Premier League

မန်ယူနိုက်တက်အတွက် ကစားပေးဖို့ အရည်အသွေးမရှိတဲ့ကစားသမားကို သတ်မှတ်ခဲ့တဲ့ နဗီး

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးဟာ ဗောက် ဗက်ဟော့စ်ဟာ နယူးကာဆယ်လ် ယူနိုက်တက်နဲ့ပွဲစဉ်မှာ စိတ်ပျက်ဖွယ်ခြေစွမ်းပြသခဲ့ပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဖြစ်လာဖို့ အရည်အသွေးမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့ညနေမှာ မန်ချက်စတာယူနိုက်တက်ဟာ စိန့်ဂျိမ်းစ် ပါ့ခ်မှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး နယူးကာဆယ်လ် အသင်းအတွက် ဂျိုး ဝီလ်လော့ခ်နဲ့ ကယ်လမ် ဝီလ်ဆင်တို့က ဒုတိယပိုင်းမှာ ဂိုးတွေ သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် ငှက်ကျားတွေဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အဆင့် ၃ နေရာကို ရမှတ်တူ ဂိုးကွာခြားချက်နဲ့ တက်လှမ်းနိုင်ခဲ့ပြီး တော့တင်ဟမ်ဟော့စပါးအသင်းသာ တနင်္လာနေ့ညမှာ အဲဗာတန်ကို အနိုင်ရခဲ့မယ်ဆိုရင် မန်ယူနိုက်တက်ဟာ ထိပ်ဆုံး ၄ နေရာအပြင်ဘက်ကို ထွက်သွားရတော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပွဲစတင်ကတည်းက ဆိုးရွားနေခဲ့ပုံပေါ်ပြီး ပွဲစဉ်တလျှောက်လုံး ဂိုးကန်သွင်းမှု ၆ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ရာမှာ တစ်ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာ ဖြစ်ပါတယ်။ အံ့အားသင့်စရာမကောင်းစွာနဲ့ပဲ တန်ဟက်ဟာ ဗက်ဟော့စ်ကို တိုက်စစ်မှာ ပွဲထွက်ကစားခွင့်ပေးခဲ့ပြီး ဒတ်ချ်တိုက်စစ်မှူးဟာ ဇန်နဝါရီလမှာ အငှားနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ဂိုးသွင်းယူနိုင်ခြင်းမရှိပေမယ့်လည်း ပွဲစဉ်တိုင်း ပွဲထွက်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ကလပ်အသင်းအတွက် ၁၈ ပွဲမှာ ၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ရှာမတွေ့သေးတာဖြစ်ပေမယ့်လည်း ၎င်းရဲ့ ဖိအားပေးနိုင်စွမ်းနဲ့ ဘောလုံးကိုင်ကစားနိုင်စွမ်းကြောင့် ချီးကျူးခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နယူးကာဆယ်လ်နဲ့ပွဲမှာ ဗက်ဟော့စ်ဟာ လုံးဝကို ဆိုးရွားခဲ့ပြီး မိနစ် ၆၀ အကြာမှာ အန်သိုနီ မာစီယယ်လ်နဲ့ လူစားလဲခံခဲ့ရပြီးနောက် ဂယ်ရီ နဗီးက ဒတ်ချ်တိုက်စစ်မှူးကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“သူက သူ့အပိုင်းကို သူကစားနေတယ်။ အဲဒါက ကြီးမားတဲ့ပြဿနာပဲ။ သူက ပြစ်တင်ဝေဖန်မှုတွေ ခံရဖို့ မထိုက်တန်ပါဘူး။ သူက သူ့ရဲ့ အကောင်းဆုံးကို လုပ်နေတယ်လို့ ကျွန်တော်ထင်တယ်။ သူက သူ တတ်နိုင်သလောက် ပြင်းပြင်းထန်ထန် အလုပ်လုပ်နေတယ်။ ဒါပေမယ့် သူက မန်ချက်စတာယူနိုက်တက်ရဲ့ အဲဒီနေရာမှာ ကစားဖို့ ကစားသမားတစ်ယောက် ရှိသင့်တဲ့ အရည်အသွေးကင်းမဲ့နေတာပါ”

“သူက မာစီယယ်လ် ဒဏ်ရာရနေတဲ့အချိန်မှာ ဖြည့်ကစားပေးခဲ့တာ သိသာပါတယ်။ ရော်နယ်လ်ိဒုထွက်သွားတယ်။ ကာဗာနီ ရာသီအစမှာ ထွက်သွားတယ်။ မန်ချက်စတာယူနိုက်တက်မှာ အထောင်တိုက်စစ်မှူး မရှိတော့ဘူး။ ဘောလုံးကို တကယ်ကောင်းကောင်း ကစားနိုင်ဖို့အတွက် ခင်ဗျားမှာ ကောင်းမွန်တဲ့ အထောင်တိုက်စစ်မှူး ရှိရမှာပါ။ အဲဒါက စည်းမျဉ်းပဲ။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးဟာ ေဗာက္ ဗက္ေဟာ့စ္ဟာ နယူးကာဆယ္လ္ ယူႏိုက္တက္နဲ႔ပြဲစဥ္မွာ စိတ္ပ်က္ဖြယ္ေျခစြမ္းျပသခဲ့ၿပီးေနာက္ပိုင္း မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးျဖစ္လာဖို႔ အရည္အေသြးမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

