Premier League

အဲဗာတန်နဲ့ပွဲမှာ ၄၂ နှစ်ကြာ စံချိန်ကို ရှောင်လွှဲဖို့ နည်းမျိုးစုံသုံးသွားရမယ့် တန်ဟက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရန့်တ်ဖို့ဒ်၊ အဲဗာတန်တို့နဲ့ ယှဉ်ပြိုင်ကစားရမယ့် ယခုအပတ်ပွဲစဉ််တွေမှာ ၄၂ နှစ်ကြာ စံချိန်မှတ်တမ်းတစ်ခုနဲ့ ညီမျှသွားနိုင်တယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့မှာ တန်ဟက်ရဲ့အသင်းဟာ နယူးကာဆယ်လ် ယူနိုက်တက်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၄ နေရာကို လျော့ကျခဲ့တာဖြစ်ပြီး ငှက်ကျားတွေက တတိယနေရာကို တက်လှမ်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းသာ ယနေ့ညမှာ အဲဗာတန်ကို အနိုင်ရရှိသွားမယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းဟာ အဆင့် ၅ နေရာအထိ ကျဆင်းသွားမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ဟာ အန္တရာယ်ရှိတဲ့အနေအထားနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ဆိုးရွားတဲ့ ပုံစံသာ ဆက်လက် မြင်တွေ့ရမယ်ဆိုရင် လာမယ့်စနေနေ့ အဲဗာတန်နဲ့ ပွဲစဉ်မှာ မလိုချင်တဲ့ စံချိန်မှတ်တမ်းတစ်ခုကို ချိုးဖျက်နိုင်မှာဖြစ်ပြီး အဆင့် ၅ နေရာနဲ့ ၆ မှတ်ဖြတ်ထားနိုင်မယ့် အခွင့်အရေးကို လွဲချော်ခဲ့ပေမယ့်လည်း ဗုဒ္ဓဟူးနေ့ ဘရန့်တ်ဖို့ဒ်ကို အိမ်ကွင်းမှာ အနိင်ယူပြီး ထိပ်ဆုံး ၄ နေရာထဲ ပြန်လည်ဝင်ရောက်နိုင်မယ့် အခွင့်အရေးရှိနေတာဖြစ်ပါတယ်။

အဲဒီပွဲအပြီးမှာလည်း တန်းဆင်းရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အဲဗာတန်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ နောက်ဆုံးပရီးမီးယားလိဂ် ၃ ပွဲမှာ အနိုင်မရခဲ့သလို ဂိုးလည်း မသွင်းနိုင်ခဲ့တာကြောင့် လာမယ့် ၂ ပွဲစလုံးမှာ ဂိုးမရှိသရေကျခဲ့ရင် ၄၂ နှစ်ကြာ စံချိန်ဆိုးနဲ့ ညီမျှသွားတော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ လိဂ်မှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ အရှည်ကြာဆုံးစံချိန်ဟာ ၅ ပွဲဖြစ်ပြီး ၁၉၀၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ကနေ မတ်လ ၁၇ ရက်နေ့ကြား ၅ ပွဲ ဂိုးမသွင်းနိုင်ခဲ့သလို ၁၉၈၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့ကနေ မတ်လ ၁၄ ရက်နေ့အထိ စံချိန်ဆိုးတကျော့ပြန်ခဲ့ဖူးတာဖြစ်ပါတယ်။

တန်ဟက်အနေနဲ့ ဗုဒ္ဓဟူးနေ့ ဘရန့်တ်ဖို့ဒ်ကို အိုးထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်၊ ဗက်ဟော့စ်နဲ့ ကျန်အသင်းသားတွေအားလုံး ဂိုးသွင်းယူနိုင်မယ်လို့ မျှော်လင့်နေမှာ ဖြစ်ပြီး ဒီရာသီမှာ မလိုချင်တဲ့မှတ်တမ်းဆိုး တကျော့မပြန်အောင် အစွမ်းကုန်ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဘရန႔္တ္ဖို႔ဒ္၊ အဲဗာတန္တို႔နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ယခုအပတ္ပြဲစဥ္္ေတြမွာ ၄၂ ႏွစ္ၾကာ စံခ်ိန္မွတ္တမ္းတစ္ခုနဲ႔ ညီမွ်သြားႏိုင္တယ္လို႔ သိရပါတယ္။

