La Liga

၂၀၄ ရက်အကြာမှာ ကစားပေးခဲ့တဲ့ ပထမဆုံးပွဲစဉ်မှာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ ဟာဇက်

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေဟာ တနင်္ဂနွေနေ့ညက ရီးရဲလ် ဗယ်လာဒိုးလစ်ကို ၆-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့နောက်ပိုင်း ပထမဆုံးလာလီဂါပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့တဲ့ အီဒင် ဟာဇက်ရဲ့ ခြေစွမ်းကြောင့် အားတက်ခဲ့ကြပါတယ်။

အသက် ၃၂ နှစ်အရွယ် တောင်ပံကစားသမားဟာ မကြာသေးမီကမှ နည်းပြ အန်ဆလော့တီနဲ့ ဆက်ဆံရေး ပြိုလဲသွားခဲ့ပြီဖြစ်တဲ့အကြောင်း ဝန်ခံ ပြောကြားခဲ့သူဖြစ်ပြီး ယခုအချိန်အထိ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ရာသီမှာ ပါဝင်ခွင့်မရရှိခဲ့တာဖြစ်ပါတယ်။

တကယ်တော့ ဟာဇက်ရဲ့ စပိန်က အချိန်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် ချဲလ်ဆီးကနေ ပေါင် ၈၈.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးကတည်းက စိတ်ပျက်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လေ့ကျင့်ရေးမှာ အပေါင်းလက္ခဏာဆောင်တဲ့ လက္ခဏာတွေ ပြသခဲ့ပြီးနောက် ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ အနိုင်ရနေပြီးသားဖြစ်တဲ့ ဗယ်လာဒိုးလစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲမှာ အရန်ခုံကနေ ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

အီဒင် ဟာဇက်ဟာ ဗယ်လာဒိုးလစ်နဲ့ပွဲစဉ်မှာ အခွင့်အရေးဖန်တီးမှု ၄ ကြိမ် အပြင် လူးကပ်စ် ဗက်စ်ကွက်ဇ်ရဲ့ သွင်းဂိုးအတွက်လည်း ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပြီး ၇ မိနစ်အတွင်း ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဘန်ဇီးမားက သတင်းခေါင်းစည်းတွေမှာ နေရာယူခဲ့ပေမယ့်လည်း ဘယ်လ်ဂျီယမ်ကြယ်ပွင့်ရဲ့ စွမ်းဆောင်ရည်ဟာ အန်ဆလော့တီအပါအဝင် ပရိသတ်အများစုကို အထင်ကြီးစေခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ အန်ဆလော့တီကို ၆၅ မိနစ်မှာ အီဒင် ဟာဇက် လူစားဝင်ကစားခဲ့ချိန်မှာ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေဆီကနေ ဝီစီမှုတ်သံတွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ “ကျွန်တော် ကြားခဲ့ပါတယ်။ အီဒင်က ဒီနိင်ငံတကာအားလပ်ရက်မှာ ကောင်းကောင်း လေ့ကျင့်ခဲ့တယ်။ သူ နည်းနည်းလေးပဲ ကစားခဲ့ပေမယ့် သူ ကောင်းကောင်း ကစားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ လေ့ကျင့်ရေးမှာ ကောင်းကောင်း လေ့ကျင့်ရင် သူ အခွင့်အရေး ရနိုင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္ပရိသတ္ေတြဟာ တနဂၤေႏြေန႔ညက ရီးရဲလ္ ဗယ္လာဒိုးလစ္ကို ၆-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ၂၀၂၂ ခုႏွစ္ စက္တင္ဘာ ၁၁ ရက္ေန႔ေနာက္ပိုင္း ပထမဆုံးလာလီဂါပြဲစဥ္အျဖစ္ ပါဝင္ကစားေပးခဲ့တဲ့ အီဒင္ ဟာဇက္ရဲ႕ ေျခစြမ္းေၾကာင့္ အားတက္ခဲ့ၾကပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ မၾကာေသးမီကမွ နည္းျပ အန္ဆေလာ့တီနဲ႔ ဆက္ဆံေရး ၿပိဳလဲသြားခဲ့ၿပီျဖစ္တဲ့အေၾကာင္း ဝန္ခံ ေျပာၾကားခဲ့သူျဖစ္ၿပီး ယခုအခ်ိန္အထိ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ရာသီမွာ ပါဝင္ခြင့္မရရွိခဲ့တာျဖစ္ပါတယ္။

တကယ္ေတာ့ ဟာဇက္ရဲ႕ စပိန္က အခ်ိန္ေတြကို ျပန္ၾကည့္လိုက္မယ္ဆိုရင္ ခ်ဲလ္ဆီးကေန ေပါင္ ၈၈.၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီးကတည္းက စိတ္ပ်က္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေလ့က်င့္ေရးမွာ အေပါင္းလကၡဏာေဆာင္တဲ့ လကၡဏာေတြ ျပသခဲ့ၿပီးေနာက္ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ အႏိုင္ရေနၿပီးသားျဖစ္တဲ့ ဗယ္လာဒိုးလစ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲမွာ အရန္ခုံကေန ပါဝင္ကစားခြင့္ရရွိခဲ့တာျဖစ္ပါတယ္။

အီဒင္ ဟာဇက္ဟာ ဗယ္လာဒိုးလစ္နဲ႔ပြဲစဥ္မွာ အခြင့္အေရးဖန္တီးမႈ ၄ ႀကိမ္ အျပင္ လူးကပ္စ္ ဗက္စ္ကြက္ဇ္ရဲ႕ သြင္းဂိုးအတြက္လည္း ဂိုးဖန္တီးမႈ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ၿပီး ၇ မိနစ္အတြင္း ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ ဘန္ဇီးမားက သတင္းေခါင္းစည္းေတြမွာ ေနရာယူခဲ့ေပမယ့္လည္း ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ရဲ႕ စြမ္းေဆာင္ရည္ဟာ အန္ဆေလာ့တီအပါအဝင္ ပရိသတ္အမ်ားစုကို အထင္ႀကီးေစခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ အန္ဆေလာ့တီကို ၆၅ မိနစ္မွာ အီဒင္ ဟာဇက္ လူစားဝင္ကစားခဲ့ခ်ိန္မွာ ရီးရဲလ္မက္ဒရစ္ပရိသတ္ေတြဆီကေန ဝီစီမႈတ္သံေတြနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ “ကြၽန္ေတာ္ ၾကားခဲ့ပါတယ္။ အီဒင္က ဒီနိင္ငံတကာအားလပ္ရက္မွာ ေကာင္းေကာင္း ေလ့က်င့္ခဲ့တယ္။ သူ နည္းနည္းေလးပဲ ကစားခဲ့ေပမယ့္ သူ ေကာင္းေကာင္း ကစားႏိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ေလ့က်င့္ေရးမွာ ေကာင္းေကာင္း ေလ့က်င့္ရင္ သူ အခြင့္အေရး ရႏိုင္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.