Premier League

အဆင့် ၄ ရရင်တောင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နိုင်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးခဲ့မယ်ဆိုရင်တောင်မှ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို လွဲချော်နိုင်တယ်လို့ သိရပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ လက်ရှိမှာ လာမယ့်ရာသီ ဥရောပဝင်ခွင့်ရဖို့ ရုန်းကန်နေရပြီး ရမှတ် ၄၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေရတာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ အဆင့် ၄ နဲ့ အဆင့် ၅ နေရာက စပါးစ်၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ ၇ မှတ်အကွာမှာ ရပ်တည်နေရတာဖြစ်ပေမယ့်လည်း တစ်ပွဲကစားဖို့ ကျန်နေသေးတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ အင်္ဂါနေ့ညက ချဲလ်ဆီးနဲ့ ဂိုးမရှိ သရေကျခဲ့မှုက ၎င်းတို့ရဲ့ ရည်မှန်းချက်ကို ရရှိအောင် အကူအညီအနည်းငယ်သာ ဖြစ်ခဲ့တာဖြစ်ပြီး ကလော့ပ်ရဲ့အသင်းဟာ နောက်ဆုံး ၃ ပွဲမှာ ၁ မှတ်သာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၁၆ သင်းရှုံးထွက်အဆင့်မှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီးနောက် ထွက်ခွာခဲ့ရပြီးဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ရင်တော့ လိဂ်ရပ်တည်မှုကို ထည့်တွက်စရာမလိုဘဲ အလိုအလျောက်လာမယ့်ရာသီအတွက် ဝင်ခွင့် အာမခံချက်ရရှိမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၄ နေရာ ရရှိခဲ့မယ်ဆိုရင်တောင်မှ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါဝင်ကစားလို့ မရနိုင်တဲ့ အခြေအနေ ရှိနေဆဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပုံမှန်အခြေအနေမှာဆိုရင်တော့ ထိပ်ဆုံး ၄ သင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှာဖြစ်ပေမယ့်လည်း ချွင်းချက်အချို့လည်း ရှိခဲ့ဖူးတာဖြစ်ပြီး ၂၀၁၁-၂၀၁၂ ရာသီတုန်းက ဟာရီ ရက်နက်က စပါးစ်ကို အဆင့် ၄ နေရာရရှိအောင် နည်းပြနိုင်ခဲ့ပေမယ့် ထိပ်ဆုံး ၄ နေရာအပြင်ဘက်က ချဲလ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်ကို ဗိုလ်လုပွဲမှာ အနိုင်ရပြီးနောက် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာလည်း လီဗာပူးလ်အသင်းဟာ ပိုလို့တောင် သာမန်မဟုတ်တဲ့ အခင်းအကျင်းမျိုးနဲ့ ရင်ဆိုင်ရဖွယ်ရှိနေသေးပြီး ယူအီးအက်ဖ်အေက စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းလဲခဲ့တာကြောင့် နိုင်ငံတစ်နိုင်ငံက အသင်း ၅ သင်းအထိ ချန်ပီယံလိဂ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိမှာဖြစ်ပါတယ်။

ဒါကြောင့် လီဗာပူးလ်သာ အဆင့် ၄ နေရာမှာ ရာသီပြီးဆုံးခဲ့ပြီး မန်ချက်စတာယူနိုက်တက်က အဆင့် ၅ သို့မဟုတ် အဲဒီထက် ပိုမိုနိမ့်တဲ့ ရပ်တည်ချက်နဲ့ ယူရိုပါလိဂ်ဖလားကို ရရှိခဲ့မယ်ဆိုရင် လာမယ့်ရာသီ ဥရောပထိပ်တန်းပြိုင်ပွဲမှာ ၂ သင်းစလုံး ကစားခွင့် ရမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းက ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲထဲမှာ ရှိနေသေးပြီး အနောက်လန်ဒန်ကလပ်အသင်းအတွက် ထိပ်ဆုံး ၄ နေရာဝင်ဖို့က မဖြစ်နိုင်ဖို့ များနေတာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ထိန်းသိမ်းနိုင်ဖို့အတွက် တစ်ခုတည်းသော အခွင့်အရေးက ချန်ပီယံလိဂ်ဖလားကို အရယူဖို့ ဖြစ်နေတာဖြစ်ပါတယ်။

