Premier League

ချဲလ်ဆီးမှာ လမ်းပတ်ရဲ့မပြီးပြတ်သေးတဲ့အလုပ်တွေရှိနေသေးတယ်လို့ ပြောလိုက်တဲ့ ဂျေမီ ရက်နက်

လီဗာပူးလ်ကွင်းလယ်ကစားသမားဟောင်း ဂျေမီ ရက်နက်က ဖရန့်ခ် လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းကို ပြန်လာနိုင်ခြေရှိနေမှုကို ထောက်ခံလိုက်ပြီး ကောင်းမွန်တဲ့ အပြောင်းအရွှေ့ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က အက်စတန် ဗီလာကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ချဲလ်ဆီးအသင်းက ဂရေဟမ် ပေါ့တားကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပြီး ဘရိုက်တန်နည်းပြဟောင်းဟာ စက်တင်ဘာလမှာ နည်းပြသစ်ဖြစ်လာပြီးနောက် ပြိုင်ပွဲစုံမှာ ၁၂ ပွဲနိုင်၊ ၈ ပွဲသရေ၊ ၁၂ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၁ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ဖရန့်ခ် လမ်းပတ်က ရာသီကုန်အထိ ယာယီနည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်သွားတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

လမ်းပတ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အဲဗာတန်အသင်းနဲ့အတူ တန်းဆင်းဇုန်ထဲ ရောက်ရှိခဲ့ပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး Sky Sports မှာ စကားပြောဆိုရာမှာ ဂျေမီ ရက်နက်က ချဲလ်ဆီးရဲ့ နည်းပြအခြေအနေနဲ့ အင်္ဂါနေ့က လီဗာပူးလ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲကို လာကြည့်ခဲ့တဲ့ လမ်းပတ်ကို မြင်တွေ့ခဲ့ရတဲ့အပေါ် ၎င်းရဲ့ထင်မြင်ချက်ကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော် မနေ့ညက ပွဲမှာ ရှိနေခဲ့ပြီး သူ့ကို လူအုပ်ထဲမှာ မြင်ခဲ့တယ်။ သူ့ပုံစံကကျောက်ရုပ်လိုမျိုးပဲ။ သူက အရမ်းကို စိတ်ပါလက်ပါ ကြည့်ရှုနေခဲ့ပြီး ပိုင်ရှင်တွေက ဖရန့်ခ်ကို ရွေးချယ်စရာတစ်ခုအနေနဲ့ နှစ်သက်လောက်တယ်လို့ ကျွန်တော်တွေးမိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ တခြားနည်းပြ များများစားစား မရှိလို့ပါ။ နည်းပြအနည်းငယ်တော့ရှိပြီး ဂျူလီယန်ကို ထည့်ပြောကြပေမယ့်လည်း သူ့ပုံစံက အချိန်အနည်းငယ်လောက် အနားယူချင်နေတဲ့ပုံပါ”

“ဒါက ပိုင်ရှင်တွေအတွက် အသက်ရှူဖို့ နေရာလွတ်လေးနည်းနည်းရဖို့နဲ့ ဖရန့်ခ်ကို ပြိုင်ပွဲထဲ ပြန်ဝင်နိုင်အောင် အခွင့်အရေးပေးဖို့အတွက် ကျိုးကြောင်း ဆီလျော်ပါတယ် ။သူက ချဲလ်ဆီးမှာ မပြီးပြတ်သေးတဲ့အလုပ်တွေရှိနေတယ်။ သူက အသင်းကို ချစ်တယ်။ ဘယ်သူကမှ အသင်းနဲ့ပတ်သက်ပြီး ဂရုမစိုက်ဘူး။ ဒါမှမဟုတ် သူ သိထားတာထက် ပိုကောင်းကောင်း မသိကြဘူး။ လမ်းပတ်ကို ပြန်ခေါ်တာက ဘာမှ စဉ်းစားနေစရာမလိုတဲ့ကိစ္စလို့ ကျွန်တော်ထင်ပြီး သူတို့တွေသာ သူ့ကို ကမ်းလှမ်းမယ်ဆိုရင် သူကလည်း အလုပ်ကို လက်ခံမှာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒါက သူ့အတွက် အရမ်းကောင်းလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ကြင္းလယ္ကစားသမားေဟာင္း ေဂ်မီ ရက္နက္က ဖရန႔္ခ္ လမ္းပတ္ရဲ႕ ခ်ဲလ္ဆီးအသင္းကို ျပန္လာႏိုင္ေျခရွိေနမႈကို ေထာက္ခံလိုက္ၿပီး ေကာင္းမြန္တဲ့ အေျပာင္းအေ႐ႊ႕ျဖစ္လိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့အပတ္က အက္စတန္ ဗီလာကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာ ခ်ဲလ္ဆီးအသင္းက ဂေရဟမ္ ေပါ့တားကို နည္းျပရာထူးကေန ထုတ္ပယ္ခဲ့တာျဖစ္ၿပီး ဘ႐ိုက္တန္နည္းျပေဟာင္းဟာ စက္တင္ဘာလမွာ နည္းျပသစ္ျဖစ္လာၿပီးေနာက္ ၿပိဳင္ပြဲစုံမွာ ၁၂ ပြဲႏိုင္၊ ၈ ပြဲသေရ၊ ၁၂ ပြဲရႈံးရလဒ္ကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္ ၁၁ ေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး ဖရန႔္ခ္ လမ္းပတ္က ရာသီကုန္အထိ ယာယီနည္းျပအျဖစ္ တာဝန္ယူ ကိုင္တြယ္သြားေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

