Premier League

နာဂယ်စ်မန်းကို လက်လွှတ်ရဖွယ်ရှိနေတဲ့ ချဲလ်ဆီးနဲ့ စပါးစ်

ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ ၂ သင်းစလုံးဟာ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း ဂျူလီယန် နာဂယ်စ်မန်းကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ လွဲချော်ဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

နာဂယ်စ်မန်းဟာ ဧပြီလ ၁ ရက်နေ့မှာ ဘိုင်ယန်မြူးနစ်အသင်းက အဓိကပြိုင်ဘက် ဒေါ့မွန်အသင်းကို ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမတိုင်ခင်မှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး ချဲလ်ဆီးနည်းပြဟောင်း တူဟယ်ကို အစားထိုးခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားမှာ ဒေါ့မွန်နောက်ကနေ လိုက်နေရတာဖြစ်ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ မန်ချက်စတာစီးတီးနဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အက်စတန် ဗီလာကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဂရေဟမ် ပေါ့တားကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပြီး စပါးစ်ကလည်း လန်ဒန်ပြိုင်ဘက်နည်းတူ ပြီးခဲ့တဲ့မတ်လမှာ ကွန်တီနဲ့ လမ်းခွဲပြီးနောက် နည်းပြမရှိဘဲ ဖြတ်သန်းနေတာဖြစ်ပါတယ်။

ဘရူနို ဆော့တားက ချဲလ်ဆီးအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေသလို ခရစ်ရှန် စတယ်လီနီကလည်း ကွန်တီ ထွက်ခွာပြီးနောက် စပါးစ်ကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတာဖြစ်ပြီး နာဂယ်စ်မန်းဟာ မကြာသေးမီက ချဲလ်ဆီး၊ စပါးစ်တို့နဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ကလပ်အသင်း ၂ သင်းစလုံးဟာ အသက် ၃၅ နှစ်အရွယ် ဂျာမန်လူမျိုးနည်းပြကို ဆုံးရှုံးရဖွယ်ရှိတယ်လို့ သိရပြီး ဂျာနယ်လစ် အဗ္ဗဒယ်လာ ဘော်မာက ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီးယေားဟာ လာမယ့်ရာသီမှာ လီဂူးဝမ်းကလပ်အသင်းရဲ့နည်းပြအဖြစ် ရှိနေတော့မှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။

ဘော်မာရဲ့ ပြောကြားချက်အရ ပီအက်စ်ဂျီဟာ နာဂယ်စ်မန်းကို အရင်ဆုံးဆက်သွယ်ခဲ့တာဖြစ်ပြီး လာမယ့်နွေရာသီမှာ ဂယ်လ်တီယေးရဲ့နေရာမှာ နည်းပြသစ်အဖြစ် ခန့်အပ်နိုင်မယ်လို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူး ဆာဂျီယို အဂွေရိုဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ခရစ္စတီယာနို ရော်နယ်လ်ဒို သွင်းယူခဲ့တဲ့ သွင်းဂိုးတွေရဲ့ အရည်အသွေးကို နှိမ့်ချပြောဆိုခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၄၃၈ ပွဲမှာ သွင်းဂိုး ၄၅၀ အထိ သွင်းယူပေးထားတဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပြီး လာလီဂါကလပ်အသင်းကို ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ လာလီဂါဖလား ၂ ကြိမ်နဲ့ အခြား အဓိကဆုဖလားအများအပြားကို ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကစားပေးခဲ့တဲ့ကာလအတွင်း ရော်နယ်လ်ဒိုဟာ ရင်သပ်ရှုမောဖွယ်သွင်းဂိုးတွေကို သွင်းယူပေးခဲ့ပြီး တကိုယ်တော်သွင်းဂိုး၊ တန်ပြန်တိုက်စစ်ကနေ သွင်းယူခဲ့တဲ့ သွင်းဂိုး၊ အဝေးကန်ချက်နဲ့ အခြား နည်းမျိုးစုံနဲ့ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်အသင်းဘက်ကို နောက်ပြန်ကန်ချက်နဲ့ လှလှပပ ကန်သွင်းယူခဲ့တဲ့ သွင်းဂိုးဆိုရင် စီးရီးအေကလပ်အသင်း ပရိသတ်တွေပါ မတ်တပ်ထ လက်ခုပ်တီးဂုဏ်ပြုရတဲ့အထိ လှပခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးဂန္တဝင်တိုက်စစ်မှူး ဆာဂျီယို အဂွေရိုက ရီးရဲလ်မက်ဒရစ်အသင်းအတွက် သွင်းယူခဲ့တဲ့ ကာရင် ဘန်ဇီးမားနဲ့ ရာအူးလ်တို့ရဲ့ သွင်းဂိုးတွေက ပိုမိုကောင်းမွန်ခဲ့တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ရာအူးလ်နဲ့ ဘန်ဇီးမားတို့က ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် မက်ဒရစ်အတွက် ပိုမိုကောင်းမွန်တဲ့ဂိုးတွေ သွင်းယူနိုင်ခဲ့ကြပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပြီး အဂွေရိုရဲ့ မှတ်ချက်ဟာ ပေါ်တူဂီကြယ်ပွင့်ရဲ့ အလွတ်တည်ကန်ဘောသွင်းဂိုးတွေ စုစည်းထားတဲ့ ဗီဒီယိုကို ကြည့်ရှုခဲ့ပြီးနောက် ရော်နယ်လ်ဒိုက ကံကောင်းလို့ ဂိုးရခဲ့တာလို့ ပြောဆိုမှုအပြီးမှာ ထပ်မံ ပြောဆိုလိုက်တာဖြစ်ပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.