Premier League

ရာသီကုန် အမှတ်ပေးဇယားကို ဟောကိန်းထုတ်လိုက်တဲ့ စူပါကွန်ပျူတာ

ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲဟာ ရာသီပိတ်ပွဲစဉ်အထိ ပြိုင်ဆိုင်မှု ပြင်းထန်တော့မယ့်ပုံပေါ်နေပြီး မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ဟာ အင်္ဂလန်ရဲ့ ချန်ပီယံဘွဲ့ကို ခံယူနိုင်ဖို့ တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းက ၃ ကြိမ်ဆက် ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ ကြိုးပမ်းနေချိန်မှာ အာဆင်နယ်အသင်းကလည်း ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ် ဦးဆောင်နေပေမယ့်လည်း အဓိကပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးထက် ၁ ပွဲ ပိုကစားထားပြီး ဒီ ၂ သင်းဟာ ဧပြီလ ၂၆ ရက်နေ့ အစ်တီဟတ်မှာ တွေ့ဆုံယှဉ်ပြိုင်သွားဖို့ ရှိနေတာက ဒီရာသီ ဆုဖလားပြိုင်ပွဲရဲ့ ချန်ပီယံကို အဓိကအဆုံးအဖြတ်ပေးမယ့် ပွဲစဉ်ဖြစ်လာတော့မှာဖြစ်ပါတယ်။

ထိပ်ဆုံး ၄ နေရာပြိုင်ပွဲအတွက်လည်း အံ့အားသင့်ဖွယ် အဆုံးသတ်ဖြစ်လာတော့မယ့်ပုံပေါ်ပြီး နယူးကာဆယ်လ်၊ မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်၊ ဘရိုက်တန်၊ ဘရန့်တ်ဖို့ဒ်နဲ့ လီဗာပူးလ်တို့အားလုံးဟာ ချန်ပီယံလိဂ်ဝင်ခွင့် နောက်ဆုံး ၂ နေရာအတွက် တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အမှတ်ပေးဇယားအောက်ခြေမှာလည်း အသင်း ၉ သင်းဟာ တန်းဆင်းရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး အဆင့် ၁၁ နေရာက ခရစ္စတယ် ပဲလေ့စ်နဲ့ အဆင့် ၂၀ နေရာက ဆောက်သမ်တန်တို့ကြားမှာ ၇ မှတ်သာ ကွာဟချက်ရှိနေတာဖြစ်ပါတယ်။

Bettingexpert ရဲ့ စူပါကွန်ပျူတာက ရမှတ်တွေ၊ မျှော်မှန်းသွင်းဂိုးတွေ၊ မျှော်မှန်းပေးဂိုးတွေကိုပါ ထည့်သွင်းတွက်ချက်ပြီး အကြိမ်ပေါင်း ၁၀၀၀၀၀ အထိ အလိုအလျောက် ကစားစေခဲ့ပြီးနောက် နောက်ဆုံး ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဟောကိန်းထုတ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့ ရလဒ်တွေအရ အာဆင်နယ်ဟာ မန်ချက်စတာစီးတီးအသင်းကို ၃ မှတ်အသာနဲ့ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးသွားမယ်လို့ သိရပြီး ဂန်းနားတွေက ပျမ်းမျှ ၈၈.၁ မှတ်၊ မန်စီးတီးက ၈၅.၂ မှတ်နဲ့ ရာသီပြီးဆုံးမယ်လို့ အဖြေထွက်ခဲ့ပါတယ်။

နယူးကာဆယ်လ်ယူနိုက်တက်ကတော့ ပျမ်းမျှ ၇၁.၂ မှတ်နဲ့ တတိယနေရာမှာ ရာသီပြီးဆုံးမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က ၆၉.၃ မှတ်နဲ့ စတုတ္ထနေရာမှာ ရ့ပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းကတော့ ၆၄.၁ မှတ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ကပ်လွဲမှာဖြစ်ပြီး ပြီးတဲ့နောက်မှာ ဘရိုက်တန်(၆၂.၉ မှတ်)၊ လီဗာပူးလ်(၆၀.၇ မှတ်)၊ ဘရန့်တ်ဖို့ဒ်(၅၄.၆ မှတ်)နဲ့ ရပ်တည်နေကြတာဖြစ်ပါတယ်။

အမှတ်ပေးဇယား တစ်ဖက်အဆုံးမှာတော့မှာ ဆောက်သမ်တန်က ၃၃.၄ မှတ်နဲ့ အဆင့် ၂၀ နေရာကနေ တန်းဆင်းသွားမယ်လို့ မျှော်မှန်းခြင်းခံထားရပြီး အဲဗာတန်ကလည်း ၁၉၅၀-၁၉၅၁ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ကနေ တန်းဆင်းရမယ်လို့ သိရပါတယ်။

နော်တင်ဟမ်ဖောရက်စ်ကလည်း ၃၆.၂ မှတ်နဲ့ အဲဗာတန်ထက် ဂိုးကွာခြားချက်နဲ့ အဆင့် ၁၈ နေရာကနေ ချန်ပီယံရှစ်ကို တန်းဆင်းမယ့် အသင်းဖြစ်လာမယ်လို့ ဟောကိန်းထုတ်ခံခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲဟာ ရာသီပိတ်ပွဲစဉ်အထိ ပြိုင်ဆိုင်မှု ပြင်းထန်တော့မယ့်ပုံပေါ်နေပြီး မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ဟာ အင်္ဂလန်ရဲ့ ချန်ပီယံဘွဲ့ကို ခံယူနိုင်ဖို့ တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။