La Liga

အယ်လ်ကလက်စီကိုပွဲစဉ် ၁၀ မိနစ်မှာ မက်ဆီနာမည်ကြွေးကြော်ခဲ့တဲ့ ဘာဆာဖန်များ

နူးကမ့်ကွင်းထဲမှာရှိတဲ့ ထောင်နဲ့ချီတဲ့ ဘာစီလိုနာပရိသတ်တွေဟာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားခဲ့တဲ့ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ်ပွဲစဉ်ရဲ့ ၁၀ မိနစ်မှာ လီယွန်နယ် မက်ဆီရဲ့နာမည်ကို ကြွေးကြော်ခဲ့ကြပါတယ်။

လီယွန်နယ် မက်ဆီဟာ ယခုနွေရာသီမှာ လီဂူးဝမ်းကလပ်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ မိခင်ကလပ်အသင်းဖြစ်တဲ့ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

အမှန်တကယ်လည်း ဘာစီလိုနာအသင်းထိပ်ပိုင်းတာဝန်ရှိသူတွေဟာ လီယွန်နယ် မက်ဆီကို အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဆက်သွယ်မှု ပြုလုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး အသင်းဒုဥက္ကဌ ရာဖေးလ် ယွတ်စ်က မကြာသေးမီက ၎င်းတို့အနေနဲ့ မက်ဆီနဲ့ ၎င်းရဲ့ကိုယ်စားလှယ်တွေနဲ့ အဆက်အသွယ် ရှိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်ရဲ့ အနာဂတ်ဟာ ကောလာဟလတွေနဲ့ ဆက်လက်ပြီး ဝေဝါးနေချိန်မှာ နူးကမ့်ကွင်းထဲက ပရိသတ်အချို့က ဗုဒ္ဓဟူးနေ့ညမှာ ၎င်းတို့ရဲ့ ခံစားချက်ကို သိအောင် လုပ်ခဲ့တာဖြစ်ပြီး ကြီးမားတဲ့ ပရိသတ်အုပ်ကြီးက အဖွင့်ပွဲကစားချိန်တွေမှာ “မက်ဆီ၊ မက်ဆီ၊ မက်ဆီ”လို့ ကြွေးကြော်ခဲ့ကြတာဖြစ်ပါတယ်။

ဘာစီလိုနာပရိသတ်တွေအတွက်တော့ နောက်ထပ်တစ်ကြိမ် စိတ်ပျက်စရာ ညနေခင်းဖြစ်ခဲ့ရပြီး ကာရင် ဘန်ဇီးမား ဟက်ထရစ်နဲ့ ဗင်နီးရှပ်စ် ဂျူနီယာတို့ရဲ့ ဂိုးတွေကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ သမိုင်းဝင်ကိုပါဒယ်ရေးနိုင်ပွဲရရှိသွားခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လိုင်ယွန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ မင်းသားများကွင်းထဲက ပီအက်စ်ဂျီပရိသတ်တွေရဲ့လှောင်ပြောင်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး ပွဲမစတင်ခင် ပွဲထွက်လူစာရင်းအတွက် နာမည်စာရင်း ကြေညာချိန်ကတည်းက လှောင်ပြောင်ခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႏူးကမ့္ကြင္းထဲမွာရွိတဲ့ ေထာင္နဲ႔ခ်ီတဲ့ ဘာစီလိုနာပရိသတ္ေတြဟာ ရီးရဲလ္မက္ဒရစ္နဲ႔ ကစားခဲ့တဲ့ ကိုပါဒယ္ေရး ဆီမီးဖိုင္နယ္ပြဲစဥ္ရဲ႕ ၁၀ မိနစ္မွာ လီယြန္နယ္ မက္ဆီရဲ႕နာမည္ကို ေႂကြးေၾကာ္ခဲ့ၾကပါတယ္။

လီယြန္နယ္ မက္ဆီဟာ ယခုေႏြရာသီမွာ လီဂူးဝမ္းကလပ္အသင္းျဖစ္တဲ့ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ကစားသမားျဖစ္ၿပီး ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြမွာ မိခင္ကလပ္အသင္းျဖစ္တဲ့ ဘာစီလိုနာကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

အမွန္တကယ္လည္း ဘာစီလိုနာအသင္းထိပ္ပိုင္းတာဝန္ရွိသူေတြဟာ လီယြန္နယ္ မက္ဆီကို အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး ဆက္သြယ္မႈ ျပဳလုပ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ၿပီး အသင္းဒုဥကၠဌ ရာေဖးလ္ ယြတ္စ္က မၾကာေသးမီက ၎တို႔အေနနဲ႔ မက္ဆီနဲ႔ ၎ရဲ႕ကိုယ္စားလွယ္ေတြနဲ႔ အဆက္အသြယ္ ရွိတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္ရဲ႕ အနာဂတ္ဟာ ေကာလာဟလေတြနဲ႔ ဆက္လက္ၿပီး ေဝဝါးေနခ်ိန္မွာ ႏူးကမ့္ကြင္းထဲက ပရိသတ္အခ်ိဳ႕က ဗုဒၶဟူးေန႔ညမွာ ၎တို႔ရဲ႕ ခံစားခ်က္ကို သိေအာင္ လုပ္ခဲ့တာျဖစ္ၿပီး ႀကီးမားတဲ့ ပရိသတ္အုပ္ႀကီးက အဖြင့္ပြဲကစားခ်ိန္ေတြမွာ “မက္ဆီ၊ မက္ဆီ၊ မက္ဆီ”လို႔ ေႂကြးေၾကာ္ခဲ့ၾကတာျဖစ္ပါတယ္။

ဘာစီလိုနာပရိသတ္ေတြအတြက္ေတာ့ ေနာက္ထပ္တစ္ႀကိမ္ စိတ္ပ်က္စရာ ညေနခင္းျဖစ္ခဲ့ရၿပီး ကာရင္ ဘန္ဇီးမား ဟက္ထရစ္နဲ႔ ဗင္နီးရွပ္စ္ ဂ်ဴနီယာတို႔ရဲ႕ ဂိုးေတြေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းဟာ သမိုင္းဝင္ကိုပါဒယ္ေရးႏိုင္ပြဲရရွိသြားခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က လိုင္ယြန္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ မင္းသားမ်ားကြင္းထဲက ပီအက္စ္ဂ်ီပရိသတ္ေတြရဲ႕ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရတာျဖစ္ၿပီး ပြဲမစတင္ခင္ ပြဲထြက္လူစာရင္းအတြက္ နာမည္စာရင္း ေၾကညာခ်ိန္ကတည္းက ေလွာင္ေျပာင္ခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.