Ligue1

မက်ဆီကို စော်ကားတာက ဘောလုံးကို စော်ကားတာပဲလို့ ပြောလိုက်တဲ့ ဂန်းနားဂန္တဝင်

အီမန်နျူရယ် ပီတစ်က လီယွန်နယ် မက်ဆီကို လှောင်ပြောင်သရော်ခဲ့တဲ့ ပီအက်စ်ဂျီပရိသတ်တွေကို ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး အဲဒီလုပ်ရပ်ဟာ ဘောလုံးကို စော်ကားသလိုမျိုး ခံစားရတယ်လို့ ပြောကြားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့အပတ်မှာ ပီအက်စ်ဂျီပရိသတ်တွေရဲ့ နောက်ထပ်တစ်ကြိမ် လှောင်ပြောင်ခြင်းကို ခံခဲ့ရပြီး လီဂူးဝမ်းကလပ်အသင်း အမာခံပရိသတ်တွေဟာ အာဂျင်တီးနားကြယ်ပွင့်ရဲ့ ချန်ပီယံလိဂ်က စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဟာ ပြီးခဲ့တဲ့ရာသီမှာ ရီးရဲလ်မက်ဒစ်အသင်းကို ရှုံးနိမ့်ပြီး ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရချိန်တုန်းကလည်း ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

TNT Sport နဲ့ စကားပြောရာမှာ အာဆင်နယ်ဂန္တဝင်ကွင်းလယ်ကစားသမား ပီတစ်က ပီအက်စ်ဂျီပရိသတ်တွေဟာ လီယွန်နယ် မက်ဆီကို လှောင်ပြောင်နေခြင်းအားဖြင့် ဘောလုံးကို စော်ကားနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဘာစီလိုနာဂန္တဝင်ကို ဒီလိုအသင်းမျိုးအတွက် မကစားပေးဘဲ ထွက်ခွာဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“လီယိုကို ဝီစီမှုတ်နေနေတာက ဘောလုံးကို စော်ကားနေတာပဲ။ သူ ဒီလိုအသင်းမျိုးကို စွန့်ခွာရမယ်။ ပီအက်စ်ဂျီက ဘောလုံးအသင်းတောင် မဟုတ်ဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အီမန်နျူရယ် ပီတစ်က လီယွန်နယ် မက်ဆီကို လှောင်ပြောင်သရော်ခဲ့တဲ့ ပီအက်စ်ဂျီပရိသတ်တွေကို ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး အဲဒီလုပ်ရပ်ဟာ ဘောလုံးကို စော်ကားသလိုမျိုး ခံစားရတယ်လို့ ပြောကြားခဲ့ပါတယ်။





REF: INTERNET SOURCES
SPORTS A2Z.