တကယ်လို့သာ ချဲလ်ဆီးအသင်းက ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကလည်း ယူရိုပါလိဂ်ဖလား ရရှိသွားမယ်ဆိုရင် နှစ်သင်းစလုံးက အဆင့် ၄ ရတဲ့အသင်းထက် ဥရောပဝင်ခွင့်အတွက် ဦးစားပေး ခံရမှာ ဖြစ်ပါတယ်။

အဲဒါကြောင့် ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ ၂ သင်းစလုံး ဥရောပမှာ အောင်မြင်မှု ရခဲ့မယ်ဆိုရင် အဆင့် ၄ နေရာက အသင်းဟာ အလိုအလျောက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်မှာဖြစ်ပြီး တကယ်လို့ လီဗာပူးလ်က အဲဒီနေရာမှာ ရပ်တည်နေတာဆိုရင်တော့ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ယူရိုပါလိဂ်မှာ ဆင်းကစားသွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းဟာ ယခုရာသီ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးခဲ့မယ္ဆိုရင္ေတာင္မွ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို လြဲေခ်ာ္ႏိုင္တယ္လို႔ သိရပါတယ္။

ကေလာ့ပ္ရဲ႕အသင္းဟာ လက္ရွိမွာ လာမယ့္ရာသီ ဥေရာပဝင္ခြင့္ရဖို႔ ႐ုန္းကန္ေနရၿပီး ရမွတ္ ၄၃ မွတ္နဲ႔ အမွတ္ေပးဇယား အဆင့္ ၈ ေနရာမွာ ရပ္တည္ေနရတာ ျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ အဆင့္ ၄ နဲ႔ အဆင့္ ၅ ေနရာက စပါးစ္၊ မန္ခ်က္စတာယူႏိုက္တက္တို႔နဲ႔ ၇ မွတ္အကြာမွာ ရပ္တည္ေနရတာျဖစ္ေပမယ့္လည္း တစ္ပြဲကစားဖို႔ က်န္ေနေသးတာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းရဲ႕ အဂၤါေန႔ညက ခ်ဲလ္ဆီးနဲ႔ ဂိုးမရွိ သေရက်ခဲ့မႈက ၎တို႔ရဲ႕ ရည္မွန္းခ်က္ကို ရရွိေအာင္ အကူအညီအနည္းငယ္သာ ျဖစ္ခဲ့တာျဖစ္ၿပီး ကေလာ့ပ္ရဲ႕အသင္းဟာ ေနာက္ဆုံး ၃ ပြဲမွာ ၁ မွတ္သာ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ယခုရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း ၁၆ သင္းရႈံးထြက္အဆင့္မွာ ရီးရဲလ္မက္ဒရစ္ကို ရႈံးနိမ့္ၿပီးေနာက္ ထြက္ခြာခဲ့ရၿပီးျဖစ္ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့ရင္ေတာ့ လိဂ္ရပ္တည္မႈကို ထည့္တြက္စရာမလိုဘဲ အလိုအေလ်ာက္လာမယ့္ရာသီအတြက္ ဝင္ခြင့္ အာမခံခ်က္ရရွိမွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လီဗာပူးလ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္မွာ အဆင့္ ၄ ေနရာ ရရွိခဲ့မယ္ဆိုရင္ေတာင္မွ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာ ပါဝင္ကစားလို႔ မရႏိုင္တဲ့ အေျခအေန ရွိေနဆဲ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ပုံမွန္အေျခအေနမွာဆိုရင္ေတာ့ ထိပ္ဆုံး ၄ သင္းဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိမွာျဖစ္ေပမယ့္လည္း ခြၽင္းခ်က္အခ်ိဳ႕လည္း ရွိခဲ့ဖူးတာျဖစ္ၿပီး ၂၀၁၁-၂၀၁၂ ရာသီတုန္းက ဟာရီ ရက္နက္က စပါးစ္ကို အဆင့္ ၄ ေနရာရရွိေအာင္ နည္းျပႏိုင္ခဲ့ေပမယ့္ ထိပ္ဆုံး ၄ ေနရာအျပင္ဘက္က ခ်ဲလ္ဆီးအသင္းဟာ ဘိုင္ယန္ျမဴးနစ္ကို ဗိုလ္လုပြဲမွာ အႏိုင္ရၿပီးေနာက္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာ ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဒီတစ္ႀကိမ္မွာလည္း လီဗာပူးလ္အသင္းဟာ ပိုလို႔ေတာင္ သာမန္မဟုတ္တဲ့ အခင္းအက်င္းမ်ိဳးနဲ႔ ရင္ဆိုင္ရဖြယ္ရွိေနေသးၿပီး ယူအီးအက္ဖ္ေအက စည္းမ်ဥ္းစည္းကမ္းေတြကို ေျပာင္းလဲခဲ့တာေၾကာင့္ ႏိုင္ငံတစ္ႏိုင္ငံက အသင္း ၅ သင္းအထိ ခ်န္ပီယံလိဂ္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရွိမွာျဖစ္ပါတယ္။

