La Liga

ရော်နယ်လ်ဒိုရဲ့ဂိုးတွေက အရည်အသွေးမရှိဘူးလို့ နှိမ်လိုက်တဲ့ အဂွေရို

အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူး ဆာဂျီယို အဂွေရိုဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ခရစ္စတီယာနို ရော်နယ်လ်ဒို သွင်းယူခဲ့တဲ့ သွင်းဂိုးတွေရဲ့ အရည်အသွေးကို နှိမ့်ချပြောဆိုခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၄၃၈ ပွဲမှာ သွင်းဂိုး ၄၅၀ အထိ သွင်းယူပေးထားတဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပြီး လာလီဂါကလပ်အသင်းကို ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ လာလီဂါဖလား ၂ ကြိမ်နဲ့ အခြား အဓိကဆုဖလားအများအပြားကို ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကစားပေးခဲ့တဲ့ကာလအတွင်း ရော်နယ်လ်ဒိုဟာ ရင်သပ်ရှုမောဖွယ်သွင်းဂိုးတွေကို သွင်းယူပေးခဲ့ပြီး တကိုယ်တော်သွင်းဂိုး၊ တန်ပြန်တိုက်စစ်ကနေ သွင်းယူခဲ့တဲ့ သွင်းဂိုး၊ အဝေးကန်ချက်နဲ့ အခြား နည်းမျိုးစုံနဲ့ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်အသင်းဘက်ကို နောက်ပြန်ကန်ချက်နဲ့ လှလှပပ ကန်သွင်းယူခဲ့တဲ့ သွင်းဂိုးဆိုရင် စီးရီးအေကလပ်အသင်း ပရိသတ်တွေပါ မတ်တပ်ထ လက်ခုပ်တီးဂုဏ်ပြုရတဲ့အထိ လှပခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးဂန္တဝင်တိုက်စစ်မှူး ဆာဂျီယို အဂွေရိုက ရီးရဲလ်မက်ဒရစ်အသင်းအတွက် သွင်းယူခဲ့တဲ့ ကာရင် ဘန်ဇီးမားနဲ့ ရာအူးလ်တို့ရဲ့ သွင်းဂိုးတွေက ပိုမိုကောင်းမွန်ခဲ့တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ရာအူးလ်နဲ့ ဘန်ဇီးမားတို့က ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် မက်ဒရစ်အတွက် ပိုမိုကောင်းမွန်တဲ့ဂိုးတွေ သွင်းယူနိုင်ခဲ့ကြပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပြီး အဂွေရိုရဲ့ မှတ်ချက်ဟာ ပေါ်တူဂီကြယ်ပွင့်ရဲ့ အလွတ်တည်ကန်ဘောသွင်းဂိုးတွေ စုစည်းထားတဲ့ ဗီဒီယိုကို ကြည့်ရှုခဲ့ပြီးနောက် ရော်နယ်လ်ဒိုက ကံကောင်းလို့ ဂိုးရခဲ့တာလို့ ပြောဆိုမှုအပြီးမှာ ထပ်မံ ပြောဆိုလိုက်တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုဟာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ခရစၥတီယာႏို ေရာ္နယ္လ္ဒို သြင္းယူခဲ့တဲ့ သြင္းဂိုးေတြရဲ႕ အရည္အေသြးကို ႏွိမ့္ခ်ေျပာဆိုခဲ့ပါတယ္။

ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးဟာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ၄၃၈ ပြဲမွာ သြင္းဂိုး ၄၅၀ အထိ သြင္းယူေပးထားတဲ့ တသက္တာထိပ္တန္းဂိုးသြင္းရွင္ျဖစ္ၿပီး လာလီဂါကလပ္အသင္းကို ခ်န္ပီယံလိဂ္ဖလား ၄ ႀကိမ္၊ လာလီဂါဖလား ၂ ႀကိမ္နဲ႔ အျခား အဓိကဆုဖလားအမ်ားအျပားကို ရရွိေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ကစားေပးခဲ့တဲ့ကာလအတြင္း ေရာ္နယ္လ္ဒိုဟာ ရင္သပ္ရႈေမာဖြယ္သြင္းဂိုးေတြကို သြင္းယူေပးခဲ့ၿပီး တကိုယ္ေတာ္သြင္းဂိုး၊ တန္ျပန္တိုက္စစ္ကေန သြင္းယူခဲ့တဲ့ သြင္းဂိုး၊ အေဝးကန္ခ်က္နဲ႔ အျခား နည္းမ်ိဳးစုံနဲ႔ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးဟာ ခ်န္ပီယံလိဂ္မွာ ဂ်ဴဗင္တပ္အသင္းဘက္ကို ေနာက္ျပန္ကန္ခ်က္နဲ႔ လွလွပပ ကန္သြင္းယူခဲ့တဲ့ သြင္းဂိုးဆိုရင္ စီးရီးေအကလပ္အသင္း ပရိသတ္ေတြပါ မတ္တပ္ထ လက္ခုပ္တီးဂုဏ္ျပဳရတဲ့အထိ လွပခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးဂႏၲဝင္တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုက ရီးရဲလ္မက္ဒရစ္အသင္းအတြက္ သြင္းယူခဲ့တဲ့ ကာရင္ ဘန္ဇီးမားနဲ႔ ရာအူးလ္တို႔ရဲ႕ သြင္းဂိုးေတြက ပိုမိုေကာင္းမြန္ခဲ့တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ရာအူးလ္နဲ႔ ဘန္ဇီးမားတို႔က ခရစၥတီယာႏို ေရာ္နယ္လ္ဒိုထက္ မက္ဒရစ္အတြက္ ပိုမိုေကာင္းမြန္တဲ့ဂိုးေတြ သြင္းယူႏိုင္ခဲ့ၾကပါတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး အေဂြ႐ိုရဲ႕ မွတ္ခ်က္ဟာ ေပၚတူဂီၾကယ္ပြင့္ရဲ႕ အလြတ္တည္ကန္ေဘာသြင္းဂိုးေတြ စုစည္းထားတဲ့ ဗီဒီယိုကို ၾကည့္ရႈခဲ့ၿပီးေနာက္ ေရာ္နယ္လ္ဒိုက ကံေကာင္းလို႔ ဂိုးရခဲ့တာလို႔ ေျပာဆိုမႈအၿပီးမွာ ထပ္မံ ေျပာဆိုလိုက္တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.