Premier League

ဆန်ချိုနဲ့ပတ်သက်ပြီး စိတ်ရှည်သည်းခံနိုင်စွမ်း လျော့နည်းလာနေတဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဟာ ဂျေဒန် ဆန်ချိုနဲ့ပတ်သက်ပြီး စိတ်မရှည်မှုတွေ မြင့်တက်လာနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နယူးကာဆယ်လ် ယူနိုက်တက်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၃ နေရာကနေ အဆင့် ၅ နေရာအထိ ကျဆင်းသွားခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ပျက်စရာစွမ်းဆောင်ရည်အတွက် ဗက်ဟော့စ်ဟာ ပြင်းထန်တဲ့ ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရပြီး ချန်ပီယံလိဂ် မျှော်လင့်ချက်ဟာလည်း သိသာထင်ရှားတဲ့ ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဂျေဒန် ဆန်ချိုဟာ စိန့် ဂျိမ်းစ်ပါ့ခ်မှာ ကစားခဲ့တဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပြီး လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ချိန်မှာလည်း အထင်ကြီးဖွယ် ခြေစွမ်း ပြသနိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ ဒေါ့မွန်အသင်းကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန်တောင်ပံကစားသမားရဲ့ အိုးထရက်ဖို့ဒ်က အချိန်တွေဟာ အဆုံးသတ်တော့မှာဖြစ်ကောင်း ဖြစ်နိုင်တဲ့ပုံစံပေါ်နေပြီ ဖြစ်ပါတယ်။ ဆန်ချိုဟာ ဂါးရတ် ဆောက်ဂိတ်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရပြီးနောက် ၄ ပတ် အနားရခဲ့ပြီး နယ်သာလန်မှာ တစ်ဦးချင်း လေ့ကျင့်ရေးအစီအစဥ်မှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာမှာ ဘဝတစ်ခု စတင်ဖို့ ခက်ခဲခဲ့ပြီးနောက် လူမှုကွန်ရက်နဲ့ ဝေးဝေးနေဖို့ အချိန်ယူခဲ့ရပြီး တန်ဟက်က အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်တဲ့အချိန်ကျရင် ကွင်းထဲ ပြန်လာရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲရစ် တန်ဟက်ဟာ ဂျေဒန် ဆန်ချို ကွင်းထဲ ပြန်လာခဲ့ပြီးနောက် စိတ်ပျက်မှုတွေ မြင့်တက်လာနေတယ်လို့ Manchester Evening News က ဖော်ပြခဲ့ပြီး တကယ်လည်း အသက် ၁၈ နှစ်အရွယ် ဂါနာချိုဟာ ဒဏ်ရာမရရှိခင် အင်္ဂလန်တောင်ပံကြယ်ပွင့်ထက် ပွဲထွက်ခွင့်ပိုမို ရရှိခဲ့တာဖြစ်ပါတယ်။

တန်ဟက်ရဲ့ စိတ်ရှည်သည်းခံမှုဟာ စတင်ပြီး နည်းပါးလာနေပြီဖြစ်ပြီး ယခုရာသီကုန်မှာ ကစားသမား ၆ ဦးအထိ အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ဆန်ချိုအနေနဲ့ ယခုနွေရာသီမှာ ကြီးမားတဲ့ ရှင်းလင်းမှုတွေမှာ တစိတ်တပိုင်းအဖြစ် ပါဝင်ဖွယ်ရှိနေပါတယ်။

ဟာရီ မက်ဂွိင်းယား၊ ဘရန်ဒန် ဝီလီယံစ်၊ အဲလက်စ် တဲလက်စ်၊ အန်သိုနီ မာစီယယ်လ်တို့ကလည်း အသင်းကို စွန့်ခွာသွားဖွယ်ရှိနေပြီး အဲဒီအပြင် စကော့ မက်တော်မီနေးကလည်း နယူးကာဆယ်လ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်တောင်ပံကစားသမားဟာ ဖေဖော်ဝါရီလ အစမှာ တန်ဟက်နဲ့ ၎င်းရဲ့ ပုံကို ပရိုဖိုင်ပုံအဖြစ် ပြောင်းလဲခဲ့ပြီးနောက် ဆန်ချိုနဲ့ ဒတ်ချ်လူမျိုးနည်းပြတို့ကြား ဆက်ဆံရေး ကျိုးပဲ့နေတဲ့သတင်းထွက်ပေါ်လာတာက အံ့အားသင့်စရာ ဖြစ်လာတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ဟာ ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ပတ္သက္ၿပီး စိတ္မရွည္မႈေတြ ျမင့္တက္လာေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ နယူးကာဆယ္လ္ ယူႏိုက္တက္ကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္ ၃ ေနရာကေန အဆင့္ ၅ ေနရာအထိ က်ဆင္းသြားခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ စိတ္ပ်က္စရာစြမ္းေဆာင္ရည္အတြက္ ဗက္ေဟာ့စ္ဟာ ျပင္းထန္တဲ့ ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရၿပီး ခ်န္ပီယံလိဂ္ ေမွ်ာ္လင့္ခ်က္ဟာလည္း သိသာထင္ရွားတဲ့ ထိုးႏွက္ခ်က္နဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

