Premier League

အလုပ်တွဲလုပ်ဖူးသမျှထဲက အကောင်းဆုံးနည်းပြကို ရွေးချယ်ရာမှာ ဖာဂီကို မရွေးခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆာ အဲလက်စ် ဖာဂူဆန်အပါအဝင် ထိပ်သီးနည်းပြအများအပြားလက်အောက်မှာ ကစားခဲ့ဖူးပေမယ့်လည်း မော်ရင်ညို လက်အောက်မှာ ကစားရတာကို အနှစ်သက်ဆုံးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တသက်တာအကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဆိုတာ ငြင်းလို့မရဘဲ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ရရှိနိုင်သမျှ ဆုဖလားအားလုံးနီးပါး ရယူပေးထားတဲ့ကစားသမားဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ၂၀၀၃ ခုနှစ်မှာ လက်ရွေးစင်ကစားသမားဘဝ ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ပြီးကတည်းက ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် အဓိကကစားသမားဖြစ်ခဲ့သူဖြစ်ပြီး မန်ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်အပါအဝင် ကမ္ဘာပေါ်က အကောင်းဆုံးကလပ်အသင်းအချို့အတွက် ကစားပေးခဲ့သူဖြစ်ပါတယ်။

ဒါကြောင့် အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ဆယ်စုနှစ် ၂ ခုအတွင်း နာမည်ကြီးနည်းပြတွေ လက်အောက်မှာ ကစားခဲ့ဖူးတာဖြစ်ပြီး အဲဒီထဲကမှ ပေါ်တူဂီကြယ်ပွင့်ဟာ မန်ချက်စတာယူနိုက်တက်နည်းပြ ဖာဂူဆန်လက်အောက်မှာ ပွဲအများဆုံး ပါဝင်ကစားခဲ့ရတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အတွက် ပထမအကြိမ် ကစားခဲ့တဲ့ကာလအတွင်း ဖာဂူဆန်လက်အောက်မှာ ပြိုင်ပွဲစုံ ၂၉၂ ပွဲမှာ သွင်းဂိုး ၁၁၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ အနှစ်သက်ဆုံး နည်းပြကို မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဖာဂူဆန်ကို အံ့အားသင့်ဖွယ် ငြင်းပယ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း မော်ရင်ညိုက အလုပ်တွဲလုပ်ဖူးသမျှထဲမှာ အကောင်းဆုံးနည်းပြဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် သူ့ကို ထိပ်တန်းအဆင့်မှာ ထားရပါလိမ့်မယ်။ ကျွန်တော် အမြဲတမ်း အဲဒါကို ပြောမှာပါ။ ကျွန်တော် အရမ်းကောင်းတဲ့ နည်းပြတွေအများကြီးအောက်မှာ ကစားခဲ့ဖူးတယ်။ ဒါပေမယ့် ဟိုဆေး မော်ရင်ညိုက ကြီးကျယ်ခမ်းနားတဲ့ တွေးခေါ်ရှင်တစ်ယောက်ပါ။ သူက အရာအားလုံးကို အသေးစိတ်ကျကျ တွေးခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ဆာ အဲလက္စ္ ဖာဂူဆန္အပါအဝင္ ထိပ္သီးနည္းျပအမ်ားအျပားလက္ေအာက္မွာ ကစားခဲ့ဖူးေပမယ့္လည္း ေမာ္ရင္ညိဳ လက္ေအာက္မွာ ကစားရတာကို အႏွစ္သက္ဆုံးျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ တသက္တာအေကာင္းဆုံးနည္းျပေတြထဲက တစ္ဦးဆိုတာ ျငင္းလို႔မရဘဲ ကလပ္အသင္းနဲ႔ ႏိုင္ငံအသင္းအတြက္ ရရွိႏိုင္သမွ် ဆုဖလားအားလုံးနီးပါး ရယူေပးထားတဲ့ကစားသမားျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၂၀၀၃ ခုႏွစ္မွာ လက္ေ႐ြးစင္ကစားသမားဘဝ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့ၿပီးကတည္းက ေပၚတူဂီလက္ေ႐ြးစင္အသင္းအတြက္ အဓိကကစားသမားျဖစ္ခဲ့သူျဖစ္ၿပီး မန္ယူႏိုက္တက္နဲ႔ ရီးရဲလ္မက္ဒရစ္အပါအဝင္ ကမာၻေပၚက အေကာင္းဆုံးကလပ္အသင္းအခ်ိဳ႕အတြက္ ကစားေပးခဲ့သူျဖစ္ပါတယ္။

ဒါေၾကာင့္ အသက္ ၃၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ဆယ္စုႏွစ္ ၂ ခုအတြင္း နာမည္ႀကီးနည္းျပေတြ လက္ေအာက္မွာ ကစားခဲ့ဖူးတာျဖစ္ၿပီး အဲဒီထဲကမွ ေပၚတူဂီၾကယ္ပြင့္ဟာ မန္ခ်က္စတာယူႏိုက္တက္နည္းျပ ဖာဂူဆန္လက္ေအာက္မွာ ပြဲအမ်ားဆုံး ပါဝင္ကစားခဲ့ရတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ပထမအႀကိမ္ ကစားခဲ့တဲ့ကာလအတြင္း ဖာဂူဆန္လက္ေအာက္မွာ ၿပိဳင္ပြဲစုံ ၂၉၂ ပြဲမွာ သြင္းဂိုး ၁၁၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆၃ ႀကိမ္အထိ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုဟာ ၎ရဲ႕ အႏွစ္သက္ဆုံး နည္းျပကို ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ဖာဂူဆန္ကို အံ့အားသင့္ဖြယ္ ျငင္းပယ္ခဲ့ၿပီး ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္း ေမာ္ရင္ညိဳက အလုပ္တြဲလုပ္ဖူးသမွ်ထဲမွာ အေကာင္းဆုံးနည္းျပျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ သူ႔ကို ထိပ္တန္းအဆင့္မွာ ထားရပါလိမ့္မယ္။ ကြၽန္ေတာ္ အၿမဲတမ္း အဲဒါကို ေျပာမွာပါ။ ကြၽန္ေတာ္ အရမ္းေကာင္းတဲ့ နည္းျပေတြအမ်ားႀကီးေအာက္မွာ ကစားခဲ့ဖူးတယ္။ ဒါေပမယ့္ ဟိုေဆး ေမာ္ရင္ညိဳက ႀကီးက်ယ္ခမ္းနားတဲ့ ေတြးေခၚရွင္တစ္ေယာက္ပါ။ သူက အရာအားလုံးကို အေသးစိတ္က်က် ေတြးခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.