ဟိုဆေး မော်ရင်ညိုဟာ ရိုးမားအသင်း ပရိသတ်တွေဆီကနေ လူမျိုးရေးခွဲခြားတဲ့ ကြွေးကြော်အော်ဟစ်မှုတွေ ခံနေရတဲ့ ဆမ်ဒိုးရီးယားနည်းပြ ဒီယန် စတန်ကိုဗစ်ကို ကာကွယ်ပေးပြီး ၎င်းရဲ့အဆင့်အတန်းကို ပြသခဲ့ပါတယ်။
မော်ရင်ညိုဟာ ၎င်းရဲ့ အင်တာမီလန်ကစားသမားဟောင်းဖြစ်တဲ့ ဆမ်ဒိုးရီးယားနည်းပြ စတန်ကိုဗစ်နဲ့ ပြန်လည်ဆုံစည်းခဲ့တာဖြစ်ပြီး အိုလင်ပီကိုကွင်းထဲက ပွဲမစတင်ခင်မှာ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီးပွေ့ဖက်နှုတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပေါ်တူဂီလူမျိုးနည်းပြဟာ ၎င်းတို့ရဲ့ကြား ဆက်ဆံရေးရဲ့ အရေးပါပုံကို သိပ်မကြာခင် အချိန်အတွင်းမှာ ပြသခဲ့တာဖြစ်ပြီး ဆမ်ဒိုးရီးယားက တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာကြောင့် ဆားဘီးယားလူမျိုးနည်းပြက ဒေါသတကြီး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
ကံဆိုးစွာနဲ့ပဲ စတန်ကိုဗစ်ရဲ့ တုံ့ပြန်မှုက ရိုးမားအသင်း အစွန်းရောက်ပရိသတ်တွေဆီကနေ လူမျိုးရေးခွဲခြားတဲ့ကြွေးကြော်သံတွေကို ဖိတ်ခေါ်သလိုဖြစ်ခဲ့တယ်လို့ Barstool Football က ဖော်ပြခဲ့ပါတယ်။ စတန်ကိုဗစ်ဟာ ကစားသမားဘဝတုန်းက ရိုးမားရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ လာဇီယိုအတွက် ကစားပေးခဲ့ဖူးသူဖြစ်ပြီး အဲဒီမှာ ကစားခဲ့တဲ့အချိန်တုန်းကလည်း မကြာခဏဆိုသလို လူမျိုးရေးခွဲခြားခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
Jose Mourinho ordering Roma's fans to stop racist chants against Sampdoria manager Dejan Stankovic.
So sad this has to happen.
— Barstool Football (@StoolFootball) April 2, 2023
ဒါပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ မော်ရင်ညိုဟာ ပရိသတ်တွေကို ၎င်းတို့ရဲ့ ကြွေးကြော်သံတွေ ရပ်တန့်သွားအောင် ကြိုးပမ်းဖို့အတွက် ကြားဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နည်းစနစ်ဧရိယာကနေ ထွက်ပြီးနောက် ပရိသတ်တွေရှိရာကို လျှောက်သွားပြီး ရပ်တန့်ဖို့ လက်ဟန်ခြေဟန် ပြသခဲ့တာဖြစ်ပါတယ်။
မော်ရင်ညိုဟာ ရိုးမားအစွန်းရောက်ပရိသတ်တွေရဲ့ လုပ်ရပ်ကြောင့် မပျော်မရွှင်ဖြစ်နေတာ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေဟာ သိပ်မကြာခင်မှာ ကြွေးကြော်သံတွေကို ရပ်တန့်လိုက်ပြီး လှောင်ပြောင်သံတွေကို ပြောင်းလဲလိုက်တာကြောင့် ရိုးမားနည်းပြရဲ့ လုပ်ဆောင်ချက်က အလုပ်ဖြစ်ခဲ့ပုံပေါ်ပါတယ်။
ချဲလ်ဆီးနည်းပြဟောင်းက လူမျိုးရေးခွဲခြားတဲ့ ကြွေးကြော်သံတွေကို ရပ်တန့်လိုက်တဲ့ ပရိသတ်တွေကို လက်မထောင်ပြခဲ့ပြီး ပွဲအပြီးမှာ အဲဒီအပြုအမူနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာ လုပ်ရပ်အတိုင်းပဲ အဆင့်အတန်းရှိတဲ့ တုံ့ပြန်မှုကို ပေးခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် ဒါကို အရမ်းတော်တဲ့လူ၊ အရမ်းကောင်းတဲ့မိတ်ဆွေတစ်ယောက်အတွက် လုပ်ခဲ့တာပါ။ သူ့မှာ ကလေးတွေနဲ့ မိသားစုရှိပါတယ်။ ကျွန်တော်တို့ ပရိသတ်တွေက အရမ်းကောင်းပေမယ့် ကျွန်တော့်သူငယ်ချင်းတွေကိုတော့ ထိလို့မရပါဘူး။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ဟိုေဆး ေမာ္ရင္ညိဳဟာ ႐ိုးမားအသင္း ပရိသတ္ေတြဆီကေန လူမ်ိဳးေရးခြဲျခားတဲ့ ေႂကြးေၾကာ္ေအာ္ဟစ္မႈေတြ ခံေနရတဲ့ ဆမ္ဒိုးရီးယားနည္းျပ ဒီယန္ စတန္ကိုဗစ္ကို ကာကြယ္ေပးၿပီး ၎ရဲ႕အဆင့္အတန္းကို ျပသခဲ့ပါတယ္။
