Premier League

နည်းပြသစ်ခန့်ဖို့ နည်းပြလောင်း ၅ ဦးအထိ အင်တာဗျူးသွားမယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ တော့တင်ဟမ်ဟော့စပါးနည်းပြဟောင်း ပိုချက်တီနို အပါအဝင် ဂရေဟမ် ပေါ့တားရဲ့နေရာမှာ နည်းပြသစ်အဖြစ် ခန့်အပ်မယ့် နည်းပြလောင်း အနည်းဆုံး ၅ ဦးအထိ အင်တာဗျူးသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်နည်းပြဟောင်း ဂရေဟမ် ပေါ့တားကို တနင်္ဂနွေနေ့ညနေမှာ ထုတ်ပယ်ခဲ့ပြီးနောက် စတမ်းဖို့ဒ် ဘရစ်ချ်မှာ အမြဲတမ်းနည်းပြသစ် ခန့်အပ်ဖို့အတွက် ရှာပုံတော် ဖွင့်နေပြီဖြစ်ပါတယ်။

ပေါ့တားဟာ ချဲလ်ဆီးအသင်းကို ၇ လတောင်ပြည့်အောင် ကိုင်တွယ်ခွင့် မရရှိခဲ့တာဖြစ်ပြီး စတမ်းဖို့ဒ် ဘရစ်ချ်မှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယား အောက်ခြေအပိုင်းထဲကိုတောင် ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင်သစ်တွေဟာ ယခုရာသီမှာ ကစားသမားသစ် ခေါ်ယူမှုတွေအတွက် ပေါင်သန်း ၆၀၀ နီးပါး သုံးစွဲခဲ့ပေမယ့်လည်း အသက် ၄၇ နှစ်အရွယ် နည်းပြဟာ ၃၁ ပွဲ တာဝန်ယူကိုင်တွယ်ခဲ့ရာမှာ ၁၂ ပွဲသာ နိုင်ပွဲ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘရိုက်တန် ကွင်းလယ်လူဟောင်း ဘရူနို ဆော့တာက အင်္ဂါနေ့ည လီဗာပူးလ်နဲ့ ကစားသွားရမယ့် ပွဲစဉ်အတွက် ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပြီး ချဲလ်ဆီးအသင်းထိပ်ပိုင်းတာဝန်ရှိသူတွေက နည်းပြသစ်ခန့်အပ်ဖို့ကိစ္စကို ရာသီကုန်တဲ့အထိ စောင့်ဆိုင်းသွားချင်တဲ့ဆန္ဒရှိနေပြီး အနည်းဆုံး ၅ ဦးအထိ အင်တာဗျူးသွားချင်နေတယ်လို့ သိရပါတယ်။

Daily Telegraph ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအားကစားဒါရိုက်တာ လောရင့်စ် စတီးဝပ်နဲ့ ပေါလ် ဝင်စတန်လီတို့ဟာ ဂျူလီယန် နာဂယ်စ်မန်းကို အင်တာဗျူးသွားမှာဖြစ်တယ်လို့ သိရပြီး စပါးစ်နည်းပြဟောင်း ပိုချက်တီနို၊ ဘာစီလိုနာနည်းပြဟောင်း လူးဝစ္စ အန်နရီကေး၊ နာပိုလီနည်းပြ စပယ်လက်တီနဲ့ အနည်းဆုံး နောက်ထပ်နည်းပြတစ်ဦးတို့လည်း အပါအဝင်ဖြစ်တယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလီဟာ ချန်ပီယံလိဂ်ဖလားရယူပေးခဲ့တဲ့ နည်းပြ သောမတ်စ် တူဟယ်ကို ရာသီအစမှာ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ပိုချက်တီနိုကို အင်တာဗျူးခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဂရေဟမ် ပေါ့တားကိုသာ ယုံကြည်မှုပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးနည္းျပေဟာင္း ပိုခ်က္တီႏို အပါအဝင္ ဂေရဟမ္ ေပါ့တားရဲ႕ေနရာမွာ နည္းျပသစ္အျဖစ္ ခန႔္အပ္မယ့္ နည္းျပေလာင္း အနည္းဆုံး ၅ ဦးအထိ အင္တာဗ်ဴးသြားဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဘ႐ိုက္တန္နည္းျပေဟာင္း ဂေရဟမ္ ေပါ့တားကို တနဂၤေႏြေန႔ညေနမွာ ထုတ္ပယ္ခဲ့ၿပီးေနာက္ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အၿမဲတမ္းနည္းျပသစ္ ခန႔္အပ္ဖို႔အတြက္ ရွာပုံေတာ္ ဖြင့္ေနၿပီျဖစ္ပါတယ္။