လမ္းပတ္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလမွာ အဲဗာတန္အသင္းနဲ႔အတူ တန္းဆင္းဇုန္ထဲ ေရာက္ရွိခဲ့ၿပီးေနာက္ ရာထူးကေန ထုတ္ပယ္ခံခဲ့ရၿပီးကတည္းက အသင္းလက္မဲ့ျဖစ္ေနသူျဖစ္ၿပီး Sky Sports မွာ စကားေျပာဆိုရာမွာ ေဂ်မီ ရက္နက္က ခ်ဲလ္ဆီးရဲ႕ နည္းျပအေျခအေနနဲ႔ အဂၤါေန႔က လီဗာပူးလ္နဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ပြဲကို လာၾကည့္ခဲ့တဲ့ လမ္းပတ္ကို ျမင္ေတြ႕ခဲ့ရတဲ့အေပၚ ၎ရဲ႕ထင္ျမင္ခ်က္ကို ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ မေန႔ညက ပြဲမွာ ရွိေနခဲ့ၿပီး သူ႔ကို လူအုပ္ထဲမွာ ျမင္ခဲ့တယ္။ သူ႔ပုံစံကေက်ာက္႐ုပ္လိုမ်ိဳးပဲ။ သူက အရမ္းကို စိတ္ပါလက္ပါ ၾကည့္ရႈေနခဲ့ၿပီး ပိုင္ရွင္ေတြက ဖရန႔္ခ္ကို ေ႐ြးခ်ယ္စရာတစ္ခုအေနနဲ႔ ႏွစ္သက္ေလာက္တယ္လို႔ ကြၽန္ေတာ္ေတြးမိခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ တျခားနည္းျပ မ်ားမ်ားစားစား မရွိလို႔ပါ။ နည္းျပအနည္းငယ္ေတာ့ရွိၿပီး ဂ်ဴလီယန္ကို ထည့္ေျပာၾကေပမယ့္လည္း သူ႔ပုံစံက အခ်ိန္အနည္းငယ္ေလာက္ အနားယူခ်င္ေနတဲ့ပုံပါ”

“ဒါက ပိုင္ရွင္ေတြအတြက္ အသက္ရႉဖို႔ ေနရာလြတ္ေလးနည္းနည္းရဖို႔နဲ႔ ဖရန႔္ခ္ကို ၿပိဳင္ပြဲထဲ ျပန္ဝင္ႏိုင္ေအာင္ အခြင့္အေရးေပးဖို႔အတြက္ က်ိဳးေၾကာင္း ဆီေလ်ာ္ပါတယ္ ။သူက ခ်ဲလ္ဆီးမွာ မၿပီးျပတ္ေသးတဲ့အလုပ္ေတြရွိေနတယ္။ သူက အသင္းကို ခ်စ္တယ္။ ဘယ္သူကမွ အသင္းနဲ႔ပတ္သက္ၿပီး ဂ႐ုမစိုက္ဘူး။ ဒါမွမဟုတ္ သူ သိထားတာထက္ ပိုေကာင္းေကာင္း မသိၾကဘူး။ လမ္းပတ္ကို ျပန္ေခၚတာက ဘာမွ စဥ္းစားေနစရာမလိုတဲ့ကိစၥလို႔ ကြၽန္ေတာ္ထင္ၿပီး သူတို႔ေတြသာ သူ႔ကို ကမ္းလွမ္းမယ္ဆိုရင္ သူကလည္း အလုပ္ကို လက္ခံမွာပါ။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ အဲဒါက သူ႔အတြက္ အရမ္းေကာင္းလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.