Serie A

ရော်နယ်လ်ဒိုနဲ့အတူ ရှိခဲ့တဲ့ရာသီကြိုက အတွေ့အကြုံကို ပြောပြခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူး

အာဂျင်တီးနားတိုက်စစ်မှူး မားတီးယပ်စ် ဆိုလေက ဂျူဗင်တပ်အသင်းမှာ အတူတူ ရှိခဲ့တဲ့အချိန်တုန်းက ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့အတူ ကုန်ဆုံးခဲ့တဲ့ ပထမဆုံး ရာသီကြိုခရီးစဉ်အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဆိုလေဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ဗီလက်ဇ် ဆားစ်ဖီးလူငယ်အသင်းကနေ ယူရို ၂.၅ သန်းနဲ့ ဂျူဗင်တပ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး တူရင်မှာ ရော်နယ်လ်ဒိုလည်း ရှိနေခဲ့တဲ့ ၂ နွေအထိ အချိန်ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ဟာ ၂၀၂၁ ခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ ဂျူဗင်တပ်ကို စွန့်ခွာသွားခဲ့တာဖြစ်ပြီး တူရင်ကို ပြောင်းရွှေ့ခါစတုန်းက အသက် ၁၆ နှစ်အရွယ်သာရှိသေးတဲ့ ဆိုလေဟာ ရော်နယ်လ်ဒိုနဲ့ လေ့ကျင့်ရေးကွင်းကို အကြိမ်များများစားစား မျှဝေခဲ့ရခြင်း မရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆိုလေအနေနဲ့ ရီးရဲလ်မက်ဒရစ်ဂန္တဝင်တိုက်စစ်မှူးနဲ့ အနီးကပ်နေဖို့အတွက် လုံလောက်တဲ့အချိန်ကာလဖြစ်ခဲ့ပြီး အယ်လ်နာဆာတိုက်စစ်မှူးနဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုခွင့် ရခဲ့တာဖြစ်ပါတယ်။

“ပထမဆုံး ရာသီကြိုမှာ ကျွန်တော် ပထမအသင်းနဲ့အတူ ပါဝင်ခွင့်ရခဲ့ပြီး သူကလည်း ရှိနေခဲ့ပါတယ်။ ကျွန်တော်တို့ အရာအားလုံးနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ကြပြီး သူက ကျွန်တော့်ရဲ့ ဝမ်းကွဲအစ်ကို ဒါမှမဟုတ် ကျွန်တော့်အစ်ကိုအရင်းလိုပဲ ဆက်ဆံခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆိုလေရဲ့ ဂျူဗင်တပ်အသင်းအတွက် စီနီယာပွဲဦးထွက်ဟာ ရော်နယ်လ်ဒို ထွက်ခွာသွားခဲ့ပြီးနောက် ၃ လအကြာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဆေလာနီတာနာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဆိုလေနဲ့ ရော်နယ်လ်ဒိုတို့ဟာ ဂျူဗင်တပ်အသင်းအတွက် ပြိုင်ပွဲမှာ အတူတူ ကစားခဲ့ဖူးခြင်းမရှိခဲ့ဘဲ အာဂျင်တီးနားဆယ်ကျော်သက်ဟာ ဂျူဗင်တပ်အတွက် ပြိုင်ပွဲစုံ ၁၉ ပွဲမှာ သွင်းဂိုး ၁ ဂိုး သွင်းယူထားပြီး အဲဒီထဲက ၁၇ ပွဲဟာ ဒီရာသီမှာ ပါဝင်ကစားခွင့် ရရှိထားခဲ့တာဖြစ်ပါတယ်။

ဆိုလေရဲ့ အီတလီမှာ ခြေစွမ်း တဟုန်ထိုး တိုးတက်လာမှုကို အာဂျင်တီးနားလက်ရွေးစင်အသင်းက သတိမပြုမိဘဲ မနေနိုင်ဖြစ်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဥရုဂွေး၊ ဘရာဇီးလ်တို့နဲ့ ကစားခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလပွဲစဉ်တွေအတွက် ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဆိုလေဟာ အဲဒီပွဲစဉ် ၂ ပွဲစလုံးရဲ့ ပွဲနေ့လူစာရင်းထဲ ပါဝင်နိင်ခြင်းမရှိခဲ့ပေမယ့်လည်း လီယွန်နယ် မက်ဆီ၊ ရိုဒရီဂို ဒီပေါလ်၊ လော်တာရို မာတီနက်ဇ်တို့လို ကစားသမားတွေနဲ့ လေ့ကျင့်ရေးအတူတူ ဆင်းခွင့်တော့ ရခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဂ်င္တီးနားတိုက္စစ္မႉး မားတီးယပ္စ္ ဆိုေလက ဂ်ဴဗင္တပ္အသင္းမွာ အတူတူ ရွိခဲ့တဲ့အခ်ိန္တုန္းက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔အတူ ကုန္ဆုံးခဲ့တဲ့ ပထမဆုံး ရာသီႀကိဳခရီးစဥ္အေၾကာင္းကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဆိုေလဟာ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလမွာ ဗီလက္ဇ္ ဆားစ္ဖီးလူငယ္အသင္းကေန ယူ႐ို ၂.၅ သန္းနဲ႔ ဂ်ဴဗင္တပ္ကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး တူရင္မွာ ေရာ္နယ္လ္ဒိုလည္း ရွိေနခဲ့တဲ့ ၂ ေႏြအထိ အခ်ိန္ကုန္ဆုံးခဲ့တာ ျဖစ္ပါတယ္။

