Ligue1

ရော်နယ်လ်ဒိုနဲ့ ဒါဘီထက် ပိုကောင်းတဲ့အရာကို အကြံပေးခံခဲ့ရတဲ့ မက်ဆီ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ အယ်လ် ဟီလာလ်အသင်းကို ပြောင်းရွှေ့ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ယှဉ်ပြိုင်မှုကို ပြန်လည် အသက်သွင်းနိုင်ပေမယ့်လည်း လိုင်ယွန်ဂန္တဝင် ဂျူနင်ညိုက အာဂျင်တီးနားကြယ်ပွင့်အနေနဲ့ ဘာစီလိုနာကို ပြန်သင့်တယ်လို့ ယုံကြည်နေပါတယ်။

လီယွန်နယ် မက်ဆီရဲ့ ပီအက်စ်ဂျီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဇွန်လမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် အနာဂတ်နဲ့ပတ်သက်ပြီး ပြောဆိုမှုတွေ အများအပြားရှိနေတာဖြစ်ပါတယ်။

လီဂူးဝမ်းထိပ်သီးအသင်းကြီးဟာ လီယွန်နယ် မက်ဆီကို စာချုပ်သက်တမ်းတိုးချင်တဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားထားပေမယ့်လည်း ဆွေးနွေးညှိနှိုင်းမှုတွေကတော့ တိုးတက်မှု မရှိခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ယခုရာသီကုန်မှာ ပီအက်စ်ဂျီကို စွန့်ခွာနိုင်ခြေ မြင့်တက်လာနေတယ်လို့ သိရပြီး ပဲရစ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ရင် ရွေးချယ်စရာတွေကလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် ဟီလာလ်အသင်းဟာ မက်ဆီကို အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်လ်ဒို ရရှိနေတဲ့ လစာထက် ၂ ဆပိုမိုများပြားတဲ့ တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၄၀၀ နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

မေဂျာလိဂ်ကလပ်အသင်းဖြစ်တဲ့ အင်တာ မိုင်ယာမီအသင်းကလည်း အာဂျင်တီးနားဂန္တဝင်ကို အမေရိကားပြောင်းရွှေ့လာအောင် ကြိုးပမ်းတဲ့အနေနဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ The Independent က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ဂျူနင်ညိုက ပီအက်စ်ဂျီကြယ်ပွင့်အနေနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရှိတဲ့ ဆော်ဒီ အာရေဗျကို သွားမယ့်အစား ဘာစီလိုနာအသင်းကိုပဲ ပြန်သင့်တယ်လို့ အကြံပြုခဲ့တာ ဖြစ်ပါတယ်။

“သူ(မက်ဆီ)က အရာအားလုံးမှာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ သူက ကမ္ဘာ့ချန်ပီယံပါ။ ဒါပေမယ့် အားလုံးအတွက် အချိန်တွေက ကုန်လွန်သွားခဲ့ပြီလို့ ကျွန်တော် ထင်တယ်။ သူ့အတွက် အကောင်းဆုံးက ဘာစီလိုနာကို ပြန်တာလို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် ဘာစီလိုနာကို တူညီတဲ့ စာချုပ်နဲ့ ပြန်သွားတာက ပရိသတ်တွေနဲ့ အဆင်မပြေဖြစ်နိုင်တယ်။ သူသာ ဘာစီလိုနာကို နှလုံးသားနဲ့ ပြန်သွားခဲ့မယ်ဆိုရင် နောက်ထပ်စကားတစ်ခွန်းနဲ့ ဒီနေ့ ဘာဆာရဲ့အခြေအနေကို ထည့်တွက်ထားတဲ့ စာချုပ်နဲ့ဆို ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်နိုင်တယ်”

“ဆော်ဒီ ပရိုလိဂ်ကို လေးစားသမှုနဲ့ ပြောရမယ်ဆိုရင် ဘာစီလိုနာကို ပြန်သွားတာက ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဆော်ဒီ ဒါဘီအဖြစ် ရင်ဆိုင်တာထက် ပိုကောင်းပါတယ်။ အကောင်းဆုံးရွေးချယ်မှုက ဘာဆာကို ပြန်တာပဲ။ ဇာဗီအတွက် အသင်းထဲမှာ ဟန်ချက်ကို ရှာတွေ့ဖို့ လွယ်ကူမှာတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လီဗန်ဒေါ့ဗ်စကီးက ရှိနေလို့ပါ။ ဘာစီလိုနာမှာ လီယွန်နယ်မက်ဆီက အဝတ်လဲခန်းထဲ၊ ကစားသမားတွေကြား၊ ပရိသတ်တွေနဲ့ တစ်မြို့လုံးဆီက လေးစားမှုရရှိထားပြီးသားပါ။ သူ ဘာဆာနဲ့ လုပ်ခဲ့တာကို ဘယ်သူကမှ မလုပ်နိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ အယ္လ္ ဟီလာလ္အသင္းကို ေျပာင္းေ႐ႊ႕ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ယွဥ္ၿပိဳင္မႈကို ျပန္လည္ အသက္သြင္းႏိုင္ေပမယ့္လည္း လိုင္ယြန္ဂႏၲဝင္ ဂ်ဴနင္ညိဳက အာဂ်င္တီးနားၾကယ္ပြင့္အေနနဲ႔ ဘာစီလိုနာကို ျပန္သင့္တယ္လို႔ ယုံၾကည္ေနပါတယ္။