တနဂၤေႏြေန႔မွာ တန္ဟက္ရဲ႕အသင္းဟာ နယူးကာဆယ္လ္ ယူႏိုက္တက္ကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၄ ေနရာကို ေလ်ာ့က်ခဲ့တာျဖစ္ၿပီး ငွက္က်ားေတြက တတိယေနရာကို တက္လွမ္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းသာ ယေန႔ညမွာ အဲဗာတန္ကို အႏိုင္ရရွိသြားမယ္ဆိုရင္ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အဆင့္ ၅ ေနရာအထိ က်ဆင္းသြားမွာျဖစ္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ ေမွ်ာ္လင့္ခ်က္ဟာ အႏၲရာယ္ရွိတဲ့အေနအထားနဲ႔ ရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဆိုး႐ြားတဲ့ ပုံစံသာ ဆက္လက္ ျမင္ေတြ႕ရမယ္ဆိုရင္ လာမယ့္စေနေန႔ အဲဗာတန္နဲ႔ ပြဲစဥ္မွာ မလိုခ်င္တဲ့ စံခ်ိန္မွတ္တမ္းတစ္ခုကို ခ်ိဳးဖ်က္ႏိုင္မွာျဖစ္ၿပီး အဆင့္ ၅ ေနရာနဲ႔ ၆ မွတ္ျဖတ္ထားႏိုင္မယ့္ အခြင့္အေရးကို လြဲေခ်ာ္ခဲ့ေပမယ့္လည္း ဗုဒၶဟူးေန႔ ဘရန႔္တ္ဖို႔ဒ္ကို အိမ္ကြင္းမွာ အနိင္ယူၿပီး ထိပ္ဆုံး ၄ ေနရာထဲ ျပန္လည္ဝင္ေရာက္ႏိုင္မယ့္ အခြင့္အေရးရွိေနတာျဖစ္ပါတယ္။

အဲဒီပြဲအၿပီးမွာလည္း တန္းဆင္းရမယ့္ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတဲ့ အဲဗာတန္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ဟာ ေနာက္ဆုံးပရီးမီးယားလိဂ္ ၃ ပြဲမွာ အႏိုင္မရခဲ့သလို ဂိုးလည္း မသြင္းႏိုင္ခဲ့တာေၾကာင့္ လာမယ့္ ၂ ပြဲစလုံးမွာ ဂိုးမရွိသေရက်ခဲ့ရင္ ၄၂ ႏွစ္ၾကာ စံခ်ိန္ဆိုးနဲ႔ ညီမွ်သြားေတာ့မွာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ လိဂ္မွာ ဂိုးမသြင္းႏိုင္ခဲ့တဲ့ အရွည္ၾကာဆုံးစံခ်ိန္ဟာ ၅ ပြဲျဖစ္ၿပီး ၁၉၀၂ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၂ ကေန မတ္လ ၁၇ ရက္ေန႔ၾကား ၅ ပြဲ ဂိုးမသြင္းႏိုင္ခဲ့သလို ၁၉၈၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၇ ရက္ေန႔ကေန မတ္လ ၁၄ ရက္ေန႔အထိ စံခ်ိန္ဆိုးတေက်ာ့ျပန္ခဲ့ဖူးတာျဖစ္ပါတယ္။

တန္ဟက္အေနနဲ႔ ဗုဒၶဟူးေန႔ ဘရန႔္တ္ဖို႔ဒ္ကို အိုးထရက္ဖို႔ဒ္မွာ လက္ခံယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္မွာ ရက္ရွ္ဖို႔ဒ္၊ ဗက္ေဟာ့စ္နဲ႔ က်န္အသင္းသားေတြအားလုံး ဂိုးသြင္းယူႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ၿပီး ဒီရာသီမွာ မလိုခ်င္တဲ့မွတ္တမ္းဆိုး တေက်ာ့မျပန္ေအာင္ အစြမ္းကုန္ႀကိဳးပမ္းသြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.