Premier League

လမ်းပတ်က နောက်ထပ် ချန်ပီယံလိဂ်ဖလားယူပေးမယ်လို့ ယုံနေတဲ့ ပရိသတ်များ

ချဲလ်ဆီးပရိသတ်တွေဟာ အသင်းကို ယာယီနည်းပြအဖြစ်နဲ့ ဖရန့်ခ် လမ်းပတ် ပြန်လည်ရောက်ရှိလာမှုကို ဝမ်းမြောက် ပျော်ရွှင်ကြောင်း လူမှုကွန်ရက်ပေါ်မှာ ထုတ်ဖော် ပြသခဲ့ကြပါတယ်။

ကြာသပတေးနေ့မှာ ချဲလ်ဆီးအသင်းက အသင်းဂန္တဝင် ဖရန့်ခ် လမ်းပတ်ဟာ ယခုရာသီကုန်တဲ့အထိ အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်သွားမှာဖြစ်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပြီး နည်းပြ ဂရေဟမ်ပေါ့တားဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၇ လကြာကိုင်တွယ်ခဲ့ပြီးနောက် တနင်္ဂနွေနေ့ညနေမှာ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ၂၉ ပွဲ ပါဝင်ကစားပြီးချိန်မှာ ရမှတ် ၃၉ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၁ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး လာမယ့်ရာသီ ဥရောပပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ မဖြစ်နိုင်ဖွယ် များနေတာဖြစ်ပါတယ်။

လမ်းပတ်ဟာ ယခုရာသီကုန် လေးစားဖွယ် အဆုံးသတ်ပေးနိုင်ဖို့ ရည်မှန်းချက်တွေနဲ့ ရောက်ရှိလာတာဖြစ်ပေမယ့်လည်း ၎င်းကိုယ်တိုင်လည်း မကြာသေးမီက နည်းပြခဲ့ချိန်မှာ ကောင်းမွန်တဲ့ မှတ်တမ်းတွေ မရရှိခဲ့တာဖြစ်ပါတယ်။

လမ်းပတ်ဟာ ချဲလ်ဆီးအသင်းကို ၁၉ လကြာ ကိုင်တွယ်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်မှာ ရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ရိုမန် အေဘရာမိုဗစ်ချ်လက်ထက် ဒုတိယမြောက် အဆိုးရွားဆုံးနိုင်ပွဲစံချိန်နဲ့ အသင်းကို ချန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးတဲ့နောက် လမ်းပတ်ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ အဲဗာတန်အသင်းကို တန်းဆင်းဇုန်ကနေ ကယ်တင်ပေးဖို့ ပြောင်းရွှေ့ခဲ့ပေမယ့်လည်း တစ်နှစ်အကြာမှာတော့ မာဆေးဆိုဒ်အသင်းကို တန်းဆင်းဇုန်ထဲမှာ ချန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးပရိသတ်တွေကြားထဲမှာ လမ်းပတ်ဟာ လိုအပ်နေတဲ့အချိန်မှာ ပြန်လာခဲ့တဲ့အတွက် ဝမ်းမြောက်ပျော်ရွှင်နေကြပြီး အချို့ပရိသတ်တွေဆိုရင် အသင်းကို တတိယမြောက် ချန်ပီယံလိဂ်အောင်မြင်မှုရရှိအောင် ဦးဆောင်ပေးနိုင်မယ်လို့တောင် ထင်မြင်နေကြတာဖြစ်ပါတယ်။

ပရိသတ်အများအပြားဟာ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းက ၁၃ နှစ်ကြာ ကစားသမားဘဝကိုပဲ ပိုမို အာရုံစိုက်ခဲ့ကြပြီး အဲဒီအချိန်အတွင်း အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။

“ဂန္တဝင်ကြီးက ဘရစ်ချ်ကို ပြန်ရောက်လာပြီ။ ခင်ဗျား အဲဒါကို မြင်ရတာ နှစ်သက်မိမှာပါ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဒီအပြောင်းအရွှေ့က ချဲလ်ဆီးဘက်ကနေကြည့်ရင် ကောင်းမွန်တဲ့ အပြောင်းအရွှေ့ပါ။ လမ်းပတ်က အားလုံးကို အံ့အားသင့်စေနိုင်ပါတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

တကယ်လို့ လမ်းပတ်သာ ပရိသတ်အချို့ ယုံကြည်နေတဲ့ ချန်ပီယံလိဂ်အိပ်မက်ကို ရရှိချင်တယ်ဆိုရင် ကွာတားဖိုင်နယ်အဆင့်မှာ လက်ရှိချန်ပီယံတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်နိုင်အောင် နည်းပြပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး သို့မဟုတ် ဘိုင်ယန်မြူးနစ်က ဆီမီးဖိုင်နယ်အဆင့်မှာ စောင့်ဆိုင်းနေမှာဖြစ်ပြီး အစ္စတန်ဘူလ်က ဗိုလ်လုပွဲမှာ နာပိုလီ၊ အေစီမီလန်၊ အင်တာမီလန်နဲ့ ဘင်ဖီကာတို့ထဲက တစ်သင်းသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးပရိသတ္ေတြဟာ အသင္းကို ယာယီနည္းျပအျဖစ္နဲ႔ ဖရန႔္ခ္ လမ္းပတ္ ျပန္လည္ေရာက္ရွိလာမႈကို ဝမ္းေျမာက္ ေပ်ာ္႐ႊင္ေၾကာင္း လူမႈကြန္ရက္ေပၚမွာ ထုတ္ေဖာ္ ျပသခဲ့ၾကပါတယ္။

