Premier League

ချဲလ်ဆီးပုံစံအစစ် ပြန်ရအောင် မော်ရင်ညိုကို ပြန်ခေါ်စေချင်နေတဲ့ ပရိသတ်များ

ချဲလ်ဆီးပရိသတ်တွေဟာ ၎င်းတို့ရဲ့ နည်းပြသစ်ဖြစ်လာဖို့ လူကြိုများနေတဲ့သူကို မနှစ်သက်ဘဲ နည်းပြဟောင်း မော်ရင်ညိုကိုပဲ ပြန်ပြီး ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

တနင်္ဂနွေနေ့ညနေမှာ တော့ဒ် ဘိုလီရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ဂရေဟမ် ပေါ့တားရဲ့ နေရာမှာ အစားထိုးခန့်အပ်နိုင်မယ့် ထိပ်တန်းနည်းပြတွေ အများအပြားရှိနေတာဖြစ်ပြီး ရေပန်းအစားဆုံးကတော့ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း ဂျူလီယန် နာဂယ်စ်မန်းဖြစ်နေတာဖြစ်ပါတယ်။

ပိုချက်တီနို၊ လူးဝစ္စ အန်နရီကေးတို့လို နည်းပြတွေကလည်း ချဲလ်ဆီးအသင်းနည်းပြသစ်ဖြစ်လာနိုင်တဲ့သူတွေအဖြစ် ယူဆခြင်းခံထားရပေမယ့်လည်း ချဲလ်ဆီးပရိသတ်အချို့ကတော့ နည်းပြရာထူးအတွက် သင့်တော်တဲ့သူဟာ ၂ ကြိမ်အထိ အသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ ရိုးမားနည်းပြ မော်ရင်ညိုဖြစ်တယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “မော်ရင်ညိုက ငါတို့ရဲ့ ပုံစံကို ပြန်ရအောင်လုပ်ပေးနိုင်တယ်။ အခုအသင်းက ချဲလ်ဆီးအသင်းလို့တောင် မခံစားရတော့ဘူး။ သူက ချဲလ်ဆီးကို နားလည်တယ်။ သူက အနည်းဆုံးတော့ ခံယူချက်ကို ယူဆောင်လာပေးနိုင်တယ်။ အသာစီးရအောင် ပြန်လုပ်ပေးနိုင်တယ်။”လို့ ပြောကြားခဲ့ပါတယ်။

နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ချဲလ်ဆီးက မနက်ဖြန် အီတလီကို သွားပြီး ဟိုဆေး မော်ရင်ညိုကို ရာသီကုန်မှာ အသင်းကို ပြန်လာအောင် စည်းရုံးသင့်တယ်။ သူက နောက်ထပ်တစ်ကြိမ် အနိင်လိုချင်တဲ့စိတ်ဓာတ်ကို တည်ဆောက်ပေးလိမ့်မယ်။ အိုး ဟုတ်တယ်။ သူက စပယ်ရှယ်ဝမ်းပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မော်ရင်ညိုဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ပထမဆုံးအကြိမ် ချဲလ်ဆီးအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ချိန်အတွင်း ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလား၂ ကြိမ်နဲ့ ကွန်မြူနတီဒိုင်းတို့ကို ရရှိအောင် နည်းပြပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဟာ ၂၀၁၃ ခုနှစ်မှာ ဒုတိယအကြိမ် ချဲလ်ဆီးအသင်းကို တကျော့ပြန် ကိုင်တွယ်ခဲ့ချိန်မှာလည်း တတိယအကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားနဲ့ လိဂ်ဖလား အောင်မြင်မှုရရှိအောင် နည်းပြပေးနိုင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးပရိသတ္ေတြဟာ ၎တို႔ရဲ႕ နည္းျပသစ္ျဖစ္လာဖို႔ လူႀကိဳမ်ားေနတဲ့သူကို မႏွစ္သက္ဘဲ နည္းျပေဟာင္း ေမာ္ရင္ညိဳကိုပဲ ျပန္ၿပီး ေခၚယူေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

