Premier League

ရာထူးကနေ ထုတ်ပေးဖို့ ကိုယ်တိုင် တောင်းဆိုခဲ့တဲ့ ပေါ့တား

ဂယ်ရီ နဗီးက ပေါ့တားဟာ ချဲလ်ဆီးအသင်းကို စွန့်ခွာရတာကို ဝမ်းသာနေမှာဖြစ်ပြီး စပါးစ်နည်းပြဟောင်း ပိုချက်တီနိက နည်းပြသစ်ဖြစ်လာဖို့ သင့်တော်တဲ့သူလို့ ပြောကြားခဲ့ပါတယ်။

ပေါ့တားဟာ အက်စတန် ဗီလာကို အိမ်ကွင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး အသင်းက အမှတ်ပေးဇယား အဆင့် ၁၁ နေရာအထိ ကျဆင်းခဲ့ပြီးနောက် တနင်္ဂနွေနေ့ညမှာ ချဲလ်ဆီးနည်းပြ ရာထူးကနေ ထုတ်ပယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလိပ်လူမျိုးနည်းပြဟာ ကစားသမားတွေရဲ့ လေးစားမှု၊ ပရိသတ်တွေရဲ့ ချစ်ခင်မှု၊ ချဲလ်ဆီးအသင်းပိုင်ရှင်သစ်တွေနဲ့ အလုပ်လုပ်ဆောင်ရာမှာ ရုန်းကန်နေခဲ့ရတယ်လို့ အမြဲတမ်း ထင်ကြေးပေးခံခဲ့ရတာဖြစ်ပြီး ကွင်းအတွင်းက ရလဒ်တွေကလည်း ၃၁ ပွဲမှာ ၁၂ ပွဲသာ အနိုင်ရရှိခဲ့ပြီး မကောင်းမွန်ခဲ့တာဖြစ်ပါတယ်။

ဂယ်ရီ နဗီးက ဒီလိုမျိုး ဝရုန်းသုန်းကားဖြစ်နေတဲ့ အသင်းကို စွန့်ခွာခဲ့ရတာက ဂရေဟမ် ပေါ့တားအတွက် စိတ်သက်သာရာ ရစရာဖြစ်ခဲ့လိမ့်မယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

“ဂရေဟမ် ပေါ့တားက လူကောင်းတစ်ယောက်ပါ။ သူက ရာထူးကနေ ထုတ်ခံရပြီးနောက်မှာ အိမ်ကို သွားခဲ့မှာဖြစ်ပြီး စိတ်သက်သာရာရခဲ့မယ်ဆိုတာ ကျွန်တော် လောင်းရဲတယ်။ သူ ချဲလ်ဆီးမှာ ရှိနေရတာကို ပျော်ရွှင်နေတယ်လို့ ကျွန်တော် မထင်ဘူး။ သူက အဲဒါဟာ စိတ်ညစ်စရာလို့ ထင်ခဲ့မယ်ဆိုတာ ကျွန်တော် လောင်းရဲတယ်။ ဘောလုံးအပေါ် အမြင်နဲ့ပတ်သက်ပြီး သူ မြင်နေကျ အမြင်နဲ့ နောက်ကွယ်မှာ ဘာတွေ ဖြစ်နေခဲ့လဲဆိုတာကို သူ တွေ့ခဲ့ပါလိမ့်မယ်”

