Premier League

၂၀.၂.၂၀၂၀ အတြက္ မန္ခ်က္စတာစီးတီးအသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– ဂ်ာမနီေတာင္ပံကစားသမား လီရြိဳင္း ဆာေနးကို ဘိုင္ယန္ျမဴးနစ္အသင္းဆီ ထုတ္ေရာင္းဖို႔ မန္စီးတီးအသင္းဘက္က အဆင္သင့္ျဖစ္ေနတယ္ဆိုေပမယ့္ ဆာ့ဂ်္ ဂနာဘရီကို အလိုက္ျပန္ရလိုတယ္လို႔ ေတာင္းဆိုထားပါတယ္။ ဆာေနးဟာ မန္စီးတီးအသင္းနဲ႔လည္း စာခ်ဳပ္သက္တမ္း(၁၈)လပဲ က်န္ေတာ့တာေၾကာင့္ လာမယ့္ေႏြရာသီမွာ အေျပာင္းအေရႊ႕ျဖစ္လာဖြယ္ရွိေနပါတယ္။

– မန္စီးတီးအသင္း အမႈေဆာင္အရာရွိခ်ဳပ္ ဖာရန္ ဆိုရီယာႏိုက ယူအီးအက္ဖ္ေအရဲ႕ ျပစ္ဒဏ္နဲ႔ ပတ္သက္လို႔ ပထမဆံုးအႀကိမ္ မွတ္ခ်က္ေပးရာမွာ သူတို႔အေပၚတင္ထားတဲ့ စြဲခ်က္ေတြက လံုး၀မမွန္ေၾကာင္း ေျပာလိုက္ပါတယ္။ တစ္ဆက္တည္းမွာပဲ ပြဲပယ္ျပစ္ဒဏ္ကို အယူခံ၀င္ဖို႔ အစြမ္းကုန္ႀကိဳးစားသြားမယ္လို႔လည္း ဆိုပါတယ္။

– ယူအီးအက္ဖ္ေအရဲ႕ (၂)ရာသီပြဲပယ္ျပစ္ဒဏ္ကို ခံေနရခ်ိန္မွာပဲ အေမရိကန္ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းစုတစ္ခုျဖစ္တဲ့ Silver Lake က City Football Group ဆီက ရွယ္ယာ(၁၀)ရာခိုင္ႏႈန္းကို ေပါင္(၃၆၉)သန္းနဲ႔ ၀ယ္ယူလိုက္ပါတယ္။

– မန္စီးတီးနည္းျပ ပက္ဂြာဒီယိုလာက သူ႔ကစားသမားေတြဟာ ျခြင္းခ်က္မရွိ ပေရာ္ဖက္ရွင္နယ္ကစားသမားစစ္စစ္ေတြျဖစ္တဲ့အတြက္ လာမယ့္ (၂)ရာသီ ခ်န္ပီယံလိဂ္ပြဲပယ္ခံထားရေပမယ့္လည္း အသင္းအတြက္ ရာႏႈန္းျပည့္ေပးဆပ္မယ္လို႔ ယံုၾကည္ေၾကာင္း ေျပာလိုက္ပါတယ္။

– ခရစၥတယ္ပဲေလ့စ္အသင္းဥကၠဌေဟာင္း ဆိုင္မြန္ ေဂ်ာ္ဒန္က တကယ္လို႔ ခ်န္ပီယံလိဂ္ပြဲပယ္ျပစ္ဒဏ္ကို အားကစားခုံ႐ုံး CAS ကလည္း အတည္ျပဳလိုက္ရင္ မန္စီးတီးအေနနဲ႔ ပရီးမီးယားလိဂ္ကေန တန္းဆင္းရသင့္တယ္လို႔ေတာင္ ေ၀ဖန္လိုက္ပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– ဂျာမနီတောင်ပံကစားသမား လီရွိုင်း ဆာနေးကို ဘိုင်ယန်မြူးနစ်အသင်းဆီ ထုတ်ရောင်းဖို့ မန်စီးတီးအသင်းဘက်က အဆင်သင့်ဖြစ်နေတယ်ဆိုပေမယ့် ဆာ့ဂျ် ဂနာဘရီကို အလိုက်ပြန်ရလိုတယ်လို့ တောင်းဆိုထားပါတယ်။ ဆာနေးဟာ မန်စီးတီးအသင်းနဲ့လည်း စာချုပ်သက်တမ်း(၁၈)လပဲ ကျန်တော့တာကြောင့် လာမယ့်နွေရာသီမှာ အပြောင်းအရွှေ့ဖြစ်လာဖွယ်ရှိနေပါတယ်။

– မန်စီးတီးအသင်း အမှုဆောင်အရာရှိချုပ် ဖာရန် ဆိုရီယာနိုက ယူအီးအက်ဖ်အေရဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် မှတ်ချက်ပေးရာမှာ သူတို့အပေါ်တင်ထားတဲ့ စွဲချက်တွေက လုံးဝမမှန်ကြောင်း ပြောလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ပွဲပယ်ပြစ်ဒဏ်ကို အယူခံဝင်ဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။

– ယူအီးအက်ဖ်အေရဲ့ (၂)ရာသီပွဲပယ်ပြစ်ဒဏ်ကို ခံနေရချိန်မှာပဲ အမေရိကန်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုတစ်ခုဖြစ်တဲ့ Silver Lake က City Football Group ဆီက ရှယ်ယာ(၁၀)ရာခိုင်နှုန်းကို ပေါင်(၃၆၉)သန်းနဲ့ ဝယ်ယူလိုက်ပါတယ်။

– မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက သူ့ကစားသမားတွေဟာ ခြွင်းချက်မရှိ ပရော်ဖက်ရှင်နယ်ကစားသမားစစ်စစ်တွေဖြစ်တဲ့အတွက် လာမယ့် (၂)ရာသီ ချန်ပီယံလိဂ်ပွဲပယ်ခံထားရပေမယ့်လည်း အသင်းအတွက် ရာနှုန်းပြည့်ပေးဆပ်မယ်လို့ ယုံကြည်ကြောင်း ပြောလိုက်ပါတယ်။

– ခရစ္စတယ်ပဲလေ့စ်အသင်းဥက္ကဌဟောင်း ဆိုင်မွန် ဂျော်ဒန်က တကယ်လို့ ချန်ပီယံလိဂ်ပွဲပယ်ပြစ်ဒဏ်ကို အားကစားခုံရုံး CAS ကလည်း အတည်ပြုလိုက်ရင် မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းရသင့်တယ်လို့တောင် ဝေဖန်လိုက်ပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.