရွိခဲ့ၿပီး အီတလီဂႏၲဝင္ေနာက္ခံလူက ၅ ႀကိမ္အထိ ခ်န္ပီယံျဖစ္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒင္ညိဳက ၿပီးတဲ့ေနာက္မွာ ကြင္းလယ္ေနရာအတြက္ ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္း ၂ ဦးျဖစ္တဲ့ ဖရန႔္ခ္ လမ္းပတ္နဲ႔ မာကီလီလီတို႔ကို ေ႐ြးခ်ယ္ခဲ့ၿပီး ကြင္းလယ္တိုက္စစ္ေနရာအတြက္ ဘရာဇီးလ္ဂႏၲဝင္ ကာကာကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

တိုက္စစ္ေနရာအတြက္ သီယာရီ အြန္နရီ၊ လီယြန္နယ္ မက္ဆီနဲ႔ ဘရာဇီးလ္ဂႏၲဝင္ ႐ိုနယ္လ္ဒို နာဇာရီယိုကို ေရာ္နယ္ဒင္ညိဳက ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.