La Liga

ဥပုသ်ကာလအတွင်း ၂ ကြိမ်မြောက် ဟက်ထရစ်နဲ့ သမိုင်းဝင်မှတ်တမ်းတွေရခဲ့တဲ့ ဘန်ဇီးမား

ကာရင် ဘန်ဇိးမားဟာ ဗုဒ္ဓဟူးနေ့ညက ဘာစီလိုနာအသင်းကို ကိုပါဒယ်ရေးမှာ ၄-၀ နဲ့ အပြတ်အသတ် အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် နောက်ထပ်တစ်ကြိမ် ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ လက်ရှိမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန် ဥပုသ်ကာလကို ဖြတ်သန်းနေသူဖြစ်ပြီး အရင်တုန်းက ဥပုသ်လမှာ အသင်းအတွက် ပါဝင်ကစားပေးရတာနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က Esquire နဲ့ စကားပြောဆိုရာမှာ ပြင်သစ်တိုက်စစ်မှူးက ရာမာဒန်ကာလမှာ ပါဝင်ကစားရတာက ၎င်းရဲ့ ပွဲစဉ်အပေါ်မှာ ဘာအကျိုးသက်ရောက်မှုမှ မရှိဘူးလို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

“ရာမာဒန်က ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျွန်တော့် ဘာသာတရားက ရာမာဒန်ကို တာဝန်တစ်ရပ်အဖြစ် ပြုလုပ်စေပါတယ်။ ကျွန်တော့်အတွက်တော့ အဲဒါက အရမ်းအရေးပါပြီး ကျွန်တော် ဥပုသ်စောင့်နေတဲ့အချိန်မှာ နေလို့ကောင်းတယ်လို့ ခံစားရပါတယ်။ ကျန်းမာရေးကောင်းမွန်နေတဲ့အတွက် ကျွန်တော် ကျေးဇူးတင်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန်ဥပုသ်ကာလဟာ မတ်လ ၂၂ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက ဘန်ဇိးမားဟာ ကောင်းမွန်တဲ့ ခံစားချက် ရရှိနေခဲ့တာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ညနေမှာ ရီးရဲလ်မက်ဒရစ်အသင်းက ဗယ်လာဒိုးလစ်အသင်းနဲ့ လာလီဂါပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာမှာ ပြင်သစ်တိုက်စစ်မှူးက အလွန်ကောင်းမွန်တဲ့ နောက်ပြန်ကန်ချက်အပါအဝင် ၇ မိနစ်အတွင်း ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ရက်အနည်းငယ်အကြာ ဗုဒ္ဓဟူးနေ့ညမှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟာ နောက်ထပ် သွင်းဂိုး ၃ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ခါးသီးပြိုင်ဘက် ဘာစီလိုနာကို အနိုင်ယူပြီးနောက် ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဇာဗီရဲ့အသင်းနဲ့ ရင်ဆိုင်ရာမှာ အလွန်ကောင်းမွန်တဲ့ ဂိုးသွင်းစွမ်းရည်ပြသခဲ့တဲ့ ကာရင် ဘန်ဇီးမားဟာ ၁၉၆၃ ခုနှ်မှာ ပွတ်ရှ်ကက်ရှ်နောက်ပိုင်း နူးကမ့်မှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံး ရီးရဲလ်မက်ဒရစ်ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကာရင် ဘန်ဇီးမားဟာ ၁၉၉၅ ခုနှစ်တုန်းက အယ်လ် ကလက်စီကိုပွဲစဉ်အတွင်း ၃ ဂိုး သွင်းယူခဲ့တဲ့ ဇာမိုရာနိုနောက်ပိုင်း ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံး ရီးရဲလ်မက်ဒရစ်ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကာရင္ ဘန္ဇိးမားဟာ ဗုဒၶဟူးေန႔ညက ဘာစီလိုနာအသင္းကို ကိုပါဒယ္ေရးမွာ ၄-၀ နဲ႔ အျပတ္အသတ္ အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္းမွာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ေနာက္ထပ္တစ္ႀကိမ္ ဟက္ထရစ္သြင္းယူေပးႏိုင္ခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ လက္ရွိမွာ အစၥလာမ္ဘာသာဝင္ေတြရဲ႕ ရာမာဒန္ ဥပုသ္ကာလကို ျဖတ္သန္းေနသူျဖစ္ၿပီး အရင္တုန္းက ဥပုသ္လမွာ အသင္းအတြက္ ပါဝင္ကစားေပးရတာနဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က Esquire နဲ႔ စကားေျပာဆိုရာမွာ ျပင္သစ္တိုက္စစ္မႉးက ရာမာဒန္ကာလမွာ ပါဝင္ကစားရတာက ၎ရဲ႕ ပြဲစဥ္အေပၚမွာ ဘာအက်ိဳးသက္ေရာက္မႈမွ မရွိဘူးလို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

