Match Report Premier League

ဒုတိယပုိင္းသြင္းဂိုးေတြနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ခ်ဲလ္ဆီးတုိ႔ ေအာင္လံလႊင့္ႏုိင္ခဲ့တဲ့ည

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးသမားသစ္ ေအဒူယာ မန္ဒီနဲ႔ ေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္တုိ႔ကို ထည့္သြင္းခဲ့ၿပီး ပထမပုိင္းမွာ ဂိုးမရွိ သေရက်ေနခဲ့ေပမယ့္ ဒုတိယပုိင္းမွာ တင္လာတဲ့ ကစားအားနဲ႔ ခရစၥတယ္လ္ပဲေလ့စ္တုိ႔ကို ဂိုးျပတ္အႏုိင္ယူႏုိင္ခဲ့ပါတယ္။

အေဝးကြင္းမွာဆုိ ပိတ္ကစားတတ္တဲ့ ပဲေလ့စ္ေၾကာင့္ ခ်ဲလ္ဆီးတုိ႔ ထိုးေဖာက္ရခက္ခဲ့ၿပီး တုိက္စစ္ပုိင္းက အဆုံးသတ္ မေကာင္းမွဳေတြနဲ႔ ဂ်ာမန္တုိက္စစ္ကစားသမားႏွစ္ဦး ဂိုးေပါက္ ရွာမေတြ႕ေသးမွဳေတြကလည္း အသင္းရဲ႕ ပထမပုိင္း ဂိုးမရွိသေရရလဒ္အတြက္ ထိုက္တန္ခဲ့တယ္ပဲ ေျပာႏုိင္ပါတယ္။

ဒုတိယပုိင္းမွာေတာ့ ကစားကြက္ခ်င္း ယွဥ္မရတဲ့ ပဲေလ့စ္တုိ႔ အမွားမ်ားလာခဲ့ၿပီး ပြဲခ်ိန္မိနစ္ ၅၀ မွာေတာ့ ေနာက္တန္းေတြရဲ႕ ႏွစ္ႀကိမ္ေလာက္ မၿပီျပင္တဲ့ ရွင္းထုတ္မွဳေတြေၾကာင့္ ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ဂိုးဧရိယာထဲအထိ လုိက္ပါေနရာယူထားတဲ့ ေခ်းလ္ဝဲလ္က သူ႕ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ပြဲဦးထြက္မွာ အနီးကပ္ အျပင္းကန္သြင္းယူၿပီး အဖြင့္ဂိုးရခဲ့ပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာေတြကို တာဝန္ယူထားခဲ့တဲ့ ေခ်းလ္ဝဲလ္က ကန္တင္ေပးရာကေန ျပန္ထြက္တာတဲ့ ေဘာလုံးကို ေနာက္တစ္ႀကိမ္ျပန္ၿပီး ျဖတ္တင္ေပးခဲ့ရာမွာေတာ့ ခုန္အားေကာင္းတဲ့ ဇူးမားက ပဲေလ့စ္ကစားသမားေတြထက္ ပုိျမင့္ေအာင္ခုန္ၿပီး ေခါင္းတုိက္သြင္းယူႏုိင္ခဲ့လုိ႔ ခ်ဲလ္ဆီးတုိ႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနပါတယ္။

ပြဲခ်ိန္ ၇၇ မိနစ္ေတာ့ ေအဘရာဟမ္ကို ပင္နယ္တီ ဧရိယာထဲမွာ ပဲေလ့စ္ေနာက္ခံလူ မစ္ခ်ဲလ္ ခ်ိတ္မိခဲ့လို႔ ပင္နယ္တီကန္ခြင့္ရခဲ့ၿပီး ဒါကို ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညဳိက ဂိုးသမား ဂြဳိင္တာ ဒုိက္ပစ္တဲ့ဘက္ရဲ႕ ဆန္႔က်င္ဘက္ကို ကန္သြင္းၿပီး တတိယဂိုးရယူႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၂ မိနစ္မွာလည္း ဂိုးဧရိယာထဲကို ဝင္လာတဲ့ ဟာဗတ္ဇ္ကို ပဲေလ့စ္ေနာက္ခံလူက ေျခေထာက္ကို ဖ်က္မိတာကေန ပင္နယ္တီ ထပ္ရခဲ့ၿပီး ေဂ်ာ္ဂ်င္ညဳိကပဲ ပထမဂိုးအတုိင္း သြင္းယူႏုိင္ခဲ့သလို သူ႕ရဲ႕ ဒီရာသီ တတိယေျမာက္ ပရီးမီးယားလိဂ္ဂိုးကို ပင္နယ္တီကေန သြင္းယူႏုိင္ခဲ့လို႔ ပြဲအၿပီးမွာ ခ်ဲလ္ဆီးတုိ႔ ေလးဂုိး-ဂိုးမရွိနဲ႔ အႏုိင္ရရွိခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ေဂ်ာ္ဂ်င္ညဳိနဲ႔ ေခ်းလ္ဝဲလ္တုိ႔ရဲ႕ အေဝးေဘာေတြနဲ႔ ေအဘရာဟမ္ရဲ႕ ေျပးအားနဲ႔ကေတာ့ ၾကည့္လုိ႔ေကာင္းတဲ့ တုိက္စစ္ဆင္မွဳေတြ ျဖစ္ခဲ့ေပမယ့္ တုိက္စစ္အတြဲအဖက္ေတြျဖစ္တဲ့ ေအဘရာဟမ္+ဗာနာ+ဟာဗတ္ဇ္+ဟဒ္ဆန္-အိုဒြဳိင္းတုိ႔ၾကား ေလးဂိုးမွာ တစ္ဂိုးမွ မပါဝင္ႏုိင္ခဲ့တာ ကေတာ့ လမ္းပတ္အေနနဲ႔ အေရးထားၿပီး စဥ္းစားရမယ့္ ပုစာၦတစ္ပုဒ္ျဖစ္သလို ကစားသမားသစ္ေတြ ပါဝင္လာမွဳနဲ႔အတူ ႏုိင္ပြဲကေတာ့ အသင္းအတြက္ ယုံၾကည္မွဳေတြကို တုိးတက္ေစႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမားသစ် အေဒူယာ မန်ဒီနဲ့ နောက်ခံလူ ဘန် ချေးလ်ဝဲလ်တို့ကို ထည့်သွင်းခဲ့ပြီး ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေခဲ့ပေမယ့် ဒုတိယပိုင်းမှာ တင်လာတဲ့ ကစားအားနဲ့ ခရစ္စတယ်လ်ပဲလေ့စ်တို့ကို ဂိုးပြတ်အနိုင်ယူနိုင်ခဲ့ပါတယ်။

