Premier League

ဘာစီလိုနာကို လမ်းကြုံဝင်တီးလိုက်တဲ့ ဂါနာချို

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် အလက်ဟန်းဒရိုး ဂါနာချိုဟာ ဘာစီလိုနာကို ပြစ်တင်ဝေဖန်လိုက်ပုံပေါ်ပြီး စပိန်လာလီဂါကလပ်အသင်းကို မြင်ပြင်းကတ်နေကြောင်း ဆက်လက်ပြသခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဟာ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့တုန်းက ဘာနေဗျူးမှာ ၁-၀ နဲ့ ဦးဆောင်ပြီးမှ ဗုဒ္ဓဟူးနေ့ညက နူးကမ့်မှာ ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဇာဇီရဲ့အသင်းဟာ ဗင်နီးရှပ်စ် ဂျူနီယာကို မထိန်းနိုင်ခဲ့ဘဲ တန်ပြန်တိုက်စစ်ကနေ ဂိုးတွေ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။

ဘာစီလိုနာကွင်းလယ်လူ ဂါဗီဟာ ပြိုင်ဘက်တွေကို ထိန်းသိမ်းဖို့ အလုပ်များနေတာကြောင့် ဂိုးရလဒ်အပေါ်မှာ အကျိုးသက်ရောက်မှု ပြသနိုင်ဖို့ ရုန်းကန်ခဲ့ပြီး ရော်နယ် အာရာအူဟိုကလည်း ဗင်နီးရှပ်စ်ရဲ့ ဘောလုံးစွမ်းရည်ကြောင့် အရှက်ရခဲ့ရတာ ဖြစ်ပါတယ်။

ဗင်နီးရှပ်စ် ဂျူနီယာဟာ ဘာစီလိုနာအသင်းရဲ့ အနာကို ဆားနဲ့ပက်တဲ့ အနေနဲ့ အင်စတာဂရမ်မှာ ပြန်လာနိုင်မှုနဲ့ ဗိုလ်လုပွဲလို့ အဓိပ္ပာယ်ရတဲ့ စပိန်ဘာသာစကား remontada နဲ့ ညီမျှခြင်း ရီးရဲလ်မက်ဒရစ်လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်လူငယ်ကြယ်ပွင့် ဂါနာချိုက ဗင်နီးရှပ်စ် ဂျူနီယာရဲ့ ပို့စ်မှာ သာမန်ပါပဲဆိုတဲ့ မှတ်ချက်နဲ့အတူ ရယ်မောနေတဲ့ အီမိုဂျီတွေအများအပြားနဲ့ မှတ်ချက်ပေးပြီး ဘာစီလိုနာအသင်းကို လမ်းကြုံ ဝင်လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် အာဂျင်တီးနားလူငယ်ကြယ်ပွင့်ဟာ လီယွန်နယ် မက်ဆီကို ချစ်မြတ်နိုးပေမယ့်လည်း ဘာစီလိုနာကိုတော့ မုန်းတီးနေပုံပေါ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ အလက္ဟန္းဒ႐ိုး ဂါနာခ်ိဳဟာ ဘာစီလိုနာကို ျပစ္တင္ေဝဖန္လိုက္ပုံေပၚၿပီး စပိန္လာလီဂါကလပ္အသင္းကို ျမင္ျပင္းကတ္ေနေၾကာင္း ဆက္လက္ျပသခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာဟာ ကိုပါဒယ္ေရး ဆီမီးဖိုင္နယ္အဆင့္ ပထမအေက်ာ့တုန္းက ဘာေနဗ်ဴးမွာ ၁-၀ နဲ႔ ဦးေဆာင္ၿပီးမွ ဗုဒၶဟူးေန႔ညက ႏူးကမ့္မွာ ၄-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ဇာဇီရဲ႕အသင္းဟာ ဗင္နီးရွပ္စ္ ဂ်ဴနီယာကို မထိန္းႏိုင္ခဲ့ဘဲ တန္ျပန္တိုက္စစ္ကေန ဂိုးေတြ ခြင့္ျပဳခဲ့ရတာ ျဖစ္ပါတယ္။

ဘာစီလိုနာကြင္းလယ္လူ ဂါဗီဟာ ၿပိဳင္ဘက္ေတြကို ထိန္းသိမ္းဖို႔ အလုပ္မ်ားေနတာေၾကာင့္ ဂိုးရလဒ္အေပၚမွာ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ဖို႔ ႐ုန္းကန္ခဲ့ၿပီး ေရာ္နယ္ အာရာအူဟိုကလည္း ဗင္နီးရွပ္စ္ရဲ႕ ေဘာလုံးစြမ္းရည္ေၾကာင့္ အရွက္ရခဲ့ရတာ ျဖစ္ပါတယ္။

ဗင္နီးရွပ္စ္ ဂ်ဴနီယာဟာ ဘာစီလိုနာအသင္းရဲ႕ အနာကို ဆားနဲ႔ပက္တဲ့ အေနနဲ႔ အင္စတာဂရမ္မွာ ျပန္လာႏိုင္မႈနဲ႔ ဗိုလ္လုပြဲလို႔ အဓိပၸာယ္ရတဲ့ စပိန္ဘာသာစကား remontada နဲ႔ ညီမွ်ျခင္း ရီးရဲလ္မက္ဒရစ္လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္လူငယ္ၾကယ္ပြင့္ ဂါနာခ်ိဳက ဗင္နီးရွပ္စ္ ဂ်ဴနီယာရဲ႕ ပို႔စ္မွာ သာမန္ပါပဲဆိုတဲ့ မွတ္ခ်က္နဲ႔အတူ ရယ္ေမာေနတဲ့ အီမိုဂ်ီေတြအမ်ားအျပားနဲ႔ မွတ္ခ်က္ေပးၿပီး ဘာစီလိုနာအသင္းကို လမ္းႀကဳံ ဝင္ေလွာင္ေျပာင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၁၈ ႏွစ္အ႐ြယ္ အာဂ်င္တီးနားလူငယ္ၾကယ္ပြင့္ဟာ လီယြန္နယ္ မက္ဆီကို ခ်စ္ျမတ္ႏိုးေပမယ့္လည္း ဘာစီလိုနာကိုေတာ့ မုန္းတီးေနပုံေပၚပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.