Premier League

နယူးကာဆယ်ကြယ်ပွင့်က မန်ယူနိုက်တက်အတွက် ထူးခြားတဲ့သူဖြစ်လာမယ်လို့ ပြောခဲ့တဲ့ ကာရေဂါ

နယူးကာဆယ်လ် ကြယ်ပွင့်တိုက်စစ်မှူး အလက်ဇန်းဒါး အိုင်းဆက်က မန်ချက်စတာယူနိုက်တက်အတွက် လုံးဝကို ထူးခြားဆန်းကြယ်တဲ့သူဖြစ်လိမ့်မယ်လို့ ဂျေမီ ကာရေဂါက ပြောကြားခဲ့ပါတယ်။

အိုင်းဆက်ဟာ စိန့်ဂျိမ်းစ် ပါ့ခ်က ကစားသမားဘဝကို အလားအလာတွေနဲ့ စတင်နိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်ဆိုစီဒက်ကနေ ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့်လည်း ဆွီဒင် တိုက်စစ်မှူးက အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့ပြီး အက်ဒီ ဟောင်းရဲ့အသင်းဟာ ထိပ်ဆုံး ၄ နေရာ အခွင့်အရေးအတွက် အခြေအနေကောင်းသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက နယူးကာဆယ်လ်တိုက်စစ်မှူး အိုင်းဆက်ဟာ ထူးခြားတဲ့ အရည်အချင်းရှိသူလို့ ယုံကြည်နေပြီး အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူး ကစားတာကို ကြည့်ရတာ နှစ်သက်မိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကာရေဂါက အိုင်းဆက်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ခြေစွမ်းပိုင်း တဟုန်ထိုး မြင့်တက်လာနိုင်တယ်လို့တောင် ယုံကြည်နေပြီး တန်ဟက်ရဲ့အသင်းဟာ ရာသီအစောပိုင်းမှာ ရော်နယ်လ်ဒိုကို ထွက်ခွာခွင့်ပေးခဲ့ပြီးနောက် လာမယ့်နွေရာသီမှာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ရှာဖွေနေတာဖြစ်ပါတယ်။

“ကျွန်တော် သူ့ကို နှစ်သက်တယ်။ သူ ကစားတာကို ကြည့်ရတာကို နှစ်သက်တယ်။ ကျွန်တော် တကယ်ပြောတာပါ။ မန်ချက်စတာယူနိုက်တက် အထောင်တိုက်စစ်မှူးလိုတယ်။ ခင်ဗျား သူ့ကို ကြည့်လိုက်ပါ။ သူက မန်ယူနိုက်တက်အတွက် လုံးဝကို ထူးခြားဆန်းကြယ်တဲ့ကစားသမားဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေ သူ့ကို ရာသီအစတုန်းက ခေါ်ယူခဲ့ရမှာပါ။ ကျွန်တော် သူ့ကို ပထမဆုံးအကြိမ် အန်းဖီးမှာ မြင်ခဲ့တဲ့အချိန်မှာ အဲဒါက သူ့ရဲ့ ပထမဆုံးပါဝင်ကစားတဲ့ပွဲထင်တယ်။ သူ့ပုံစံက ထူးချွန်ထက်မြက်ပြီး ပြည့်စုံတယ်”

“ခင်ဗျားကို အထောင်တိုက်စစ်မှူးဆိုတာက ဂိုးသွင်းဖို့ပဲလို့ ပြောတဲ့သူက အိပ်မက်ကမ္ဘာထဲမှာ နေနေတဲ့သူပဲ။ အထောင်တိုက်စစ်မှူးတွေက ခေတ်သစ်ပြိုင်ပွဲမှာ ဖိအားလည်းပေးနိုင်ရမှာဖြစ်ပြီး သူက အဲဒါကို လုပ်နိုင်တယ်။ သူတို့တွေ ဖိအားပေးရမယ်။ သူတို့တွေ မြန်နှုန်းရှိရမယ်။ အင်အား၊ ဂိုးသွင်းယူမှုတွေနဲ့ တိုက်စစ် စတင်ရာမှာ ပါဝင်ပတ်သက်ရမယ်။ ကျွန်တော် သူ့မှာရှိနေတဲ့ အင်အားနဲ့ ရုန်းအားကို သဘောကျမိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သူက လုံးဝကို ထူးခြားဆန်းကြယ်တယ်လို့ ကျွန်တော်ထင်တယ်။ နယူးကာဆယ်လ်မှာ ထူးခြားတဲ့ အထောင်တိုက်စစ်မှူး ရှိနေတယ်လို့ ကျွန်တော် ထင်တယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္လ္ ၾကယ္ပြင့္တိုက္စစ္မႉး အလက္ဇန္းဒါး အိုင္းဆက္က မန္ခ်က္စတာယူႏိုက္တက္အတြက္ လုံးဝကို ထူးျခားဆန္းၾကယ္တဲ့သူျဖစ္လိမ့္မယ္လို႔ ေဂ်မီ ကာေရဂါက ေျပာၾကားခဲ့ပါတယ္။