ေမာ္ရင္ညိဳဟာ ၎ရဲ႕ အင္တာမီလန္ကစားသမားေဟာင္းျဖစ္တဲ့ ဆမ္ဒိုးရီးယားနည္းျပ စတန္ကိုဗစ္နဲ႔ ျပန္လည္ဆုံစည္းခဲ့တာျဖစ္ၿပီး အိုလင္ပီကိုကြင္းထဲက ပြဲမစတင္ခင္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ ရင္းရင္းႏွီးႏွီးေပြ႕ဖက္ႏႈတ္ဆက္ခဲ့ၾကတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ေပၚတူဂီလူမ်ိဳးနည္းျပဟာ ၎တို႔ရဲ႕ၾကား ဆက္ဆံေရးရဲ႕ အေရးပါပုံကို သိပ္မၾကာခင္ အခ်ိန္အတြင္းမွာ ျပသခဲ့တာျဖစ္ၿပီး ဆမ္ဒိုးရီးယားက တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရတာေၾကာင့္ ဆားဘီးယားလူမ်ိဳးနည္းျပက ေဒါသတႀကီး တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။
ကံဆိုးစြာနဲ႔ပဲ စတန္ကိုဗစ္ရဲ႕ တုံ႔ျပန္မႈက ႐ိုးမားအသင္း အစြန္းေရာက္ပရိသတ္ေတြဆီကေန လူမ်ိဳးေရးခြဲျခားတဲ့ေႂကြးေၾကာ္သံေတြကို ဖိတ္ေခၚသလိုျဖစ္ခဲ့တယ္လို႔ Barstool Football က ေဖာ္ျပခဲ့ပါတယ္။ စတန္ကိုဗစ္ဟာ ကစားသမားဘဝတုန္းက ႐ိုးမားရဲ႕ၿပိဳင္ဘက္ေတြျဖစ္တဲ့ လာဇီယိုအတြက္ ကစားေပးခဲ့ဖူးသူျဖစ္ၿပီး အဲဒီမွာ ကစားခဲ့တဲ့အခ်ိန္တုန္းကလည္း မၾကာခဏဆိုသလို လူမ်ိဳးေရးခြဲျခားျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။
Jose Mourinho ordering Roma's fans to stop racist chants against Sampdoria manager Dejan Stankovic.
So sad this has to happen.
— Barstool Football (@StoolFootball) April 2, 2023
ဒါေပမယ့္လည္း ဒီတစ္ႀကိမ္မွာေတာ့ ေမာ္ရင္ညိဳဟာ ပရိသတ္ေတြကို ၎တို႔ရဲ႕ ေႂကြးေၾကာ္သံေတြ ရပ္တန႔္သြားေအာင္ ႀကိဳးပမ္းဖို႔အတြက္ ၾကားဝင္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး နည္းစနစ္ဧရိယာကေန ထြက္ၿပီးေနာက္ ပရိသတ္ေတြရွိရာကို ေလွ်ာက္သြားၿပီး ရပ္တန႔္ဖို႔ လက္ဟန္ေျခဟန္ ျပသခဲ့တာျဖစ္ပါတယ္။
ေမာ္ရင္ညိဳဟာ ႐ိုးမားအစြန္းေရာက္ပရိသတ္ေတြရဲ႕ လုပ္ရပ္ေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ေနတာ ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ခဲ့ရၿပီး ပရိသတ္ေတြဟာ သိပ္မၾကာခင္မွာ ေႂကြးေၾကာ္သံေတြကို ရပ္တန႔္လိုက္ၿပီး ေလွာင္ေျပာင္သံေတြကို ေျပာင္းလဲလိုက္တာေၾကာင့္ ႐ိုးမားနည္းျပရဲ႕ လုပ္ေဆာင္ခ်က္က အလုပ္ျဖစ္ခဲ့ပုံေပၚပါတယ္။
ခ်ဲလ္ဆီးနည္းျပေဟာင္းက လူမ်ိဳးေရးခြဲျခားတဲ့ ေႂကြးေၾကာ္သံေတြကို ရပ္တန႔္လိုက္တဲ့ ပရိသတ္ေတြကို လက္မေထာင္ျပခဲ့ၿပီး ပြဲအၿပီးမွာ အဲဒီအျပဳအမူနဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ လုပ္ရပ္အတိုင္းပဲ အဆင့္အတန္းရွိတဲ့ တုံ႔ျပန္မႈကို ေပးခဲ့တာျဖစ္ပါတယ္။
“ကြၽန္ေတာ္ ဒါကို အရမ္းေတာ္တဲ့လူ၊ အရမ္းေကာင္းတဲ့မိတ္ေဆြတစ္ေယာက္အတြက္ လုပ္ခဲ့တာပါ။ သူ႔မွာ ကေလးေတြနဲ႔ မိသားစုရွိပါတယ္။ ကြၽန္ေတာ္တို႔ ပရိသတ္ေတြက အရမ္းေကာင္းေပမယ့္ ကြၽန္ေတာ့္သူငယ္ခ်င္းေတြကိုေတာ့ ထိလို႔မရပါဘူး။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.