“သူတို့တွေ ပီတာ ချက်နဲ့ မာရီနာတို့ကို ရာသီအစမှာ ဆုံးရှုံးခဲ့ရတယ်။ အဲဒါက စီစဉ်မထားဘဲ ဖြစ်ခဲ့တာပါ။ သူတို့တွေ တူဟယ်ကို ဆုံးရှုံးခဲ့တယ်။ ဒါလည်း စီစဉ်မထားခဲ့ဘဲ ဖြစ်တာ။ သူ အသင်းကို ကြီးမားတဲ့ အကူးအပြောင်းကာလမှာ ရောက်လာခဲ့တယ်။ သူတို့(တော့ဒ် ဘိုလီနဲ့ အပေါင်းအပါများ)က ပေါင်သန်းပေါင်းများစွာ ပေးခဲ့တယ်။ သူတို့တွေ လုပ်နေတာတွေက မှန်ကန်လားဆိုတာ သူတို့မသိဘူး။ သူတို့တွေက ဒီအလုပ်ကို သင်ယူနေကြတာပါ။ သူက ဒီလူတွေ ရူးနေပြီလို့ ထင်ကောင်း ထင်ခဲ့ပါလိမ့်မယ်။ ကျွန်တော် ဂရေဟမ် ပေါ့တားက ဝင်စတန်လီဆီသွားပြီး ကျွန်တော့်ကို ဒီကနေ ထုတ်ပေးပါတော့လို့ ပြောခဲ့တယ်လို့ တက်ယ သံသယရှိပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပေါ့တားနေရာမှာ ဘယ်သူ့ကို အစားထိုးမလဲဆိုတဲ့အကြောင်းအရာအပေါ်မှာ အာရုံစိုက်နေကြပြီဖြစ်ပြီး ဘိုင်ယန်မြူးနစ်နည်းပြဟောင်း နာဂယ်စ်မန်း၊ ဘာစီလိုနာနည်းပြဟောင်း အန်နရီကေး၊ နာပိုလီနည်းပြ စပယ်လက်တီနဲ့ စပါးစ်နည်းပြဟောင်း ပိုချက်တီနိုတို့က နည်းပြသစ်ဖြစ်လာနိုင်တဲ့စာရင်းထဲမှာ ပါဝင်နေကြတာဖြစ်ပါတယ်။

ဂယ်ရီ နဗီးက ပိုချက်တီနိုဟာ ချဲလ်ဆီးအသင်းအတွက် အသင့်တော်ဆုံးလူဖြစ်တယ်လို့ ထင်မြင်နေပြီး အာဂျင်တီးနားလူမျိုးနည်းပြက ကစားသမားသစ်ခေါ်ယူမှုတွေနဲ့ပတ်သက်ပြီး ပြဿနာမရှိလောက်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ချဲလ်ဆီးအသင်းနဲ့ ဘိုလီတို့ ပြောမှာက သူတို့တွေ ပေါင်သန်း ၆၀၀ သုံးခဲ့ပြီး လာမယ့် ၃ နှစ်အထိ အထောင်တိုက်စစ်မှူးနေရာကလွဲရင် ကျန်တဲ့နေရာအတွက် ငွေသုံးပြီးပြီဆိုတာပဲ။ သူတို့တွေ ဇီဒန်း၊ ဆီမြွန်နီ၊ အန်နရီကေးတို့ကို ခေါ်ယူမယ်ဆိုရင် သူတို့တွေက နောက်ထပ် ပေါင်သန်း ၃၀၀ လောက် သုံးချင်မှာပဲ။ ဘာလို့လဲဆိုတော့ သူတို့တွေ ခု ချဲလ်ဆီးက ခေါ်ထားတဲ့ ကစားသမားအချို့ကို သဘောကျမှာမဟုတ်လို့ပါ။ သူတို့တွေက ခုရှိနေပြီးသား လူစာရင်းကို ဆက်ခံမယ့် နည်းပြကိုပဲ ခန့်အပ်ရမှာပါ။ အဲဒီလူက ပိုချက်တီနိုလို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ ချဲလ်ဆီအသင်းခေါ်ခဲ့တဲ့ကစားသမားတွေထဲက အများအပြားက လူငယ်တွေမို့လို့ပါ။”လို့ ပြောကြားသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂယ္ရီ နဗီးက ေပါ့တားဟာ ခ်ဲလ္ဆီးအသင္းကို စြန႔္ခြာရတာကို ဝမ္းသာေနမွာျဖစ္ၿပီး စပါးစ္နည္းျပေဟာင္း ပိုခ်က္တီနိက နည္းျပသစ္ျဖစ္လာဖို႔ သင့္ေတာ္တဲ့သူလို႔ ေျပာၾကားခဲ့ပါတယ္။