“ရာမာဒန္က ကြၽန္ေတာ့္ဘဝရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး ကြၽန္ေတာ့္ ဘာသာတရားက ရာမာဒန္ကို တာဝန္တစ္ရပ္အျဖစ္ ျပဳလုပ္ေစပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ အဲဒါက အရမ္းအေရးပါၿပီး ကြၽန္ေတာ္ ဥပုသ္ေစာင့္ေနတဲ့အခ်ိန္မွာ ေနလို႔ေကာင္းတယ္လို႔ ခံစားရပါတယ္။ က်န္းမာေရးေကာင္းမြန္ေနတဲ့အတြက္ ကြၽန္ေတာ္ ေက်းဇူးတင္မိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အစၥလာမ္ဘာသာဝင္ေတြရဲ႕ ရာမာဒန္ဥပုသ္ကာလဟာ မတ္လ ၂၂ ရက္ေန႔မွာ စတင္ခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ကတည္းက ဘန္ဇိးမားဟာ ေကာင္းမြန္တဲ့ ခံစားခ်က္ ရရွိေနခဲ့တာ ျဖစ္ပါတယ္။ တနဂၤေႏြေန႔ညေနမွာ ရီးရဲလ္မက္ဒရစ္အသင္းက ဗယ္လာဒိုးလစ္အသင္းနဲ႔ လာလီဂါပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာ ျပင္သစ္တိုက္စစ္မႉးက အလြန္ေကာင္းမြန္တဲ့ ေနာက္ျပန္ကန္ခ်က္အပါအဝင္ ၇ မိနစ္အတြင္း ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ရက္အနည္းငယ္အၾကာ ဗုဒၶဟူးေန႔ညမွာ ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးဟာ ေနာက္ထပ္ သြင္းဂိုး ၃ ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ခါးသီးၿပိဳင္ဘက္ ဘာစီလိုနာကို အႏိုင္ယူၿပီးေနာက္ ကိုပါဒယ္ေရးဖလား ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဇာဗီရဲ႕အသင္းနဲ႔ ရင္ဆိုင္ရာမွာ အလြန္ေကာင္းမြန္တဲ့ ဂိုးသြင္းစြမ္းရည္ျပသခဲ့တဲ့ ကာရင္ ဘန္ဇီးမားဟာ ၁၉၆၃ ခုႏွ္မွာ ပြတ္ရွ္ကက္ရွ္ေနာက္ပိုင္း ႏူးကမ့္မွာ ဟက္ထရစ္သြင္းယူႏိုင္တဲ့ ပထမဆုံး ရီးရဲလ္မက္ဒရစ္ကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ကာရင္ ဘန္ဇီးမားဟာ ၁၉၉၅ ခုႏွစ္တုန္းက အယ္လ္ ကလက္စီကိုပြဲစဥ္အတြင္း ၃ ဂိုး သြင္းယူခဲ့တဲ့ ဇာမိုရာႏိုေနာက္ပိုင္း ဟက္ထရစ္သြင္းယူႏိုင္တဲ့ ပထမဆုံး ရီးရဲလ္မက္ဒရစ္ကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.