Ligue1

ပီအက်စ်ဂျီရဲ့ တောင်းဆိုမှုကို လိုက်လျောဖို့ ဆန္ဒမရှိတဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် လစာလျှော့ယူဖို့ ကမ်းလှမ်းမှုကို လက်ခံလိုတဲ့ဆန္ဒမရှိဘူးလို့ သိရပါတယ်။

အာဂျင်တီးနားကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့လာပြီးကတည်းက အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပဲရစ်မှာ ဆက်နေဖို့က မဖြစ်နိုင်တော့တဲပုံပေါ်နေပြီဖြစ်ပါတယ်။

ESPN ရဲ့ ဖော်ပြချက်အရ မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်တုန်းက စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆန္ဒရှိခဲ့ပုံပေါ်ခဲ့ပေမယ့်လည်း လစာ ၂၅ ရာခိုင်နှုန်း လျှော့ယူဖို့ တောင်းဆိုမှုကို လက်ခံလိုတဲ့ဆန္ဒမရှိဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းကို ပြန်သွားဖို့ အရင်ကထက်တောင် ပိုမိုနီးစပ်လာနေပုံပေါ်တယ်လို့ အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ သိရပါတယ်။

ပီအက်စ်ဂျီအသင်းအတွက်တော့ လီယွန်နယ် မက်ဆီကို ဆုံးရှုံးရမှာက ၎င်းတို့ရဲ့ စီမံကိန်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာမှာဖြစ်ပေမယ့်လည်း အာဂျင်တီးနားကြယ်ပွင့်ရဲ့ ကြီးမားတဲ့ လစာပမာဏကို လျှော့ချနိုင်မယ်ဆိုရင် FFP နဲ့ ပိုပြီး လိုက်လျောညီထွေ ရှိလာစေမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ လစာေလွ်ာ့ယူဖို႔ ကမ္းလွမ္းမႈကို လက္ခံလိုတဲ့ဆႏၵမရွိဘူးလို႔ သိရပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ရာသီမွာ ဘာစီလိုနာကေန ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက အေကာင္းဆုံးပုံစံမွာ ရွိမေနခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ပဲရစ္မွာ ဆက္ေနဖို႔က မျဖစ္ႏိုင္ေတာ့တဲပုံေပၚေနၿပီျဖစ္ပါတယ္။

ESPN ရဲ႕ ေဖာ္ျပခ်က္အရ မက္ဆီဟာ ကမာၻ႔ဖလားၿပိဳင္ပြဲ မတိုင္ခင္တုန္းက စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ ဆႏၵရွိခဲ့ပုံေပၚခဲ့ေပမယ့္လည္း လစာ ၂၅ ရာခိုင္ႏႈန္း ေလွ်ာ့ယူဖို႔ ေတာင္းဆိုမႈကို လက္ခံလိုတဲ့ဆႏၵမရွိဘူးလို႔ သိရပါတယ္။

လက္ရွိမွာေတာ့ လီယြန္နယ္ မက္ဆီဟာ ဘာစီလိုနာအသင္းကို ျပန္သြားဖို႔ အရင္ကထက္ေတာင္ ပိုမိုနီးစပ္လာေနပုံေပၚတယ္လို႔ အေျပာင္းအေ႐ႊ႕အထူးကြၽမ္းက်င္သူ ဖက္ဘရီဇီယို ႐ိုမာႏိုရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

ပီအက္စ္ဂ်ီအသင္းအတြက္ေတာ့ လီယြန္နယ္ မက္ဆီကို ဆုံးရႈံးရမွာက ၎တို႔ရဲ႕ စီမံကိန္းအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာမွာျဖစ္ေပမယ့္လည္း အာဂ်င္တီးနားၾကယ္ပြင့္ရဲ႕ ႀကီးမားတဲ့ လစာပမာဏကို ေလွ်ာ့ခ်ႏိုင္မယ္ဆိုရင္ FFP နဲ႔ ပိုၿပီး လိုက္ေလ်ာညီေထြ ရွိလာေစမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.