ေပါ့တားဟာ အက္စတန္ ဗီလာကို အိမ္ကြင္းမွာ ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး အသင္းက အမွတ္ေပးဇယား အဆင့္ ၁၁ ေနရာအထိ က်ဆင္းခဲ့ၿပီးေနာက္ တနဂၤေႏြေန႔ညမွာ ခ်ဲလ္ဆီးနည္းျပ ရာထူးကေန ထုတ္ပယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

အဂၤလိပ္လူမ်ိဳးနည္းျပဟာ ကစားသမားေတြရဲ႕ ေလးစားမႈ၊ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈ၊ ခ်ဲလ္ဆီးအသင္းပိုင္ရွင္သစ္ေတြနဲ႔ အလုပ္လုပ္ေဆာင္ရာမွာ ႐ုန္းကန္ေနခဲ့ရတယ္လို႔ အၿမဲတမ္း ထင္ေၾကးေပးခံခဲ့ရတာျဖစ္ၿပီး ကြင္းအတြင္းက ရလဒ္ေတြကလည္း ၃၁ ပြဲမွာ ၁၂ ပြဲသာ အႏိုင္ရရွိခဲ့ၿပီး မေကာင္းမြန္ခဲ့တာျဖစ္ပါတယ္။

ဂယ္ရီ နဗီးက ဒီလိုမ်ိဳး ဝ႐ုန္းသုန္းကားျဖစ္ေနတဲ့ အသင္းကို စြန႔္ခြာခဲ့ရတာက ဂေရဟမ္ ေပါ့တားအတြက္ စိတ္သက္သာရာ ရစရာျဖစ္ခဲ့လိမ့္မယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။

“ဂေရဟမ္ ေပါ့တားက လူေကာင္းတစ္ေယာက္ပါ။ သူက ရာထူးကေန ထုတ္ခံရၿပီးေနာက္မွာ အိမ္ကို သြားခဲ့မွာျဖစ္ၿပီး စိတ္သက္သာရာရခဲ့မယ္ဆိုတာ ကြၽန္ေတာ္ ေလာင္းရဲတယ္။ သူ ခ်ဲလ္ဆီးမွာ ရွိေနရတာကို ေပ်ာ္႐ႊင္ေနတယ္လို႔ ကြၽန္ေတာ္ မထင္ဘူး။ သူက အဲဒါဟာ စိတ္ညစ္စရာလို႔ ထင္ခဲ့မယ္ဆိုတာ ကြၽန္ေတာ္ ေလာင္းရဲတယ္။ ေဘာလုံးအေပၚ အျမင္နဲ႔ပတ္သက္ၿပီး သူ ျမင္ေနက် အျမင္နဲ႔ ေနာက္ကြယ္မွာ ဘာေတြ ျဖစ္ေနခဲ့လဲဆိုတာကို သူ ေတြ႕ခဲ့ပါလိမ့္မယ္”