လီယြန္နယ္ မက္ဆီရဲ႕ ပီအက္စ္ဂ်ီနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ ဇြန္လမွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ အနာဂတ္နဲ႔ပတ္သက္ၿပီး ေျပာဆိုမႈေတြ အမ်ားအျပားရွိေနတာျဖစ္ပါတယ္။

လီဂူးဝမ္းထိပ္သီးအသင္းႀကီးဟာ လီယြန္နယ္ မက္ဆီကို စာခ်ဳပ္သက္တမ္းတိုးခ်င္တဲ့ဆႏၵကို ထုတ္ေဖာ္ေျပာၾကားထားေပမယ့္လည္း ေဆြးေႏြးညႇိႏႈိင္းမႈေတြကေတာ့ တိုးတက္မႈ မရွိခဲ့တာ ျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ယခုရာသီကုန္မွာ ပီအက္စ္ဂ်ီကို စြန႔္ခြာႏိုင္ေျခ ျမင့္တက္လာေနတယ္လို႔ သိရၿပီး ပဲရစ္ကို စြန႔္ခြာဖို႔ ဆုံးျဖတ္ခဲ့ရင္ ေ႐ြးခ်ယ္စရာေတြကလည္း အမ်ားအျပားရွိေနတာ ျဖစ္ပါတယ္။ ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္ အယ္လ္ ဟီလာလ္အသင္းဟာ မက္ဆီကို အယ္လ္နာဆာတိုက္စစ္မႉး ေရာ္နယ္လ္ဒို ရရွိေနတဲ့ လစာထက္ ၂ ဆပိုမိုမ်ားျပားတဲ့ တစ္ႏွစ္လုပ္ခလစာ ယူ႐ိုသန္း ၄၀၀ နဲ႔ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။

ေမဂ်ာလိဂ္ကလပ္အသင္းျဖစ္တဲ့ အင္တာ မိုင္ယာမီအသင္းကလည္း အာဂ်င္တီးနားဂႏၲဝင္ကို အေမရိကားေျပာင္းေ႐ႊ႕လာေအာင္ ႀကိဳးပမ္းတဲ့အေနနဲ႔ ကမ္းလွမ္းမႈ ျပဳလုပ္သြားဖို႔ ျပင္ဆင္ေနတယ္လို႔ The Independent က ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း ဂ်ဴနင္ညိဳက ပီအက္စ္ဂ်ီၾကယ္ပြင့္အေနနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရွိတဲ့ ေဆာ္ဒီ အာေရဗ်ကို သြားမယ့္အစား ဘာစီလိုနာအသင္းကိုပဲ ျပန္သင့္တယ္လို႔ အႀကံျပဳခဲ့တာ ျဖစ္ပါတယ္။

“သူ(မက္ဆီ)က အရာအားလုံးမွာ ေအာင္ျမင္မႈ ရရွိခဲ့ပါတယ္။ သူက ကမာၻ႔ခ်န္ပီယံပါ။ ဒါေပမယ့္ အားလုံးအတြက္ အခ်ိန္ေတြက ကုန္လြန္သြားခဲ့ၿပီလို႔ ကြၽန္ေတာ္ ထင္တယ္။ သူ႔အတြက္ အေကာင္းဆုံးက ဘာစီလိုနာကို ျပန္တာလို႔ ကြၽန္ေတာ္ ထင္တယ္။ ဒါေပမယ့္ ဘာစီလိုနာကို တူညီတဲ့ စာခ်ဳပ္နဲ႔ ျပန္သြားတာက ပရိသတ္ေတြနဲ႔ အဆင္မေျပျဖစ္ႏိုင္တယ္။ သူသာ ဘာစီလိုနာကို ႏွလုံးသားနဲ႔ ျပန္သြားခဲ့မယ္ဆိုရင္ ေနာက္ထပ္စကားတစ္ခြန္းနဲ႔ ဒီေန႔ ဘာဆာရဲ႕အေျခအေနကို ထည့္တြက္ထားတဲ့ စာခ်ဳပ္နဲ႔ဆို ေကာင္းမြန္တဲ့ ေ႐ြးခ်ယ္မႈျဖစ္ႏိုင္တယ္”

“ေဆာ္ဒီ ပ႐ိုလိဂ္ကို ေလးစားသမႈနဲ႔ ေျပာရမယ္ဆိုရင္ ဘာစီလိုနာကို ျပန္သြားတာက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ေဆာ္ဒီ ဒါဘီအျဖစ္ ရင္ဆိုင္တာထက္ ပိုေကာင္းပါတယ္။ အေကာင္းဆုံးေ႐ြးခ်ယ္မႈက ဘာဆာကို ျပန္တာပဲ။ ဇာဗီအတြက္ အသင္းထဲမွာ ဟန္ခ်က္ကို ရွာေတြ႕ဖို႔ လြယ္ကူမွာေတာ့မဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ လီဗန္ေဒါ့ဗ္စကီးက ရွိေနလို႔ပါ။ ဘာစီလိုနာမွာ လီယြန္နယ္မက္ဆီက အဝတ္လဲခန္းထဲ၊ ကစားသမားေတြၾကား၊ ပရိသတ္ေတြနဲ႔ တစ္ၿမိဳ႕လုံးဆီက ေလးစားမႈရရွိထားၿပီးသားပါ။ သူ ဘာဆာနဲ႔ လုပ္ခဲ့တာကို ဘယ္သူကမွ မလုပ္ႏိုင္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.