ေပၚတူဂီၾကယ္ပြင့္ဟာ ၂၀၂၁ ခုႏွစ္ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ဂ်ဴဗင္တပ္ကို စြန႔္ခြာသြားခဲ့တာျဖစ္ၿပီး တူရင္ကို ေျပာင္းေ႐ႊ႕ခါစတုန္းက အသက္ ၁၆ ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဆိုေလဟာ ေရာ္နယ္လ္ဒိုနဲ႔ ေလ့က်င့္ေရးကြင္းကို အႀကိမ္မ်ားမ်ားစားစား မွ်ေဝခဲ့ရျခင္း မရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆိုေလအေနနဲ႔ ရီးရဲလ္မက္ဒရစ္ဂႏၲဝင္တိုက္စစ္မႉးနဲ႔ အနီးကပ္ေနဖို႔အတြက္ လုံေလာက္တဲ့အခ်ိန္ကာလျဖစ္ခဲ့ၿပီး အယ္လ္နာဆာတိုက္စစ္မႉးနဲ႔ ရင္းရင္းႏွီးႏွီး စကားေျပာဆိုခြင့္ ရခဲ့တာျဖစ္ပါတယ္။

“ပထမဆုံး ရာသီႀကိဳမွာ ကြၽန္ေတာ္ ပထမအသင္းနဲ႔အတူ ပါဝင္ခြင့္ရခဲ့ၿပီး သူကလည္း ရွိေနခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အရာအားလုံးနဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့ၾကၿပီး သူက ကြၽန္ေတာ့္ရဲ႕ ဝမ္းကြဲအစ္ကို ဒါမွမဟုတ္ ကြၽန္ေတာ့္အစ္ကိုအရင္းလိုပဲ ဆက္ဆံခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဆိုေလရဲ႕ ဂ်ဴဗင္တပ္အသင္းအတြက္ စီနီယာပြဲဦးထြက္ဟာ ေရာ္နယ္လ္ဒို ထြက္ခြာသြားခဲ့ၿပီးေနာက္ ၃ လအၾကာ ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာ ၃၀ ရက္ေန႔မွာ ေဆလာနီတာနာနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ဆိုေလနဲ႔ ေရာ္နယ္လ္ဒိုတို႔ဟာ ဂ်ဴဗင္တပ္အသင္းအတြက္ ၿပိဳင္ပြဲမွာ အတူတူ ကစားခဲ့ဖူးျခင္းမရွိခဲ့ဘဲ အာဂ်င္တီးနားဆယ္ေက်ာ္သက္ဟာ ဂ်ဴဗင္တပ္အတြက္ ၿပိဳင္ပြဲစုံ ၁၉ ပြဲမွာ သြင္းဂိုး ၁ ဂိုး သြင္းယူထားၿပီး အဲဒီထဲက ၁၇ ပြဲဟာ ဒီရာသီမွာ ပါဝင္ကစားခြင့္ ရရွိထားခဲ့တာျဖစ္ပါတယ္။

ဆိုေလရဲ႕ အီတလီမွာ ေျခစြမ္း တဟုန္ထိုး တိုးတက္လာမႈကို အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းက သတိမျပဳမိဘဲ မေနႏိုင္ျဖစ္ခဲ့ၿပီး ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ဥ႐ုေဂြး၊ ဘရာဇီးလ္တို႔နဲ႔ ကစားခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလပြဲစဥ္ေတြအတြက္ ေခၚယူျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဆိုေလဟာ အဲဒီပြဲစဥ္ ၂ ပြဲစလုံးရဲ႕ ပြဲေန႔လူစာရင္းထဲ ပါဝင္နိင္ျခင္းမရွိခဲ့ေပမယ့္လည္း လီယြန္နယ္ မက္ဆီ၊ ႐ိုဒရီဂို ဒီေပါလ္၊ ေလာ္တာ႐ို မာတီနက္ဇ္တို႔လို ကစားသမားေတြနဲ႔ ေလ့က်င့္ေရးအတူတူ ဆင္းခြင့္ေတာ့ ရခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.