Premier League

ဗက်ဟော့စ်ကို ရော်နယ်လ်ဒိုနဲ့ နှိုင်းယှဉ်လိုက်တဲ့ နဗီး

ဗောက် ဗက်ဟော့စ်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် မန်ချက်စတာယူနိုက်တက်အသင်းကို အကျိုးပြုသေးတယ်လို့ ဂယ်ရီ နဗီးက ပြောကြားခဲ့ပါတယ်။

ဂယ်ရီ နဗီးက တနင်္လာနေ့မှာ အဲဗာတန်အသင်းက တော့တင်ဟမ်ဟော့စပါးနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲအပြီးမှာ ဗက်ဟော့စ်ရဲ့ မန်ချက်စတာယူနိုက်တက်က အကျိုးသက်ရောက်မှုကို ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ နှိုင်းယှဉ်ခဲ့တာဖြစ်ပါတယ်။

နဗီးက ကိန်းဂဏန်းအချက်အလက်တွေကို အသုံးပြုပြီး ဗက်ဟော့စ်နဲ့ ရော်နယ်လ်ဒိုကို နှိုင်းယှဉ်ခဲ့တာဖြစ်ပြီး ဒတ်ချ်တိုက်စစ်မှူး ကစားပေးချိန်မှာ မန်ချက်စတာယူနိုက်တက် သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးအရေအတွက်ကို အသားပေးပြောဆိုခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလမှာ အိုးထရက်ဖို့ဒ်ကို အငှားနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ဒတ်ချ် တိုက်စစ်မှူးဟာ ပြိုင်ပွဲစုံ ၁၉ ပွဲ ပွဲထွက်ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ၎င်းရဲ့အသင်းက ၁၉ ပွဲမှာ ၁၂ ပွဲအထိ အနိုင်ရခဲ့ရာမှာ ၃၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒို ၁၉ ပွဲ ပွဲထွက်ပါဝင်ကစားပေးခဲ့ချိန်မှာ မန်ချက်စတာယူနိုက်တက်က ၉ ပွဲသာ အနိုင်ရရှိခဲ့ပြီး အသင်းလိုက်သွင်းဂိုးကလည်း ၂၃ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါဟာ ဘာကြောင့် ဗက်ဟော့စ်က ဆက်ကစားနေရပြီး ရော်နယ်လ်ဒိုက အသင်းမှာ မရှိတော့တဲ့ အကြောင်းအရင်းဖြစ်တယ်လို့ နဗီးက ပြောဆိုခဲ့ပြီး မန်ယူနိုက်တက် တိုက်စစ်မှူးဖြစ်ရလောက်အောင် မကောင်းတဲ့သူက အသင်းအတွက် ပိုမိုအကျိုးပြုပေးနေတာက ဘောလုံးရဲ့ ထူးဆန်းမှုဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဗာက္ ဗက္ေဟာ့စ္ဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုထက္ မန္ခ်က္စတာယူႏိုက္တက္အသင္းကို အက်ိဳးျပဳေသးတယ္လို႔ ဂယ္ရီ နဗီးက ေျပာၾကားခဲ့ပါတယ္။

ဂယ္ရီ နဗီးက တနလၤာေန႔မွာ အဲဗာတန္အသင္းက ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ၁-၁ သေရက်ခဲ့တဲ့ပြဲအၿပီးမွာ ဗက္ေဟာ့စ္ရဲ႕ မန္ခ်က္စတာယူႏိုက္တက္က အက်ိဳးသက္ေရာက္မႈကို ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ႏႈိင္းယွဥ္ခဲ့တာျဖစ္ပါတယ္။

နဗီးက ကိန္းဂဏန္းအခ်က္အလက္ေတြကို အသုံးျပဳၿပီး ဗက္ေဟာ့စ္နဲ႔ ေရာ္နယ္လ္ဒိုကို ႏႈိင္းယွဥ္ခဲ့တာျဖစ္ၿပီး ဒတ္ခ်္တိုက္စစ္မႉး ကစားေပးခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္ သြင္းယူႏိုင္ခဲ့တဲ့ သြင္းဂိုးအေရအတြက္ကို အသားေပးေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဇန္နဝါရီလမွာ အိုးထရက္ဖို႔ဒ္ကို အငွားနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ဒတ္ခ်္ တိုက္စစ္မႉးဟာ ၿပိဳင္ပြဲစုံ ၁၉ ပြဲ ပြဲထြက္ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂ ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ၎ရဲ႕အသင္းက ၁၉ ပြဲမွာ ၁၂ ပြဲအထိ အႏိုင္ရခဲ့ရာမွာ ၃၇ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒို ၁၉ ပြဲ ပြဲထြက္ပါဝင္ကစားေပးခဲ့ခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္က ၉ ပြဲသာ အႏိုင္ရရွိခဲ့ၿပီး အသင္းလိုက္သြင္းဂိုးကလည္း ၂၃ ဂိုးသာ သြင္းယူထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အဲဒါဟာ ဘာေၾကာင့္ ဗက္ေဟာ့စ္က ဆက္ကစားေနရၿပီး ေရာ္နယ္လ္ဒိုက အသင္းမွာ မရွိေတာ့တဲ့ အေၾကာင္းအရင္းျဖစ္တယ္လို႔ နဗီးက ေျပာဆိုခဲ့ၿပီး မန္ယူႏိုက္တက္ တိုက္စစ္မႉးျဖစ္ရေလာက္ေအာင္ မေကာင္းတဲ့သူက အသင္းအတြက္ ပိုမိုအက်ိဳးျပဳေပးေနတာက ေဘာလုံးရဲ႕ ထူးဆန္းမႈျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.