ေပါ့တားဟာ ခ်ဲလ္ဆီးအသင္းကို ၇ လေတာင္ျပည့္ေအာင္ ကိုင္တြယ္ခြင့္ မရရွိခဲ့တာျဖစ္ၿပီး စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ရလဒ္ဆိုးေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္ အသင္းက ပရီးမီးယားလိဂ္အမွတ္ေပးဇယား ေအာက္ေျခအပိုင္းထဲကိုေတာင္ က်ဆင္းသြားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းပိုင္ရွင္သစ္ေတြဟာ ယခုရာသီမွာ ကစားသမားသစ္ ေခၚယူမႈေတြအတြက္ ေပါင္သန္း ၆၀၀ နီးပါး သုံးစြဲခဲ့ေပမယ့္လည္း အသက္ ၄၇ ႏွစ္အ႐ြယ္ နည္းျပဟာ ၃၁ ပြဲ တာဝန္ယူကိုင္တြယ္ခဲ့ရာမွာ ၁၂ ပြဲသာ ႏိုင္ပြဲ ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဘ႐ိုက္တန္ ကြင္းလယ္လူေဟာင္း ဘ႐ူႏို ေဆာ့တာက အဂၤါေန႔ည လီဗာပူးလ္နဲ႔ ကစားသြားရမယ့္ ပြဲစဥ္အတြက္ ယာယီနည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္သြားမွာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းထိပ္ပိုင္းတာဝန္ရွိသူေတြက နည္းျပသစ္ခန႔္အပ္ဖို႔ကိစၥကို ရာသီကုန္တဲ့အထိ ေစာင့္ဆိုင္းသြားခ်င္တဲ့ဆႏၵရွိေနၿပီး အနည္းဆုံး ၅ ဦးအထိ အင္တာဗ်ဴးသြားခ်င္ေနတယ္လို႔ သိရပါတယ္။

Daily Telegraph ရဲ႕ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးအားကစားဒါ႐ိုက္တာ ေလာရင့္စ္ စတီးဝပ္နဲ႔ ေပါလ္ ဝင္စတန္လီတို႔ဟာ ဂ်ဴလီယန္ နာဂယ္စ္မန္းကို အင္တာဗ်ဴးသြားမွာျဖစ္တယ္လို႔ သိရၿပီး စပါးစ္နည္းျပေဟာင္း ပိုခ်က္တီႏို၊ ဘာစီလိုနာနည္းျပေဟာင္း လူးဝစၥ အန္နရီေကး၊ နာပိုလီနည္းျပ စပယ္လက္တီနဲ႔ အနည္းဆုံး ေနာက္ထပ္နည္းျပတစ္ဦးတို႔လည္း အပါအဝင္ျဖစ္တယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရပါတယ္။

ခ်ဲလ္ဆီးအသင္းပိုင္ရွင္သစ္ ေတာ့ဒ္ ဘိုလီဟာ ခ်န္ပီယံလိဂ္ဖလားရယူေပးခဲ့တဲ့ နည္းျပ ေသာမတ္စ္ တူဟယ္ကို ရာသီအစမွာ ရာထူးကေန ထုတ္ပယ္ခဲ့ၿပီးေနာက္ ပိုခ်က္တီႏိုကို အင္တာဗ်ဴးခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ဂေရဟမ္ ေပါ့တားကိုသာ ယုံၾကည္မႈေပးဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.