Premier League

ဗင်နီးရှပ်စ်ကြောင့် အာရုံနောက်ခဲ့ရတယ်လို့ ဝေဖန်လိုက်တဲ့ အာရာအူဟို

ဘာစီလိုနာနောက်ခံလူ ရော်နယ် အာရာအူဟိုက ကွင်းအတွင်းက ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဗင်နီးရှပ်စ် ဂျူနီယာရဲ့ အပြုအမူအပေါ် စိတ်ပျက်မှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဥရုဂွေးနောက်ခံကစားသမားဟာ ဘရာဇီးလ်တိုက်စစ်မှူးကို ပွဲအပေါ်မှာပဲ အာရုံစိုက်ဖို့နဲ့ ပြိင်ဘက်ပရိသတ်တွေနဲပ ဆက်တိုက် စကားပြောဆိုပြီး ပွဲဆူအောင် မလုပ်ဖို့ အကြံပေးခဲ့တာ ဖြစ်ပါတယ်။

အာရာအူဟိုဟာ ဗင်နီးရှပ်စ်ကို ထိန်းဖို့ ညာနောက်ခံနေရာမှာ အသုံးပြုခြင်း ခံခဲ့ရတာ ဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့်က အဖွင့်ဂိုးကို သွင်းယူခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ကို ကိုပါဒယ်ရေး ဗိုလ်လုပွဲတက်ရောက်နိုင်အောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာနောက်ခံလူဟာ ဗင်နီးရှပ်စ် ဂျူနီယာကို ဘာမှမလုပ်နိုင်အောင် ထိန်းသိမ်းနိုင်စွမ်း မရှိခဲ့ဘဲ ပွဲစဉ်အတွင်း တစ်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က ၂ ကျော့ပေါင်း ၄-၁ နဲ့ ခါးသီးပြိုင်ဘက်ကို ကိုပါဒယ်ရေးဖလားပြိုင်ပွဲကနေ ဖြုတ်ပစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ အာရာအူဟိုဟာ ဗင်နီးရှပ်စ်ရဲ့ ကွင်းအတွင်းက အပြုအမူနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူးဟာ ပြိုင်ဘက် ပရိသတ်တွေ၊ ပြိုင်ဘက်ကစားသမားတွေနဲ့ စကားပြောဖို့ အချိန်တွေ အများကြီး သုံးစွဲခဲ့တယ်လို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

“ဗင်နီးရှပ်စ်က အရမ်းကောင်းတဲ့ကစားသမားပါ။ ဒါပေမယ့် သူ ကစားတဲ့အပေါ်မှာ အာရုံစိုက်ဖို့ လိုပါတယ်။ ကျွန်တော် အမြဲတမ်း ကျွန်တော့်ပြိုင်ဘက်တွေကို လေးစားမှုပေးဖို့ ကြိုးပမ်းပါတယ်။ ဒါပေမယ့် ကျွန်တော် နည်းနည်းတော့ စိတ်ဆိုးခဲ့တယ်။ ဗင်နီးရှပ်စ်က တစ်ပွဲလုံး ပရိသတ်တွေကို စကားပြောပြီး ကုန်ဆုံးခဲ့တယ်။ သူ ဘောလုံးအပေါ်မှာ အာရုံစိုက်ဖို့ လိုပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာေနာက္ခံလူ ေရာ္နယ္ အာရာအူဟိုက ကြင္းအတြင္းက ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉး ဗင္နီးရွပ္စ္ ဂ်ဴနီယာရဲ႕ အျပဳအမူအေပၚ စိတ္ပ်က္မႈကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဥ႐ုေဂြးေနာက္ခံကစားသမားဟာ ဘရာဇီးလ္တိုက္စစ္မႉးကို ပြဲအေပၚမွာပဲ အာ႐ုံစိုက္ဖို႔နဲ႔ ၿပိင္ဘက္ပရိသတ္ေတြနဲပ ဆက္တိုက္ စကားေျပာဆိုၿပီး ပြဲဆူေအာင္ မလုပ္ဖို႔ အႀကံေပးခဲ့တာ ျဖစ္ပါတယ္။

အာရာအူဟိုဟာ ဗင္နီးရွပ္စ္ကို ထိန္းဖို႔ ညာေနာက္ခံေနရာမွာ အသုံးျပဳျခင္း ခံခဲ့ရတာ ျဖစ္ၿပီး ဘရာဇီးလ္ၾကယ္ပြင့္က အဖြင့္ဂိုးကို သြင္းယူခဲ့ၿပီးေနာက္ ရီးရဲလ္မက္ဒရစ္ကို ကိုပါဒယ္ေရး ဗိုလ္လုပြဲတက္ေရာက္ႏိုင္ေအာင္ ကူညီေပးခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာေနာက္ခံလူဟာ ဗင္နီးရွပ္စ္ ဂ်ဴနီယာကို ဘာမွမလုပ္ႏိုင္ေအာင္ ထိန္းသိမ္းႏိုင္စြမ္း မရွိခဲ့ဘဲ ပြဲစဥ္အတြင္း တစ္ခ်ိန္မွာ ႐ုပ္ပိုင္းဆိုင္ရာ ထိေတြ႕မႈ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္က ၂ ေက်ာ့ေပါင္း ၄-၁ နဲ႔ ခါးသီးၿပိဳင္ဘက္ကို ကိုပါဒယ္ေရးဖလားၿပိဳင္ပြဲကေန ျဖဳတ္ပစ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ပြဲအၿပီးမွာ အာရာအူဟိုဟာ ဗင္နီးရွပ္စ္ရဲ႕ ကြင္းအတြင္းက အျပဳအမူနဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့ၿပီး ဘရာဇီးလ္တိုက္စစ္မႉးဟာ ၿပိဳင္ဘက္ ပရိသတ္ေတြ၊ ၿပိဳင္ဘက္ကစားသမားေတြနဲ႔ စကားေျပာဖို႔ အခ်ိန္ေတြ အမ်ားႀကီး သုံးစြဲခဲ့တယ္လို႔ ေဝဖန္ခဲ့တာျဖစ္ပါတယ္။

“ဗင္နီးရွပ္စ္က အရမ္းေကာင္းတဲ့ကစားသမားပါ။ ဒါေပမယ့္ သူ ကစားတဲ့အေပၚမွာ အာ႐ုံစိုက္ဖို႔ လိုပါတယ္။ ကြၽန္ေတာ္ အၿမဲတမ္း ကြၽန္ေတာ့္ၿပိဳင္ဘက္ေတြကို ေလးစားမႈေပးဖို႔ ႀကိဳးပမ္းပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ နည္းနည္းေတာ့ စိတ္ဆိုးခဲ့တယ္။ ဗင္နီးရွပ္စ္က တစ္ပြဲလုံး ပရိသတ္ေတြကို စကားေျပာၿပီး ကုန္ဆုံးခဲ့တယ္။ သူ ေဘာလုံးအေပၚမွာ အာ႐ုံစိုက္ဖို႔ လိုပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.