ဖရန့်ခ် လမ်းပတ်ဟာ ချဲလ်ဆီးအသင်းကို ယခုရာသီကုန်တဲ့အထိ ယာယီနည်းပြအဖြစ်နဲ့ ကိုင်တွယ်ဖို့ အခွင့်အရေး ကမ်းလှမ်းခြင်း ခံရဖွယ်ရှိတယ်လို့ သိရပါတယ်။
ချဲလ်ဆီးဂန္တဝင်ဟာ လီဗာပူးလ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ ရုန်းကန်နေရတဲ့ ချဲလ်ဆီးအသင်းကို ကြည့်ရှုဖို့ စတမ်းဖို့ဒ် ဘရစ်ချ်က ပွဲကြည့်စင်ကို တကျော့ပြန် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
လမ်းပတ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဆိုးရွားတဲ့ ရလဒ်တွေကြောင့် အဲဗာတန်အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး အသက် ၄၄ နှစ်အရွယ် ချဲလ်ဆီးဂန္တဝင်ရဲ့ ပြီးခဲ့တဲ့ ချဲလ်ဆီးနည်းပြဘဝဟာ ၁၈ လအကြာမှာပဲ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
ဖရန့်ခ် လမ်းပတ်လက်အောက်မှာ ချဲလ်ဆီးအသင်းဟာ အပြောင်းအရွှေ့စျေးကွက် ၂ ခုအထိ ကစားသမားသစ် ခေါ်ယူခွင့် ပိတ်ပင်မှု ခံထားရပေမယ့်လည်း အက်ဖ်အေဖလား ဗိုလ်လုပွဲ၊ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ နည်းပြ ဂရေဟမ် ပေါ့တားနဲ့ လမ်းခွဲခဲ့ပြီးနောက် နည်းပြသစ် ရှာဖွေနေတာဖြစ်ပေမယ့်လည်း အလျင်စလို ရှာဖွေ ခန့်အပ်သွားချင်တဲ့ဆန္ဒမရှိတာဖြစ်ပြီး တော့ဒ် ဘိုလီနဲ့ တာဝန်ရှိသူတွေဟာ နည်းပြသစ် ဖြစ်လာနိုင်တဲ့ နည်းပြလောင်း ၇ ဦးအထိ အင်တာဗျူးသွားမှာဖြစ်ပါတယ်။
ဒါကြောင့် တော့ဒ် ဘိုလီဟာ ယခုရာသီကုန်တဲ့အထိ အသင်းဂန္တဝင် ဖရန့်ခ် လမ်းပတ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်သွားဖို့ စဉ်းစားနေတာဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်မှာ အောင်မြင်မှုမရရှိဘူးဆိုရင် လာမယ့်ရာသီမှာ ဥရောပဝင်ခွင့်တောင် မရရှိနိုင်တဲ့အခြေအနေဖြစ်နေတာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ လာမယ့်အပတ်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အင်္ဂါနေ့ညနေက လီဗာပူးလ်နဲ့ပွဲကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ဘရူနို ဆော့တားက အဲဒီပွဲစဉ်ကို ကိုင်တွယ်မလားဆိုတာ မရေမရာဖြစ်နေတာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ဖရန႔္ခ္ လမ္းပတ္ဟာ ခ်ဲလ္ဆီးအသင္းကို ယခုရာသီကုန္တဲ့အထိ ယာယီနည္းျပအျဖစ္နဲ႔ ကိုင္တြယ္ဖို႔ အခြင့္အေရး ကမ္းလွမ္းျခင္း ခံရဖြယ္ရွိတယ္လို႔ သိရပါတယ္။
ခ်ဲလ္ဆီးဂႏၲဝင္ဟာ လီဗာပူးလ္အသင္းနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲစဥ္မွာ ႐ုန္းကန္ေနရတဲ့ ခ်ဲလ္ဆီးအသင္းကို ၾကည့္ရႈဖို႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္က ပြဲၾကည့္စင္ကို တေက်ာ့ျပန္ ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။
လမ္းပတ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ ဆိုး႐ြားတဲ့ ရလဒ္ေတြေၾကာင့္ အဲဗာတန္အသင္းနည္းျပရာထူးကေန ထုတ္ပယ္ျခင္းခံခဲ့ရၿပီးကတည္းက အသင္းလက္မဲ့ျဖစ္ေနသူျဖစ္ၿပီး အသက္ ၄၄ ႏွစ္အ႐ြယ္ ခ်ဲလ္ဆီးဂႏၲဝင္ရဲ႕ ၿပီးခဲ့တဲ့ ခ်ဲလ္ဆီးနည္းျပဘဝဟာ ၁၈ လအၾကာမွာပဲ အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။
ဖရန႔္ခ္ လမ္းပတ္လက္ေအာက္မွာ ခ်ဲလ္ဆီးအသင္းဟာ အေျပာင္းအေ႐ႊ႕ေစ်းကြက္ ၂ ခုအထိ ကစားသမားသစ္ ေခၚယူခြင့္ ပိတ္ပင္မႈ ခံထားရေပမယ့္လည္း အက္ဖ္ေအဖလား ဗိုလ္လုပြဲ၊ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ နည္းျပ ဂေရဟမ္ ေပါ့တားနဲ႔ လမ္းခြဲခဲ့ၿပီးေနာက္ နည္းျပသစ္ ရွာေဖြေနတာျဖစ္ေပမယ့္လည္း အလ်င္စလို ရွာေဖြ ခန႔္အပ္သြားခ်င္တဲ့ဆႏၵမရွိတာျဖစ္ၿပီး ေတာ့ဒ္ ဘိုလီနဲ႔ တာဝန္ရွိသူေတြဟာ နည္းျပသစ္ ျဖစ္လာႏိုင္တဲ့ နည္းျပေလာင္း ၇ ဦးအထိ အင္တာဗ်ဴးသြားမွာျဖစ္ပါတယ္။
ဒါေၾကာင့္ ေတာ့ဒ္ ဘိုလီဟာ ယခုရာသီကုန္တဲ့အထိ အသင္းဂႏၲဝင္ ဖရန႔္ခ္ လမ္းပတ္ကို ယာယီနည္းျပအျဖစ္ ခန႔္အပ္သြားဖို႔ စဥ္းစားေနတာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မႈမရရွိဘူးဆိုရင္ လာမယ့္ရာသီမွာ ဥေရာပဝင္ခြင့္ေတာင္ မရရွိႏိုင္တဲ့အေျခအေနျဖစ္ေနတာ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ လာမယ့္အပတ္မွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္အျဖစ္ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး အဂၤါေန႔ညေနက လီဗာပူးလ္နဲ႔ပြဲကို တာဝန္ယူကိုင္တြယ္ခဲ့တဲ့ ဘ႐ူႏို ေဆာ့တားက အဲဒီပြဲစဥ္ကို ကိုင္တြယ္မလားဆိုတာ မေရမရာျဖစ္ေနတာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.