ၾကာသပေတးေန႔မွာ ခ်ဲလ္ဆီးအသင္းက အသင္းဂႏၲဝင္ ဖရန႔္ခ္ လမ္းပတ္ဟာ ယခုရာသီကုန္တဲ့အထိ အသင္းကို ယာယီနည္းျပအျဖစ္ ကိုင္တြယ္သြားမွာျဖစ္တယ္လို႔ ေၾကညာခဲ့တာ ျဖစ္ၿပီး နည္းျပ ဂေရဟမ္ေပါ့တားဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ၇ လၾကာကိုင္တြယ္ခဲ့ၿပီးေနာက္ တနဂၤေႏြေန႔ညေနမွာ ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ ၂၉ ပြဲ ပါဝင္ကစားၿပီးခ်ိန္မွာ ရမွတ္ ၃၉ မွတ္နဲ႔ အမွတ္ေပးဇယားအဆင့္ ၁၁ ေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး လာမယ့္ရာသီ ဥေရာပၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရဖို႔ မျဖစ္ႏိုင္ဖြယ္ မ်ားေနတာျဖစ္ပါတယ္။

လမ္းပတ္ဟာ ယခုရာသီကုန္ ေလးစားဖြယ္ အဆုံးသတ္ေပးႏိုင္ဖို႔ ရည္မွန္းခ်က္ေတြနဲ႔ ေရာက္ရွိလာတာျဖစ္ေပမယ့္လည္း ၎ကိုယ္တိုင္လည္း မၾကာေသးမီက နည္းျပခဲ့ခ်ိန္မွာ ေကာင္းမြန္တဲ့ မွတ္တမ္းေတြ မရရွိခဲ့တာျဖစ္ပါတယ္။

လမ္းပတ္ဟာ ခ်ဲလ္ဆီးအသင္းကို ၁၉ လၾကာ ကိုင္တြယ္ခဲ့ၿပီးေနာက္ ၂၀၂၁ ခုႏွစ္မွာ ရာထူးကေန ထုတ္ပယ္ျခင္းခံခဲ့ရတာျဖစ္ၿပီး ႐ိုမန္ ေအဘရာမိုဗစ္ခ်္လက္ထက္ ဒုတိယေျမာက္ အဆိုး႐ြားဆုံးႏိုင္ပြဲစံခ်ိန္နဲ႔ အသင္းကို ခ်န္ရစ္ခဲ့တာ ျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္ လမ္းပတ္ဟာ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလမွာ အဲဗာတန္အသင္းကို တန္းဆင္းဇုန္ကေန ကယ္တင္ေပးဖို႔ ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္လည္း တစ္ႏွစ္အၾကာမွာေတာ့ မာေဆးဆိုဒ္အသင္းကို တန္းဆင္းဇုန္ထဲမွာ ခ်န္ရစ္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခ်ဲလ္ဆီးပရိသတ္ေတြၾကားထဲမွာ လမ္းပတ္ဟာ လိုအပ္ေနတဲ့အခ်ိန္မွာ ျပန္လာခဲ့တဲ့အတြက္ ဝမ္းေျမာက္ေပ်ာ္႐ႊင္ေနၾကၿပီး အခ်ိဳ႕ပရိသတ္ေတြဆိုရင္ အသင္းကို တတိယေျမာက္ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈရရွိေအာင္ ဦးေဆာင္ေပးႏိုင္မယ္လို႔ေတာင္ ထင္ျမင္ေနၾကတာျဖစ္ပါတယ္။

ပရိသတ္အမ်ားအျပားဟာ လမ္းပတ္ရဲ႕ ခ်ဲလ္ဆီးအသင္းက ၁၃ ႏွစ္ၾကာ ကစားသမားဘဝကိုပဲ ပိုမို အာ႐ုံစိုက္ခဲ့ၾကၿပီး အဲဒီအခ်ိန္အတြင္း အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ေဟာင္းဟာ ပရီးမီးယားလိဂ္ဖလား ၃ ႀကိမ္၊ အက္ဖ္ေအဖလား ၄ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္ ရရွိခဲ့တာျဖစ္ပါတယ္။

“ဂႏၲဝင္ႀကီးက ဘရစ္ခ်္ကို ျပန္ေရာက္လာၿပီ။ ခင္ဗ်ား အဲဒါကို ျမင္ရတာ ႏွစ္သက္မိမွာပါ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ဒီအေျပာင္းအေ႐ႊ႕က ခ်ဲလ္ဆီးဘက္ကေနၾကည့္ရင္ ေကာင္းမြန္တဲ့ အေျပာင္းအေ႐ႊ႕ပါ။ လမ္းပတ္က အားလုံးကို အံ့အားသင့္ေစႏိုင္ပါတယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

တကယ္လို႔ လမ္းပတ္သာ ပရိသတ္အခ်ိဳ႕ ယုံၾကည္ေနတဲ့ ခ်န္ပီယံလိဂ္အိပ္မက္ကို ရရွိခ်င္တယ္ဆိုရင္ ကြာတားဖိုင္နယ္အဆင့္မွာ လက္ရွိခ်န္ပီယံေတြျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ကို ေက်ာ္ျဖတ္ႏိုင္ေအာင္ နည္းျပေပးဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီး သို႔မဟုတ္ ဘိုင္ယန္ျမဴးနစ္က ဆီမီးဖိုင္နယ္အဆင့္မွာ ေစာင့္ဆိုင္းေနမွာျဖစ္ၿပီး အစၥတန္ဘူလ္က ဗိုလ္လုပြဲမွာ နာပိုလီ၊ ေအစီမီလန္၊ အင္တာမီလန္နဲ႔ ဘင္ဖီကာတို႔ထဲက တစ္သင္းသင္းနဲ႔ ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.