Premier League

ချဲလ်ဆီးက ထုတ်ခံရပေမယ့် သိပ်မကြာခင် နည်းပြအဖြစ် မြင်တွေ့ရနိုင်တဲ့ ပေါ့တား

လီဗာပူးလ်ဂန္တဝင် မိုက်ကယ် အိုဝင်က ဂရေဟမ် ပေါ့တားဟာ ချဲလ်ဆီးအသင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် လက်စတာစီးတီးအသင်းနဲ့ ပူးပေါင်းနိုင်တယ်လို့ ထင်မြင်နေပါတယ်။

ပေါ့တားဟာ အိမ်ကွင်းစတမ်းဖို့ဒ် ဘရစ်ချ်မှာ အက်စတန် ဗီလာကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဘရိုက်တန်ကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တာက ၇ လ တောင်မပြည့်သေးခင် တနင်္ဂနွေနေ့ညမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အက်စတန် ဗီလာကို ရှုံးနိမ့်ခဲ့မှုကြောင့် အမှတ်ပေးဇယား အောက်ပိုင်းထဲကို ရောက်ရှိသွားခဲ့ပြီး ပေါ့တားဟာ တနင်္ဂနွေနေ့မှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ တစ်ဦးတည်းသော ပရီးမီးယားလိဂ်နည်းပြမဟုတ်ဘဲ လက်စတာစီးတီးနည်းပြ ဘရန်ဒန် ရော့ဂျားစ်ကလည်း တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ မြေခွေးတွေကြောင့် အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။

စနေနေ့က ခရစ္စတယ်ပဲလေ့စ်အသင်းကို ဦးဆောင်ထားနိုင်ခဲ့ပြီးမှ ၉၄ မိနစ်မှာ နောက်ကျအနိုင်ဂိုးပေးခဲ့ရပြီးနောက် ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာက မြောက်အိုင်ယာလန်လူမျိုးနည်းပြရဲ့ အောင်မြင်တဲ့ ၄ နှစ်တာ နည်းပြဘဝကို အဆုံးသတ်စေခဲ့တာဖြစ်ပါတယ်။

ရာဖေးလ် ဘင်နီတက်ဇ်၊ သောမတ်စ် ဖရန့်ခ်တို့က ကင်းပါဝါက နည်းပြ ရာထူးအတွက် ထိပ်ဆုံးကနေ ဦးဆောင်နေသူတွေအဖြစ် အစပိုင်းမှာ ပေါ်ထွက်ခဲ့ပေမယ့်လည်း တနင်္ဂနွေနေ့မှာ ချဲလ်ဆီးအသင်းက ၎င်းတို့ရဲ့ နည်းပြနဲ့ လမ်းခွဲခဲ့ပြီးနောက်ပိုင်း ပေါ့တားက လက်ရှိမှာ ဘရန်ဒန် ရော့ဂျားစ်ရဲ့နေရာမှာ အစားထိုးခန့်အပ်ခံရဖို့ အနီးစပ်ဆုံးအခြေအနေမှာ ရှိနေပြီဖြစ်ပုံပေါ်ပါတယ်။

လက်စတာစီးတီးအသင်းဟာ ဘရိုက်တန်အသင်းမှာ အောင်မြင်မှုရရှိပြီးနောက်ပိုင်း ပေါ့တားကို စိတ်ဝင်စားမှု ရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အိုဝင်ကလည်း လက်စတာစီးတီးကို ချဲလ်ဆီးနည်းပြဟောင်းက ကိုင်တွယ်သွားနိုင်တယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

“ပရီးမီးယားလိဂ်မှာ နည်းပြတွေ ထုတ်ပယ်တဲ့ရာသီဖြစ်ပါတယ်။ ရော့ဂျားစ်က ချဲလ်ဆီးသွားပြီး ပေါ့တားက လက်စတာကို သွားတာမျိုး ဖြစ်နိုင်ပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂျူလီယန် နာဂယ်စ်မန်းက ပေါ့တားရဲ့နေရာမှာ အစားထိုးခန့်အပ်မယ့် နံပါတ် ၁ ပစ်မှတ်အစြဖ် သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း ဘိုင်ယန်မြူးနစ်နည်းပြက ဘွန်ဒက်စ်လီဂါချန်ပီယံတွေရဲ့ အံ့အားသင့်ဖွယ် ထုတ်ပယ်ခံရပြီးနောက်ပိုင်း နည်းပြအလုပ်ကို ချက်ချင်း ပြန်လည်လုပ်ဆောင်လိုခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ချဲလ်ဆီးအသင်းက နည်းပြသစ် မခန့်အပ်သေးခင်စပ်ကြား အင်္ဂါနေ့ည လီဗာပူးလ်နဲ့ ကစားရမယ့် အိမ်ကွင်းပွဲစဉ်အတွက် ဘရူနို ဆော့တာက ယာယီနည်းပြအဖြစ် ကိုင်တွယ်သွားမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ဂႏၲဝင္ မိုက္ကယ္ အိုဝင္က ဂေရဟမ္ ေပါ့တားဟာ ခ်ဲလ္ဆီးအသင္းကေန ထုတ္ပယ္ျခင္းခံခဲ့ရၿပီးေနာက္ လက္စတာစီးတီးအသင္းနဲ႔ ပူးေပါင္းႏိုင္တယ္လို႔ ထင္ျမင္ေနပါတယ္။