“သူတို႔ေတြ ပီတာ ခ်က္နဲ႔ မာရီနာတို႔ကို ရာသီအစမွာ ဆုံးရႈံးခဲ့ရတယ္။ အဲဒါက စီစဥ္မထားဘဲ ျဖစ္ခဲ့တာပါ။ သူတို႔ေတြ တူဟယ္ကို ဆုံးရႈံးခဲ့တယ္။ ဒါလည္း စီစဥ္မထားခဲ့ဘဲ ျဖစ္တာ။ သူ အသင္းကို ႀကီးမားတဲ့ အကူးအေျပာင္းကာလမွာ ေရာက္လာခဲ့တယ္။ သူတို႔(ေတာ့ဒ္ ဘိုလီနဲ႔ အေပါင္းအပါမ်ား)က ေပါင္သန္းေပါင္းမ်ားစြာ ေပးခဲ့တယ္။ သူတို႔ေတြ လုပ္ေနတာေတြက မွန္ကန္လားဆိုတာ သူတို႔မသိဘူး။ သူတို႔ေတြက ဒီအလုပ္ကို သင္ယူေနၾကတာပါ။ သူက ဒီလူေတြ ႐ူးေနၿပီလို႔ ထင္ေကာင္း ထင္ခဲ့ပါလိမ့္မယ္။ ကြၽန္ေတာ္ ဂေရဟမ္ ေပါ့တားက ဝင္စတန္လီဆီသြားၿပီး ကြၽန္ေတာ့္ကို ဒီကေန ထုတ္ေပးပါေတာ့လို႔ ေျပာခဲ့တယ္လို႔ တက္ယ သံသယရွိပါတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ေပါ့တားေနရာမွာ ဘယ္သူ႔ကို အစားထိုးမလဲဆိုတဲ့အေၾကာင္းအရာအေပၚမွာ အာ႐ုံစိုက္ေနၾကၿပီျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္နည္းျပေဟာင္း နာဂယ္စ္မန္း၊ ဘာစီလိုနာနည္းျပေဟာင္း အန္နရီေကး၊ နာပိုလီနည္းျပ စပယ္လက္တီနဲ႔ စပါးစ္နည္းျပေဟာင္း ပိုခ်က္တီႏိုတို႔က နည္းျပသစ္ျဖစ္လာႏိုင္တဲ့စာရင္းထဲမွာ ပါဝင္ေနၾကတာျဖစ္ပါတယ္။

ဂယ္ရီ နဗီးက ပိုခ်က္တီႏိုဟာ ခ်ဲလ္ဆီးအသင္းအတြက္ အသင့္ေတာ္ဆုံးလူျဖစ္တယ္လို႔ ထင္ျမင္ေနၿပီး အာဂ်င္တီးနားလူမ်ိဳးနည္းျပက ကစားသမားသစ္ေခၚယူမႈေတြနဲ႔ပတ္သက္ၿပီး ျပႆနာမရွိေလာက္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“ခ်ဲလ္ဆီးအသင္းနဲ႔ ဘိုလီတို႔ ေျပာမွာက သူတို႔ေတြ ေပါင္သန္း ၆၀၀ သုံးခဲ့ၿပီး လာမယ့္ ၃ ႏွစ္အထိ အေထာင္တိုက္စစ္မႉးေနရာကလြဲရင္ က်န္တဲ့ေနရာအတြက္ ေငြသုံးၿပီးၿပီဆိုတာပဲ။ သူတို႔ေတြ ဇီဒန္း၊ ဆီႁမြန္နီ၊ အန္နရီေကးတို႔ကို ေခၚယူမယ္ဆိုရင္ သူတို႔ေတြက ေနာက္ထပ္ ေပါင္သန္း ၃၀၀ ေလာက္ သုံးခ်င္မွာပဲ။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ ခု ခ်ဲလ္ဆီးက ေခၚထားတဲ့ ကစားသမားအခ်ိဳ႕ကို သေဘာက်မွာမဟုတ္လို႔ပါ။ သူတို႔ေတြက ခုရွိေနၿပီးသား လူစာရင္းကို ဆက္ခံမယ့္ နည္းျပကိုပဲ ခန႔္အပ္ရမွာပါ။ အဲဒီလူက ပိုခ်က္တီႏိုလို႔ ကြၽန္ေတာ္ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ ခ်ဲလ္ဆီအသင္းေခၚခဲ့တဲ့ကစားသမားေတြထဲက အမ်ားအျပားက လူငယ္ေတြမို႔လို႔ပါ။”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.