အိုင္းဆက္ဟာ စိန႔္ဂ်ိမ္းစ္ ပါ့ခ္က ကစားသမားဘဝကို အလားအလာေတြနဲ႔ စတင္ႏိုင္ခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြရာသီမွာ ရီးရဲလ္ဆိုစီဒက္ကေန ေပါင္သန္း ၆၀ နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ ၁၁ ပြဲမွာ ၆ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။

တနဂၤေႏြေန႔က မန္ခ်က္စတာယူႏိုက္တက္ကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဂိုးမသြင္းယူႏိုင္ခဲ့ေပမယ့္လည္း ဆြီဒင္ တိုက္စစ္မႉးက အထင္ႀကီးဖြယ္ ေျခစြမ္းျပသခဲ့ၿပီး အက္ဒီ ေဟာင္းရဲ႕အသင္းဟာ ထိပ္ဆုံး ၄ ေနရာ အခြင့္အေရးအတြက္ အေျခအေနေကာင္းသြားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါက နယူးကာဆယ္လ္တိုက္စစ္မႉး အိုင္းဆက္ဟာ ထူးျခားတဲ့ အရည္အခ်င္းရွိသူလို႔ ယုံၾကည္ေနၿပီး အသက္ ၂၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉး ကစားတာကို ၾကည့္ရတာ ႏွစ္သက္မိတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ကာေရဂါက အိုင္းဆက္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ေျခစြမ္းပိုင္း တဟုန္ထိုး ျမင့္တက္လာႏိုင္တယ္လို႔ေတာင္ ယုံၾကည္ေနၿပီး တန္ဟက္ရဲ႕အသင္းဟာ ရာသီအေစာပိုင္းမွာ ေရာ္နယ္လ္ဒိုကို ထြက္ခြာခြင့္ေပးခဲ့ၿပီးေနာက္ လာမယ့္ေႏြရာသီမွာ တိုက္စစ္မႉးသစ္ ေခၚယူဖို႔ ရွာေဖြေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ သူ႔ကို ႏွစ္သက္တယ္။ သူ ကစားတာကို ၾကည့္ရတာကို ႏွစ္သက္တယ္။ ကြၽန္ေတာ္ တကယ္ေျပာတာပါ။ မန္ခ်က္စတာယူႏိုက္တက္ အေထာင္တိုက္စစ္မႉးလိုတယ္။ ခင္ဗ်ား သူ႔ကို ၾကည့္လိုက္ပါ။ သူက မန္ယူႏိုက္တက္အတြက္ လုံးဝကို ထူးျခားဆန္းၾကယ္တဲ့ကစားသမားျဖစ္လာလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔ေတြ သူ႔ကို ရာသီအစတုန္းက ေခၚယူခဲ့ရမွာပါ။ ကြၽန္ေတာ္ သူ႔ကို ပထမဆုံးအႀကိမ္ အန္းဖီးမွာ ျမင္ခဲ့တဲ့အခ်ိန္မွာ အဲဒါက သူ႔ရဲ႕ ပထမဆုံးပါဝင္ကစားတဲ့ပြဲထင္တယ္။ သူ႔ပုံစံက ထူးခြၽန္ထက္ျမက္ၿပီး ျပည့္စုံတယ္”

“ခင္ဗ်ားကို အေထာင္တိုက္စစ္မႉးဆိုတာက ဂိုးသြင္းဖို႔ပဲလို႔ ေျပာတဲ့သူက အိပ္မက္ကမာၻထဲမွာ ေနေနတဲ့သူပဲ။ အေထာင္တိုက္စစ္မႉးေတြက ေခတ္သစ္ၿပိဳင္ပြဲမွာ ဖိအားလည္းေပးႏိုင္ရမွာျဖစ္ၿပီး သူက အဲဒါကို လုပ္ႏိုင္တယ္။ သူတို႔ေတြ ဖိအားေပးရမယ္။ သူတို႔ေတြ ျမန္ႏႈန္းရွိရမယ္။ အင္အား၊ ဂိုးသြင္းယူမႈေတြနဲ႔ တိုက္စစ္ စတင္ရာမွာ ပါဝင္ပတ္သက္ရမယ္။ ကြၽန္ေတာ္ သူ႔မွာရွိေနတဲ့ အင္အားနဲ႔ ႐ုန္းအားကို သေဘာက်မိတယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ သူက လုံးဝကို ထူးျခားဆန္းၾကယ္တယ္လို႔ ကြၽန္ေတာ္ထင္တယ္။ နယူးကာဆယ္လ္မွာ ထူးျခားတဲ့ အေထာင္တိုက္စစ္မႉး ရွိေနတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.