Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၃.၁၀.၂၀၂၀

– ဖရန္႔ လမ္းပတ္အတြက္ အသင္းပုိင္ရွင္ ႐ုိမန္ ေအဘရာမိုဗစ္ခ်္ေထာက္ခံေပးထားတဲ့ အဓိကက်တဲ့ ကစားသမားသစ္နဲ႔ ေနာက္ဆုံး ေခၚယူမွဳအျဖစ္ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ကို မရခဲ့ရင္ အာဆင္နယ္ပစ္မွတ္ ေသာမတ္စ္ ပါေတးျဖစ္သြားႏုိင္။

– ခ်ဲလ္ဆီးအသင္းရဲ႕ ညာေနာက္ခံေနရာမွာ ေျခစြမ္းျပေနခဲ့တဲ့ လူငယ္ေနာက္ခံလူ ရီးစ္ ဂ်ိမ္းစ္က အသစ္ေရာက္လာခဲ့တဲ့ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားနဲ႔ ဆက္သြယ္ေျပာဆုိဖို႔ စကားမေပါက္တဲ့ အခက္အခဲကို ညည္းတြားသြား။

– ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ခ်ဲလ္ဆီးအသင္းၾကားမွာ လူငယ္ေတာင္ပံကစားသမား ကယ္လမ္ ဟဒ္ဆန္-အိုဒြဳိင္းအတြက္ ေဆြးေႏြးမွဳေတြက အေရးပါတဲ့ အဆင့္ကို ေရာက္ေနၿပီျဖစ္ၿပီး အနည္းဆုံး အငွားနဲ႔ အေျပာင္းအေရႊ႕ျဖစ္ေပၚႏုိင္ဖို႔ရွိေန။

– ခရစၥတင္ဆန္နဲ႔ ဇူးမားတုိ႔ရဲ႕ ေျခစြမ္းေကာင္းမြန္ျခင္းမရွိေပမယ့္လည္း နည္းျပ လမ္းပတ္ရဲ႕ ငါးပြဲဆက္တုိက္ အဖက္လုပ္မခံခဲ့ရတဲ့ ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါအေနနဲ႔ အသင္းက ထြက္ခြာဖို႔ ဆုံးျဖတ္ထားၿပီး စပါးစ္ရဲ႕ အငွားေခၚယူမွဳကို လက္ခံဖြယ္ရွိေန။

– နည္းျပ ဖရန္႔ လမ္းပတ္နဲ႔ အခ်င္းမ်ားထားခဲ့တဲ့ ေနာက္ခံလူ မားကို႔စ္ အလြန္ဆိုအေနနဲ႔ အသင္းက ထြက္ခြာဖို႔ကသာ အေကာင္းဆုံးျဖစ္ၿပီး သူနဲ႔ တာဝန္ရွိသူေတြၾကားမွာ ျပန္လည္ေဆြးေႏြးဖို႔ မျဖစ္ႏုိင္ေတာ့ဘဲ စတမ္းဖို႔ဒ္ဘရစ္ခ်္က ေန႔ရက္ေတြ ကုန္ဆုံးသြားၿပီလုိ႔ ဆုိေနၾက။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေသာမတ္စ္ ပါေတးကို ေခၚယူႏုိင္တယ္ဆုိတဲ့ အေပၚမွာ ပရိသတ္ေတြ ေမွ်ာ္လင့္ခ်က္ႀကီးမားေနၾကၿပီး ဒီဂါနာသားဟာ အသင္းကို အေကာင္းဆုံးကူညီႏုိင္မယ့္သူျဖစ္ၿပီး အေတြ႕အႀကဳံေတြက ဒက္ကလန္ ႐ိုက္စ္ထက္ပုိၿပီး အက်ဳိးျပဳႏုိင္လိမ့္မယ္လို႔ ဆုိေနၾက။

