Ligue1

လိုင်ယွန်နဲ့ပွဲမတိုင်ခင် လုပ်ရပ်ကြောင့် ဝေဖန်ခံနေရတဲ့ ဥက္ကဌကြီး

သစ္စာရှိမှု၊ စိတ်အားထက်သန်မှုတို့ကို ပြသတဲ့အနေနဲ့ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး အမ်ဘာပေဟာ လိုင်ယွန်နဲ့ ပွဲမတိုင်ခင် အသင်းရဲ့ အမာခံပရိသတ်တွေနဲ့ စုရုံးဖို့ လမ်းမပေါ် ထွက်ခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ မင်းသားများ ကွင်းအပြင်ဘက်က ပီအက်စ်ဂျီအမာခံပရိသတ်အဖွဲ့ K-Soce အဖွဲ့ရဲ့ ၁၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲမှာ မီးရှူးတိုင်ကို ထွန်းညှိပေးခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ဖလား၊ ချန်ပီယံလိဂ်ပြိုင်ပွဲတို့ကနေ ထွက်ခွာခဲ့ရပြီးဖြစ်ပေမယ့်လည်း အမ်ဘာပေက ပရိသတ်တွေကို အသင်းကစားသမားတွေက ရာသီကို မြင့်မားတဲ့နေရာမှာ အဆုံးသတ်ဖို့ ဆက်လက် နှစ်မြှုပ်ထားဆဲဖြစ်တယ်ဆိုတာကို အာမခံချင်ခဲ့တာဖြစ်ပါတယ်။

ခီလီယန် အမ်ဘာပေက စိတ်အားထက်သန်စွာ မိန့်ခွန်းပြောကြားဖို့ စင်မြင့်ပေါ် တက်ချိန်မှာ ပတ်ဝန်းကျင်တစ်ခုလုံးက စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေခဲ့ပြီး ပြီးတဲ့နောက်မှာတော့ မီးထွန်းညှိထားတဲ့ မီးရှူးတိုင်ကို ကိုင်ဆောင်ထားတဲ့ ပီအက်စ်ဂျီအမာခံပရိသတ်အဖွဲ့နဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

အဲဒီဗီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ လျင်လျင်မြန်မြန် ပျံ့နှံ့သွားခဲ့ပြီး ပရိသတ်အချို့ကတော့ ပီအာ စတန့်ထွင်မှုလို့ ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။

“သူက ဘောလုံးအပေါ်မှာ အာရုံမစိုက်ဘူး။ သူက ဟာဇက်လိုပဲ ခြေကျသွားလိမ့်မယ်”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “သူ့ရဲ့ စံပြပုဂ္ဂိုလ် ပင်နယ်ဒိုအတိုင်းပဲ ပီအာ စတန့်ထွင်နေတာ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: သစၥာရွိမႈ၊ စိတ္အားထက္သန္မႈတို႔ကို ျပသတဲ့အေနနဲ႔ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး အမ္ဘာေပဟာ လိုင္ယြန္နဲ႔ ပြဲမတိုင္ခင္ အသင္းရဲ႕ အမာခံပရိသတ္ေတြနဲ႔ စု႐ုံးဖို႔ လမ္းမေပၚ ထြက္ခဲ့ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ မင္းသားမ်ား ကြင္းအျပင္ဘက္က ပီအက္စ္ဂ်ီအမာခံပရိသတ္အဖြဲ႕ K-Soce အဖြဲ႕ရဲ႕ ၁၅ ႏွစ္ျပည့္ အထိမ္းအမွတ္ပြဲမွာ မီးရႉးတိုင္ကို ထြန္းညႇိေပးခဲ့တာကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ျပင္သစ္ဖလား၊ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတို႔ကေန ထြက္ခြာခဲ့ရၿပီးျဖစ္ေပမယ့္လည္း အမ္ဘာေပက ပရိသတ္ေတြကို အသင္းကစားသမားေတြက ရာသီကို ျမင့္မားတဲ့ေနရာမွာ အဆုံးသတ္ဖို႔ ဆက္လက္ ႏွစ္ျမႇဳပ္ထားဆဲျဖစ္တယ္ဆိုတာကို အာမခံခ်င္ခဲ့တာျဖစ္ပါတယ္။

ခီလီယန္ အမ္ဘာေပက စိတ္အားထက္သန္စြာ မိန႔္ခြန္းေျပာၾကားဖို႔ စင္ျမင့္ေပၚ တက္ခ်ိန္မွာ ပတ္ဝန္းက်င္တစ္ခုလုံးက စိတ္လႈပ္ရွားမႈေတြ ျပည့္ႏွက္ေနခဲ့ၿပီး ၿပီးတဲ့ေနာက္မွာေတာ့ မီးထြန္းညႇိထားတဲ့ မီးရႉးတိုင္ကို ကိုင္ေဆာင္ထားတဲ့ ပီအက္စ္ဂ်ီအမာခံပရိသတ္အဖြဲ႕နဲ႔ ပူးေပါင္းခဲ့တာျဖစ္ပါတယ္။

အဲဒီဗီဒီယိုဖိုင္ဟာ အြန္လိုင္းေပၚမွာ လ်င္လ်င္ျမန္ျမန္ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး ပရိသတ္အခ်ိဳ႕ကေတာ့ ပီအာ စတန႔္ထြင္မႈလို႔ ေခၚေဝၚခဲ့ၾကတာျဖစ္ပါတယ္။

“သူက ေဘာလုံးအေပၚမွာ အာ႐ုံမစိုက္ဘူး။ သူက ဟာဇက္လိုပဲ ေျခက်သြားလိမ့္မယ္”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “သူ႔ရဲ႕ စံျပပုဂၢိဳလ္ ပင္နယ္ဒိုအတိုင္းပဲ ပီအာ စတန႔္ထြင္ေနတာ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.