ေဂ်ဒန္ ဆန္ခ်ိဳဟာ စိန႔္ ဂ်ိမ္းစ္ပါ့ခ္မွာ ကစားခဲ့တဲ့ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ျခင္းခံခဲ့ရၿပီး လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားခြင့္ရရွိခဲ့ခ်ိန္မွာလည္း အထင္ႀကီးဖြယ္ ေျခစြမ္း ျပသႏိုင္ျခင္း မရွိခဲ့တာျဖစ္ပါတယ္။

၂၀၂၁ ခုႏွစ္မွာ ေဒါ့မြန္အသင္းကေန မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕လာခဲ့တဲ့ အဂၤလန္ေတာင္ပံကစားသမားရဲ႕ အိုးထရက္ဖို႔ဒ္က အခ်ိန္ေတြဟာ အဆုံးသတ္ေတာ့မွာျဖစ္ေကာင္း ျဖစ္ႏိုင္တဲ့ပုံစံေပၚေနၿပီ ျဖစ္ပါတယ္။ ဆန္ခ်ိဳဟာ ဂါးရတ္ ေဆာက္ဂိတ္ရဲ႕ ကမာၻ႔ဖလားလူစာရင္းကေန ခ်န္လွပ္ျခင္း ခံခဲ့ရၿပီးေနာက္ ၄ ပတ္ အနားရခဲ့ၿပီး နယ္သာလန္မွာ တစ္ဦးခ်င္း ေလ့က်င့္ေရးအစီအစဥ္မွာ ပါဝင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာမွာ ဘဝတစ္ခု စတင္ဖို႔ ခက္ခဲခဲ့ၿပီးေနာက္ လူမႈကြန္ရက္နဲ႔ ေဝးေဝးေနဖို႔ အခ်ိန္ယူခဲ့ရၿပီး တန္ဟက္က အသက္ ၂၃ ႏွစ္အ႐ြယ္ကစားသမားဟာ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာ အဆင္သင့္ျဖစ္တဲ့အခ်ိန္က်ရင္ ကြင္းထဲ ျပန္လာရမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း အဲရစ္ တန္ဟက္ဟာ ေဂ်ဒန္ ဆန္ခ်ိဳ ကြင္းထဲ ျပန္လာခဲ့ၿပီးေနာက္ စိတ္ပ်က္မႈေတြ ျမင့္တက္လာေနတယ္လို႔ Manchester Evening News က ေဖာ္ျပခဲ့ၿပီး တကယ္လည္း အသက္ ၁၈ ႏွစ္အ႐ြယ္ ဂါနာခ်ိဳဟာ ဒဏ္ရာမရရွိခင္ အဂၤလန္ေတာင္ပံၾကယ္ပြင့္ထက္ ပြဲထြက္ခြင့္ပိုမို ရရွိခဲ့တာျဖစ္ပါတယ္။

တန္ဟက္ရဲ႕ စိတ္ရွည္သည္းခံမႈဟာ စတင္ၿပီး နည္းပါးလာေနၿပီျဖစ္ၿပီး ယခုရာသီကုန္မွာ ကစားသမား ၆ ဦးအထိ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာဖို႔ရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနခ်ိန္မွာ ဆန္ခ်ိဳအေနနဲ႔ ယခုေႏြရာသီမွာ ႀကီးမားတဲ့ ရွင္းလင္းမႈေတြမွာ တစိတ္တပိုင္းအျဖစ္ ပါဝင္ဖြယ္ရွိေနပါတယ္။

ဟာရီ မက္ဂြိင္းယား၊ ဘရန္ဒန္ ဝီလီယံစ္၊ အဲလက္စ္ တဲလက္စ္၊ အန္သိုနီ မာစီယယ္လ္တို႔ကလည္း အသင္းကို စြန႔္ခြာသြားဖြယ္ရွိေနၿပီး အဲဒီအျပင္ စေကာ့ မက္ေတာ္မီေနးကလည္း နယူးကာဆယ္လ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

အဂၤလန္ေတာင္ပံကစားသမားဟာ ေဖေဖာ္ဝါရီလ အစမွာ တန္ဟက္နဲ႔ ၎ရဲ႕ ပုံကို ပ႐ိုဖိုင္ပုံအျဖစ္ ေျပာင္းလဲခဲ့ၿပီးေနာက္ ဆန္ခ်ိဳနဲ႔ ဒတ္ခ်္လူမ်ိဳးနည္းျပတို႔ၾကား ဆက္ဆံေရး က်ိဳးပဲ့ေနတဲ့သတင္းထြက္ေပၚလာတာက အံ့အားသင့္စရာ ျဖစ္လာတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.