ေပါ့တားဟာ အိမ္ကြင္းစတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အက္စတန္ ဗီလာကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဘ႐ိုက္တန္ကေန ခ်ဲလ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာက ၇ လ ေတာင္မျပည့္ေသးခင္ တနဂၤေႏြေန႔ညမွာ နည္းျပရာထူးကေန ထုတ္ပယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ အက္စတန္ ဗီလာကို ရႈံးနိမ့္ခဲ့မႈေၾကာင့္ အမွတ္ေပးဇယား ေအာက္ပိုင္းထဲကို ေရာက္ရွိသြားခဲ့ၿပီး ေပါ့တားဟာ တနဂၤေႏြေန႔မွာ ရာထူးကေန ထုတ္ပယ္ခံခဲ့ရတဲ့ တစ္ဦးတည္းေသာ ပရီးမီးယားလိဂ္နည္းျပမဟုတ္ဘဲ လက္စတာစီးတီးနည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္ကလည္း တန္းဆင္းဇုန္ထဲ ေရာက္ေနတဲ့ ေျမေခြးေတြေၾကာင့္ အသင္းနဲ႔ ႏွစ္ဦးသေဘာတူ လမ္းခြဲခဲ့ၾကတာျဖစ္ပါတယ္။

စေနေန႔က ခရစၥတယ္ပဲေလ့စ္အသင္းကို ဦးေဆာင္ထားႏိုင္ခဲ့ၿပီးမွ ၉၄ မိနစ္မွာ ေနာက္က်အႏိုင္ဂိုးေပးခဲ့ရၿပီးေနာက္ ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တာက ေျမာက္အိုင္ယာလန္လူမ်ိဳးနည္းျပရဲ႕ ေအာင္ျမင္တဲ့ ၄ ႏွစ္တာ နည္းျပဘဝကို အဆုံးသတ္ေစခဲ့တာျဖစ္ပါတယ္။

ရာေဖးလ္ ဘင္နီတက္ဇ္၊ ေသာမတ္စ္ ဖရန႔္ခ္တို႔က ကင္းပါဝါက နည္းျပ ရာထူးအတြက္ ထိပ္ဆုံးကေန ဦးေဆာင္ေနသူေတြအျဖစ္ အစပိုင္းမွာ ေပၚထြက္ခဲ့ေပမယ့္လည္း တနဂၤေႏြေန႔မွာ ခ်ဲလ္ဆီးအသင္းက ၎တို႔ရဲ႕ နည္းျပနဲ႔ လမ္းခြဲခဲ့ၿပီးေနာက္ပိုင္း ေပါ့တားက လက္ရွိမွာ ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ႕ေနရာမွာ အစားထိုးခန႔္အပ္ခံရဖို႔ အနီးစပ္ဆုံးအေျခအေနမွာ ရွိေနၿပီျဖစ္ပုံေပၚပါတယ္။

လက္စတာစီးတီးအသင္းဟာ ဘ႐ိုက္တန္အသင္းမွာ ေအာင္ျမင္မႈရရွိၿပီးေနာက္ပိုင္း ေပါ့တားကို စိတ္ဝင္စားမႈ ရွိခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး အိုဝင္ကလည္း လက္စတာစီးတီးကို ခ်ဲလ္ဆီးနည္းျပေဟာင္းက ကိုင္တြယ္သြားႏိုင္တယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။

“ပရီးမီးယားလိဂ္မွာ နည္းျပေတြ ထုတ္ပယ္တဲ့ရာသီျဖစ္ပါတယ္။ ေရာ့ဂ်ားစ္က ခ်ဲလ္ဆီးသြားၿပီး ေပါ့တားက လက္စတာကို သြားတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဂ်ဴလီယန္ နာဂယ္စ္မန္းက ေပါ့တားရဲ႕ေနရာမွာ အစားထိုးခန႔္အပ္မယ့္ နံပါတ္ ၁ ပစ္မွတ္အျစဖ္ သတင္းေတြက ေဖာ္ျပခဲ့ေပမယ့္လည္း ဘိုင္ယန္ျမဴးနစ္နည္းျပက ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြရဲ႕ အံ့အားသင့္ဖြယ္ ထုတ္ပယ္ခံရၿပီးေနာက္ပိုင္း နည္းျပအလုပ္ကို ခ်က္ခ်င္း ျပန္လည္လုပ္ေဆာင္လိုျခင္းမရွိေသးဘူးလို႔ သိရပါတယ္။

ခ်ဲလ္ဆီးအသင္းက နည္းျပသစ္ မခန႔္အပ္ေသးခင္စပ္ၾကား အဂၤါေန႔ည လီဗာပူးလ္နဲ႔ ကစားရမယ့္ အိမ္ကြင္းပြဲစဥ္အတြက္ ဘ႐ူႏို ေဆာ့တာက ယာယီနည္းျပအျဖစ္ ကိုင္တြယ္သြားမွာျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.