အဝေးကွင်းမှာဆို ပိတ်ကစားတတ်တဲ့ ပဲလေ့စ်ကြောင့် ချဲလ်ဆီးတို့ ထိုးဖောက်ရခက်ခဲ့ပြီး တိုက်စစ်ပိုင်းက အဆုံးသတ် မကောင်းမှုတွေနဲ့ ဂျာမန်တိုက်စစ်ကစားသမားနှစ်ဦး ဂိုးပေါက် ရှာမတွေ့သေးမှုတွေကလည်း အသင်းရဲ့ ပထမပိုင်း ဂိုးမရှိသရေရလဒ်အတွက် ထိုက်တန်ခဲ့တယ်ပဲ ပြောနိုင်ပါတယ်။

ဒုတိယပိုင်းမှာတော့ ကစားကွက်ချင်း ယှဉ်မရတဲ့ ပဲလေ့စ်တို့ အမှားများလာခဲ့ပြီး ပွဲချိန်မိနစ် ၅၀ မှာတော့ နောက်တန်းတွေရဲ့ နှစ်ကြိမ်လောက် မပြီပြင်တဲ့ ရှင်းထုတ်မှုတွေကြောင့် ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဂိုးဧရိယာထဲအထိ လိုက်ပါနေရာယူထားတဲ့ ချေးလ်ဝဲလ်က သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ အနီးကပ် အပြင်းကန်သွင်းယူပြီး အဖွင့်ဂိုးရခဲ့ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ ထောင့်ကန်ဘောတွေကို တာဝန်ယူထားခဲ့တဲ့ ချေးလ်ဝဲလ်က ကန်တင်ပေးရာကနေ ပြန်ထွက်တာတဲ့ ဘောလုံးကို နောက်တစ်ကြိမ်ပြန်ပြီး ဖြတ်တင်ပေးခဲ့ရာမှာတော့ ခုန်အားကောင်းတဲ့ ဇူးမားက ပဲလေ့စ်ကစားသမားတွေထက် ပိုမြင့်အောင်ခုန်ပြီး ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ချဲလ်ဆီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေပါတယ်။

ပွဲချိန် ၇၇ မိနစ်တော့ အေဘရာဟမ်ကို ပင်နယ်တီ ဧရိယာထဲမှာ ပဲလေ့စ်နောက်ခံလူ မစ်ချဲလ် ချိတ်မိခဲ့လို့ ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ဒါကို ကွင်းလယ်လူ ဂျော်ဂျင်ညိုက ဂိုးသမား ဂွိုင်တာ ဒိုက်ပစ်တဲ့ဘက်ရဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းပြီး တတိယဂိုးရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၂ မိနစ်မှာလည်း ဂိုးဧရိယာထဲကို ဝင်လာတဲ့ ဟာဗတ်ဇ်ကို ပဲလေ့စ်နောက်ခံလူက ခြေထောက်ကို ဖျက်မိတာကနေ ပင်နယ်တီ ထပ်ရခဲ့ပြီး ဂျော်ဂျင်ညိုကပဲ ပထမဂိုးအတိုင်း သွင်းယူနိုင်ခဲ့သလို သူ့ရဲ့ ဒီရာသီ တတိယမြောက် ပရီးမီးယားလိဂ်ဂိုးကို ပင်နယ်တီကနေ သွင်းယူနိုင်ခဲ့လို့ ပွဲအပြီးမှာ ချဲလ်ဆီးတို့ လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဂျော်ဂျင်ညိုနဲ့ ချေးလ်ဝဲလ်တို့ရဲ့ အဝေးဘောတွေနဲ့ အေဘရာဟမ်ရဲ့ ပြေးအားနဲ့ကတော့ ကြည့်လို့ကောင်းတဲ့ တိုက်စစ်ဆင်မှုတွေ ဖြစ်ခဲ့ပေမယ့် တိုက်စစ်အတွဲအဖက်တွေဖြစ်တဲ့ အေဘရာဟမ်+ဗာနာ+ဟာဗတ်ဇ်+ဟဒ်ဆန်-အိုဒွိုင်းတို့ကြား လေးဂိုးမှာ တစ်ဂိုးမှ မပါဝင်နိုင်ခဲ့တာ ကတော့ လမ်းပတ်အနေနဲ့ အရေးထားပြီး စဉ်းစားရမယ့် ပုစ္ဆာတစ်ပုဒ်ဖြစ်သလို ကစားသမားသစ်တွေ ပါဝင်လာမှုနဲ့အတူ နိုင်ပွဲကတော့ အသင်းအတွက် ယုံကြည်မှုတွေကို တိုးတက်စေနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.