တနဂၤေႏြေန႔ညေနမွာ ေတာ့ဒ္ ဘိုလီရဲ႕ နည္းျပရာထူးကေန ထုတ္ပယ္ျခင္းခံခဲ့ရတဲ့ ဂေရဟမ္ ေပါ့တားရဲ႕ ေနရာမွာ အစားထိုးခန႔္အပ္ႏိုင္မယ့္ ထိပ္တန္းနည္းျပေတြ အမ်ားအျပားရွိေနတာျဖစ္ၿပီး ေရပန္းအစားဆုံးကေတာ့ ဘိုင္ယန္ျမဴးနစ္နည္းျပေဟာင္း ဂ်ဴလီယန္ နာဂယ္စ္မန္းျဖစ္ေနတာျဖစ္ပါတယ္။

ပိုခ်က္တီႏို၊ လူးဝစၥ အန္နရီေကးတို႔လို နည္းျပေတြကလည္း ခ်ဲလ္ဆီးအသင္းနည္းျပသစ္ျဖစ္လာႏိုင္တဲ့သူေတြအျဖစ္ ယူဆျခင္းခံထားရေပမယ့္လည္း ခ်ဲလ္ဆီးပရိသတ္အခ်ိဳ႕ကေတာ့ နည္းျပရာထူးအတြက္ သင့္ေတာ္တဲ့သူဟာ ၂ ႀကိမ္အထိ အသင္းကို ကိုင္တြယ္ခဲ့ဖူးတဲ့ ႐ိုးမားနည္းျပ ေမာ္ရင္ညိဳျဖစ္တယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။

ပရိသတ္တစ္ဦးက “ေမာ္ရင္ညိဳက ငါတို႔ရဲ႕ ပုံစံကို ျပန္ရေအာင္လုပ္ေပးႏိုင္တယ္။ အခုအသင္းက ခ်ဲလ္ဆီးအသင္းလို႔ေတာင္ မခံစားရေတာ့ဘူး။ သူက ခ်ဲလ္ဆီးကို နားလည္တယ္။ သူက အနည္းဆုံးေတာ့ ခံယူခ်က္ကို ယူေဆာင္လာေပးႏိုင္တယ္။ အသာစီးရေအာင္ ျပန္လုပ္ေပးႏိုင္တယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ခ်ဲလ္ဆီးက မနက္ျဖန္ အီတလီကို သြားၿပီး ဟိုေဆး ေမာ္ရင္ညိဳကို ရာသီကုန္မွာ အသင္းကို ျပန္လာေအာင္ စည္း႐ုံးသင့္တယ္။ သူက ေနာက္ထပ္တစ္ႀကိမ္ အနိင္လိုခ်င္တဲ့စိတ္ဓာတ္ကို တည္ေဆာက္ေပးလိမ့္မယ္။ အိုး ဟုတ္တယ္။ သူက စပယ္ရွယ္ဝမ္းပဲ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ေမာ္ရင္ညိဳဟာ ၂၀၀၄ ခုႏွစ္ကေန ၂၀၀၇ ခုႏွစ္အထိ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ပထမဆုံးအႀကိမ္ ခ်ဲလ္ဆီးအသင္းကို တာဝန္ယူကိုင္တြယ္ခဲ့ခ်ိန္အတြင္း ပရီးမီးယားလိဂ္ဖလား ၂ ႀကိမ္၊ အက္ဖ္ေအဖလား၊ လိဂ္ဖလား၂ ႀကိမ္နဲ႔ ကြန္ျမဴနတီဒိုင္းတို႔ကို ရရွိေအာင္ နည္းျပေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီလူမ်ိဳးနည္းျပဟာ ၂၀၁၃ ခုႏွစ္မွာ ဒုတိယအႀကိမ္ ခ်ဲလ္ဆီးအသင္းကို တေက်ာ့ျပန္ ကိုင္တြယ္ခဲ့ခ်ိန္မွာလည္း တတိယအႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ဖလားနဲ႔ လိဂ္ဖလား ေအာင္ျမင္မႈရရွိေအာင္ နည္းျပေပးႏိုင္ခဲ့ၿပီးေနာက္ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလမွာ နည္းျပရာထူးကေန ထုတ္ပယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.