Ligue1 Premier League

ရော်နယ်လ်ဒိုရဲ့ ကျောနံပါတ်ကို ပေးပြီး မက်ဆီကို ခေါ်မယ့် မန်ယူနိုက်တက်

ပီအက်စ်ဂျီကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလအတွက် မန်ချက်စတာယူနိုက်တက်ရဲ့ အံ့အားသင့်ဖွယ် ပစ်မှတ်ထားခြင်းခံနေရတယ်လို့ El Nacional က ဖော်ပြခဲ့ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် အိုးထရက်ဖို့ဒ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဂန္တဝင် ကျောနံပါတ် ၇ ကို ဆက်ခံခွင့် ရရှိမှာဖြစ်တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံရဲ့ ပီအက်စ်ဂျီက အနာဂတ်ဟာ လက်ရှိအချိန်မှာ မရေမရာမှုတွေ မြင့်တက်လာနေပြီဖြစ်ပြီး လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပေမယ့်လည်း စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှုအခြေအနေက တိုးတက်လာခြင်းမရှိဘဲ ရပ်တန့်နေတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာနောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ် ၂ ပွဲစလုံးမှာ ပီအက်စ်ဂျီ ပရိသတ်တွေရဲ့ ပစ်မှတ်ထား လှောင်ပြောင်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး ယခုရာသီကုန်မှာ လီဂူးဝမ်းချန်ပီယံတွေကို စွန့်ခွာတော့မှာဖြစ်တယ်လို့ သတင်းဌာနအများအပြားက ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

မန်ချက်စတယူနိုက်တက်က ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာမယ့် လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ သတင်းထွက်ပေါ်လာတဲ့ နောက်ဆုံးအသင်းဖြစ်လာခဲ့ပြီး အဲရစ် တန်ဟက်ရဲ့အသင်းဟာ ရုန်းကန်နေရတဲ့ တိုက်စစ်အတွက် ကမ္ဘာ့အဆင့် ကစားသမားခေါ်ယူမှုပြုလုပ်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဟာရီ ကိန်း၊ ဗစ်တာ အိုဆီမန်တို့လို ကစားသမားတွေနဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း လက်ရှိမှာတော့ ဘလွန်ဒေါ ၇ ဆုရှင်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီၾကယ္ပြင့္ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ လာမယ့္ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြက္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အံ့အားသင့္ဖြယ္ ပစ္မွတ္ထားျခင္းခံေနရတယ္လို႔ El Nacional က ေဖာ္ျပခဲ့ပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္တိုက္စစ္မႉးအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့မယ္ဆိုရင္ အိုးထရက္ဖို႔ဒ္မွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ဂႏၲဝင္ ေက်ာနံပါတ္ ၇ ကို ဆက္ခံခြင့္ ရရွိမွာျဖစ္တယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။

၂၀၂၂ ကမာၻ႔ဖလားခ်န္ပီယံရဲ႕ ပီအက္စ္ဂ်ီက အနာဂတ္ဟာ လက္ရွိအခ်ိန္မွာ မေရမရာမႈေတြ ျမင့္တက္လာေနၿပီျဖစ္ၿပီး လာမယ့္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာ ျဖစ္ေပမယ့္လည္း စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈအေျခအေနက တိုးတက္လာျခင္းမရွိဘဲ ရပ္တန႔္ေနတာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာေနာက္ဆုံးကစားခဲ့တဲ့ အိမ္ကြင္းပြဲစဥ္ ၂ ပြဲစလုံးမွာ ပီအက္စ္ဂ်ီ ပရိသတ္ေတြရဲ႕ ပစ္မွတ္ထား ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရသူျဖစ္ၿပီး ယခုရာသီကုန္မွာ လီဂူးဝမ္းခ်န္ပီယံေတြကို စြန႔္ခြာေတာ့မွာျဖစ္တယ္လို႔ သတင္းဌာနအမ်ားအျပားက ေဖာ္ျပခဲ့ၾကတာျဖစ္ပါတယ္။

မန္ခ်က္စတယူႏိုက္တက္က ပီအက္စ္ဂ်ီအသင္းကေန ထြက္ခြာမယ့္ လီယြန္နယ္ မက္ဆီကို ေခၚယူဖို႔ သတင္းထြက္ေပၚလာတဲ့ ေနာက္ဆုံးအသင္းျဖစ္လာခဲ့ၿပီး အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ ႐ုန္းကန္ေနရတဲ့ တိုက္စစ္အတြက္ ကမာၻ႔အဆင့္ ကစားသမားေခၚယူမႈျပဳလုပ္ဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဟာရီ ကိန္း၊ ဗစ္တာ အိုဆီမန္တို႔လို ကစားသမားေတြနဲ႔ သတင္းေတြ ထြက္ေပၚေနေပမယ့္လည္း လက္ရွိမွာေတာ့ ဘလြန္ေဒါ ၇ ဆုရွင္ကို ေခၚယူဖို႔ ပစ္မွတ္ထားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.