တနဂၤေႏြေန႔ညေနမွာ မန္ခ်က္စတာယူႏိုက္တက္ဟာ စိန႔္ဂ်ိမ္းစ္ ပါ့ခ္မွာ ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး နယူးကာဆယ္လ္ အသင္းအတြက္ ဂ်ိဳး ဝီလ္ေလာ့ခ္နဲ႔ ကယ္လမ္ ဝီလ္ဆင္တို႔က ဒုတိယပိုင္းမွာ ဂိုးေတြ သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ဒီရလဒ္ေၾကာင့္ ငွက္က်ားေတြဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အဆင့္ ၃ ေနရာကို ရမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ တက္လွမ္းႏိုင္ခဲ့ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးအသင္းသာ တနလၤာေန႔ညမွာ အဲဗာတန္ကို အႏိုင္ရခဲ့မယ္ဆိုရင္ မန္ယူႏိုက္တက္ဟာ ထိပ္ဆုံး ၄ ေနရာအျပင္ဘက္ကို ထြက္သြားရေတာ့မွာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ပြဲစတင္ကတည္းက ဆိုး႐ြားေနခဲ့ပုံေပၚၿပီး ပြဲစဥ္တေလွ်ာက္လုံး ဂိုးကန္သြင္းမႈ ၆ ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့ရာမွာ တစ္ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တာ ျဖစ္ပါတယ္။ အံ့အားသင့္စရာမေကာင္းစြာနဲ႔ပဲ တန္ဟက္ဟာ ဗက္ေဟာ့စ္ကို တိုက္စစ္မွာ ပြဲထြက္ကစားခြင့္ေပးခဲ့ၿပီး ဒတ္ခ်္တိုက္စစ္မႉးဟာ ဇန္နဝါရီလမွာ အငွားနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ဂိုးသြင္းယူႏိုင္ျခင္းမရွိေပမယ့္လည္း ပြဲစဥ္တိုင္း ပြဲထြက္ကစားခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

နယ္သာလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ကလပ္အသင္းအတြက္ ၁၈ ပြဲမွာ ၂ ဂိုးသာ သြင္းယူထားႏိုင္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ဂိုးေပါက္ရွာမေတြ႕ေသးတာျဖစ္ေပမယ့္လည္း ၎ရဲ႕ ဖိအားေပးႏိုင္စြမ္းနဲ႔ ေဘာလုံးကိုင္ကစားႏိုင္စြမ္းေၾကာင့္ ခ်ီးက်ဴးခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း နယူးကာဆယ္လ္နဲ႔ပြဲမွာ ဗက္ေဟာ့စ္ဟာ လုံးဝကို ဆိုး႐ြားခဲ့ၿပီး မိနစ္ ၆၀ အၾကာမွာ အန္သိုနီ မာစီယယ္လ္နဲ႔ လူစားလဲခံခဲ့ရၿပီးေနာက္ ဂယ္ရီ နဗီးက ဒတ္ခ်္တိုက္စစ္မႉးကို ျပစ္တင္ေဝဖန္မႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

“သူက သူ႔အပိုင္းကို သူကစားေနတယ္။ အဲဒါက ႀကီးမားတဲ့ျပႆနာပဲ။ သူက ျပစ္တင္ေဝဖန္မႈေတြ ခံရဖို႔ မထိုက္တန္ပါဘူး။ သူက သူ႔ရဲ႕ အေကာင္းဆုံးကို လုပ္ေနတယ္လို႔ ကြၽန္ေတာ္ထင္တယ္။ သူက သူ တတ္ႏိုင္သေလာက္ ျပင္းျပင္းထန္ထန္ အလုပ္လုပ္ေနတယ္။ ဒါေပမယ့္ သူက မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အဲဒီေနရာမွာ ကစားဖို႔ ကစားသမားတစ္ေယာက္ ရွိသင့္တဲ့ အရည္အေသြးကင္းမဲ့ေနတာပါ”

“သူက မာစီယယ္လ္ ဒဏ္ရာရေနတဲ့အခ်ိန္မွာ ျဖည့္ကစားေပးခဲ့တာ သိသာပါတယ္။ ေရာ္နယ္လ္ိဒုထြက္သြားတယ္။ ကာဗာနီ ရာသီအစမွာ ထြက္သြားတယ္။ မန္ခ်က္စတာယူႏိုက္တက္မွာ အေထာင္တိုက္စစ္မႉး မရွိေတာ့ဘူး။ ေဘာလုံးကို တကယ္ေကာင္းေကာင္း ကစားႏိုင္ဖို႔အတြက္ ခင္ဗ်ားမွာ ေကာင္းမြန္တဲ့ အေထာင္တိုက္စစ္မႉး ရွိရမွာပါ။ အဲဒါက စည္းမ်ဥ္းပဲ။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.