– ေရာ့စ္ ဘာကလီကို အက္စ္တန္ဗီလာဆီ အငွားခ်ခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို စကိုင္းစပုိ႔စ္ရဲ႕ ေပါလ္မာဆန္က အျပစ္တင္လိုက္ၿပီး ဒီကစားသမားအေနနဲ႔ အသင္းကို အက်ဳိးျပဳမွဳပုိင္းနဲ႔ ဂိုးေတြ ရွာေဖြေပးႏုိင္မွဳအပုိင္းေၾကာင့္ ထိန္းသိမ္းထားသင့္တယ္လုိ႔ဆုိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဖရန့် လမ်းပတ်အတွက် အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်ထောက်ခံပေးထားတဲ့ အဓိကကျတဲ့ ကစားသမားသစ်နဲ့ နောက်ဆုံး ခေါ်ယူမှုအဖြစ် ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို မရခဲ့ရင် အာဆင်နယ်ပစ်မှတ် သောမတ်စ် ပါတေးဖြစ်သွားနိုင်။

– ချဲလ်ဆီးအသင်းရဲ့ ညာနောက်ခံနေရာမှာ ခြေစွမ်းပြနေခဲ့တဲ့ လူငယ်နောက်ခံလူ ရီးစ် ဂျိမ်းစ်က အသစ်ရောက်လာခဲ့တဲ့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားနဲ့ ဆက်သွယ်ပြောဆိုဖို့ စကားမပေါက်တဲ့ အခက်အခဲကို ညည်းတွားသွား။

– ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချဲလ်ဆီးအသင်းကြားမှာ လူငယ်တောင်ပံကစားသမား ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းအတွက် ဆွေးနွေးမှုတွေက အရေးပါတဲ့ အဆင့်ကို ရောက်နေပြီဖြစ်ပြီး အနည်းဆုံး အငှားနဲ့ အပြောင်းအရွှေ့ဖြစ်ပေါ်နိုင်ဖို့ရှိနေ။

– ခရစ္စတင်ဆန်နဲ့ ဇူးမားတို့ရဲ့ ခြေစွမ်းကောင်းမွန်ခြင်းမရှိပေမယ့်လည်း နည်းပြ လမ်းပတ်ရဲ့ ငါးပွဲဆက်တိုက် အဖက်လုပ်မခံခဲ့ရတဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါအနေနဲ့ အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီး စပါးစ်ရဲ့ အငှားခေါ်ယူမှုကို လက်ခံဖွယ်ရှိနေ။

– နည်းပြ ဖရန့် လမ်းပတ်နဲ့ အချင်းများထားခဲ့တဲ့ နောက်ခံလူ မားကို့စ် အလွန်ဆိုအနေနဲ့ အသင်းက ထွက်ခွာဖို့ကသာ အကောင်းဆုံးဖြစ်ပြီး သူနဲ့ တာဝန်ရှိသူတွေကြားမှာ ပြန်လည်ဆွေးနွေးဖို့ မဖြစ်နိုင်တော့ဘဲ စတမ်းဖို့ဒ်ဘရစ်ချ်က နေ့ရက်တွေ ကုန်ဆုံးသွားပြီလို့ ဆိုနေကြ။

– ချဲလ်ဆီးအသင်းအနေနဲ့ သောမတ်စ် ပါတေးကို ခေါ်ယူနိုင်တယ်ဆိုတဲ့ အပေါ်မှာ ပရိသတ်တွေ မျှော်လင့်ချက်ကြီးမားနေကြပြီး ဒီဂါနာသားဟာ အသင်းကို အကောင်းဆုံးကူညီနိုင်မယ့်သူဖြစ်ပြီး အတွေ့အကြုံတွေက ဒက်ကလန် ရိုက်စ်ထက်ပိုပြီး အကျိုးပြုနိုင်လိမ့်မယ်လို့ ဆိုနေကြ။

– ရော့စ် ဘာကလီကို အက်စ်တန်ဗီလာဆီ အငှားချခဲ့တဲ့ ဆုံးဖြတ်ချက်ကို စကိုင်းစပို့စ်ရဲ့ ပေါလ်မာဆန်က အပြစ်တင်လိုက်ပြီး ဒီကစားသမားအနေနဲ့ အသင်းကို အကျိုးပြုမှုပိုင်းနဲ့ ဂိုးတွေ ရှာဖွေပေးနိုင်မှုအပိုင်းကြောင့် ထိန်းသိမ်းထားသင့်တယ်လို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.