Ligue1

ပီအက်စ်ဂျီကို စွန့်ခွာဖို့ တရားဝင်ကမ်းလှမ်းမှုရရှိခဲ့ပြီဖြစ်တဲ့ မက်ဆီ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ တရားဝင် ကမ်းလှမ်းမှု လက်ခံရရှိခဲ့ပြီဖြစ်ပြီး အနာဂတ် မရေမရာဖြစ်နေချိန်မှာ အလွန်ကြီးမားတဲ့ လစာပမာဏနဲ့ ကမ်းလှမ်းခြင်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

လီယွန်နယ် မက်ဆီဟာ လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ မေဂျာလိဂ်နဲ့ အသင်းဟောင်း ဘာစီလိုနာအသင်းတို့ဆီကနေ စိတ်ဝင်စားမှုကို ခံနေရတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက ဘလွန်ဒေါ ၇ ဆုရှင်ကို ထိန်းသိမ်းထားချင်ပြီး အာဂျင်တီးနားရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအောင်ပွဲရရှိခဲ့ပြီးနောက် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုစေချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဂူးဝမ်းချန်ပီယံတွေဟာ လီယွန်နယ် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်းမရှိခဲ့တာကြောင့် ဘာစီလိုဂန္တဝင်ဟာ ယခုရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွာခွင့် ရရှိဖွယ်ရှိနေတာဖြစ်ပါတယ်။

အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် ဟီလာလ်အသင်းဟာ လီယွန်နယ် မက်ဆီအတွက် တရားဝင်ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီဖြစ်ပြီး မျက်လုံးပြူးလောက်စရာ လစာနဲ့ ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အယ်လ် ဟီလာလ်အသင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေကတည်းက အာဂျင်တီးနားကြယ်ပွင့်နဲ့ သတင်းတွေ ထွက်ပေါ်နေခ့တာဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးကို ဆော်ဒီ အာရေဗျ ပြောင်းရွှေ့ချင်လာအောင် ကြိုးပမ်းချင်ခဲ့တာဖြစ်ပါတယ်။

ရိုမာနိုက ဆော်ဒီ အာရေဗျကလပ်အသင်းဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင်ကို ယူရိုသန်း ၄၀၀ ကျော် တန်ကြေးရှိတဲ့ ကြောက်မက်ဖွယ်လစာပမာဏနဲ့ ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး အယ်လ် ဟီလာလ်အသင်းကို ပြောင်းရွှေ့မယ်ဆိုရင် မက်ဆီအနေနဲ့ အဓိကပြိုင်ဘက် အယ်လ် နာဆာတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ နောက်ထပ်တစ်ကြိမ် ပြန်လည်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရိုမာနိုက ဆော်ဒီအာရေဗျနဲ့ အမေရိကားက စိတ်ဝင်စားမှုတွေ အခိုင်အမာ ရရှိနေပေမယ့်လည်း မက်ဆီရဲ့ ပထမဦးစားပေးက ဥရောပမှာ ဆက်ရှိနေဖို့ဖြစ်တယ်လို့ သိရပြီး အာဂျင်တီးနားဂန္တဝင်ရဲ့ အသင်းဟောင်း ဘာစီလိုနာအသင်းကလည်း ပြန်လည်ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ တရားဝင္ ကမ္းလွမ္းမႈ လက္ခံရရွိခဲ့ၿပီျဖစ္ၿပီး အနာဂတ္ မေရမရာျဖစ္ေနခ်ိန္မွာ အလြန္ႀကီးမားတဲ့ လစာပမာဏနဲ႔ ကမ္းလွမ္းျခင္းခံခဲ့ရတာျဖစ္တယ္လို႔ သိရပါတယ္။

လီယြန္နယ္ မက္ဆီဟာ လာမယ့္ေႏြရာသီမွာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ကစားသမားျဖစ္ၿပီး အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ေမဂ်ာလိဂ္နဲ႔ အသင္းေဟာင္း ဘာစီလိုနာအသင္းတို႔ဆီကေန စိတ္ဝင္စားမႈကို ခံေနရတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းက ဘလြန္ေဒါ ၇ ဆုရွင္ကို ထိန္းသိမ္းထားခ်င္ၿပီး အာဂ်င္တီးနားရဲ႕ ၂၀၂၂ ကမာၻ႔ဖလားေအာင္ပြဲရရွိခဲ့ၿပီးေနာက္ အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုေစခ်င္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း လီဂူးဝမ္းခ်န္ပီယံေတြဟာ လီယြန္နယ္ မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ျခင္းမရွိခဲ့တာေၾကာင့္ ဘာစီလိုဂႏၲဝင္ဟာ ယခုရာသီကုန္မွာ အလြတ္နဲ႔ ထြက္ခြာခြင့္ ရရွိဖြယ္ရွိေနတာျဖစ္ပါတယ္။

အေျပာင္းအေ႐ႊ႕အထူးကြၽမ္းက်င္သူ ဖက္ဘရီဇီယို ႐ိုမာႏိုရဲ႕ ေျပာၾကားခ်က္အရ ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္ အယ္လ္ ဟီလာလ္အသင္းဟာ လီယြန္နယ္ မက္ဆီအတြက္ တရားဝင္ကမ္းလွမ္းမႈ ျပဳလုပ္လိုက္ၿပီျဖစ္ၿပီး မ်က္လုံးျပဴးေလာက္စရာ လစာနဲ႔ ကမ္းလွမ္းခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

အယ္လ္ ဟီလာလ္အသင္းဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြကတည္းက အာဂ်င္တီးနားၾကယ္ပြင့္နဲ႔ သတင္းေတြ ထြက္ေပၚေနခ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးကို ေဆာ္ဒီ အာေရဗ် ေျပာင္းေ႐ႊ႕ခ်င္လာေအာင္ ႀကိဳးပမ္းခ်င္ခဲ့တာျဖစ္ပါတယ္။

႐ိုမာႏိုက ေဆာ္ဒီ အာေရဗ်ကလပ္အသင္းဟာ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းေခါင္းေဆာင္ကို ယူ႐ိုသန္း ၄၀၀ ေက်ာ္ တန္ေၾကးရွိတဲ့ ေၾကာက္မက္ဖြယ္လစာပမာဏနဲ႔ ကမ္းလွမ္းခဲ့တာျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး အယ္လ္ ဟီလာလ္အသင္းကို ေျပာင္းေ႐ႊ႕မယ္ဆိုရင္ မက္ဆီအေနနဲ႔ အဓိကၿပိဳင္ဘက္ အယ္လ္ နာဆာတိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ေနာက္ထပ္တစ္ႀကိမ္ ျပန္လည္ယွဥ္ၿပိဳင္ႏိုင္မွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ႐ိုမာႏိုက ေဆာ္ဒီအာေရဗ်နဲ႔ အေမရိကားက စိတ္ဝင္စားမႈေတြ အခိုင္အမာ ရရွိေနေပမယ့္လည္း မက္ဆီရဲ႕ ပထမဦးစားေပးက ဥေရာပမွာ ဆက္ရွိေနဖို႔ျဖစ္တယ္လို႔ သိရၿပီး အာဂ်င္တီးနားဂႏၲဝင္ရဲ႕ အသင္းေဟာင္း ဘာစီလိုနာအသင္းကလည္း ျပန္လည္ေခၚယူခ်င္ေနတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.