ဒါေၾကာင့္ လီဗာပူးလ္သာ အဆင့္ ၄ ေနရာမွာ ရာသီၿပီးဆုံးခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္က အဆင့္ ၅ သို႔မဟုတ္ အဲဒီထက္ ပိုမိုနိမ့္တဲ့ ရပ္တည္ခ်က္နဲ႔ ယူ႐ိုပါလိဂ္ဖလားကို ရရွိခဲ့မယ္ဆိုရင္ လာမယ့္ရာသီ ဥေရာပထိပ္တန္းၿပိဳင္ပြဲမွာ ၂ သင္းစလုံး ကစားခြင့္ ရမွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခ်ဲလ္ဆီးအသင္းက ယခုရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲထဲမွာ ရွိေနေသးၿပီး အေနာက္လန္ဒန္ကလပ္အသင္းအတြက္ ထိပ္ဆုံး ၄ ေနရာဝင္ဖို႔က မျဖစ္ႏိုင္ဖို႔ မ်ားေနတာေၾကာင့္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာကို ထိန္းသိမ္းႏိုင္ဖို႔အတြက္ တစ္ခုတည္းေသာ အခြင့္အေရးက ခ်န္ပီယံလိဂ္ဖလားကို အရယူဖို႔ ျဖစ္ေနတာျဖစ္ပါတယ္။

တကယ္လို႔သာ ခ်ဲလ္ဆီးအသင္းက ခ်န္ပီယံလိဂ္ဖလား ရရွိခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ကလည္း ယူ႐ိုပါလိဂ္ဖလား ရရွိသြားမယ္ဆိုရင္ ႏွစ္သင္းစလုံးက အဆင့္ ၄ ရတဲ့အသင္းထက္ ဥေရာပဝင္ခြင့္အတြက္ ဦးစားေပး ခံရမွာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတို႔ ၂ သင္းစလုံး ဥေရာပမွာ ေအာင္ျမင္မႈ ရခဲ့မယ္ဆိုရင္ အဆင့္ ၄ ေနရာက အသင္းဟာ အလိုအေလ်ာက္ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ လြဲေခ်ာ္မွာျဖစ္ၿပီး တကယ္လို႔ လီဗာပူးလ္က အဲဒီေနရာမွာ ရပ္တည္ေနတာဆိုရင္ေတာ့ ၂၀၁၆ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ယူ႐ိုပါလိဂ္မွာ ဆင္းကစားသြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.