Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၃.၁၀.၂၀၂၀

– အာဆင္နယ္အသင္းတုိက္စစ္မွဴး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းရဲ႕ ဖူလ္ဟမ္နဲ႔ပြဲမွာ သြင္းယူခဲ့တဲ့ ဘယ္ျခမ္းက ေဝ့ဝိုက္ကန္ခ်က္ကို စက္တင္ဘာတစ္လတာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးဂိုးဆုအတြက္ ပဏာမ ေရြးခ်ယ္ခံထားရ။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာက အသင္းရဲ႕ အေျပာင္းအေရႊ႕ေတြအတြက္ အတိအက် မေျပာႏုိင္ေသးေပမယ့္ သူကိုယ္တိုင္ရဲ႕ အေတြ႕အႀကဳံေတြအရေတာ့ ေနာက္ဆုံးရက္ Deadline Day ဟာ အသင္းရဲ႕ အျမဲတမ္းလုပ္ေဆာင္ေနက်ေန႔ျဖစ္တယ္လုိ႔ဆုိ။

– ဘီဘီစီရဲ႕ ေဘာလုံးခန္႔မွန္းတင္ဆက္သူ မာ့ခ္ ေလာ္ရင္ဆန္ (ေလာ္႐ို)က အာဆင္နယ္အသင္းအေနနဲ႔ လီဗာပူးလ္ကို အန္းဖီးလ္မွာ ရွဳံးနိမ့္ ထားခဲ့တာေၾကာင့္ ရွက္ဖီးလ္ဒ္ယူႏုိက္တက္နဲ႔ပြဲကို ဖိဖိစီးစီး အႏုိင္ကစားသြားဖို႔ ရွိေနသလို ရလဒ္ကေတာ့ ၂-၀ လို႔ ခန္႔မွန္း။

– အက္သလက္တီကို မက္ဒရစ္အသင္းဆီ အငွားခ်ဖို႔ အာဆင္နယ္ဘက္က သေဘာတူညီခဲ့တဲ့ ေတာ္ရဲရားကို ဒီေန႔မွာ ေဆးစစ္မွာျဖစ္ၿပီး ရာသီကုန္မွာ ယူ႐ို ၂၅ သန္းနဲ႔ ေရာင္းခ်ဖို႔ ထည့္သြင္းထားေပမယ့္ မျဖစ္မေနေတာ့ မဟုတ္ဘူးလို႔ဆို။

– လီဗာပူးလ္ရဲ႕ ႐ိုင္ယန္ ဘ႐ူးစတားကို ရွက္ဖီးလ္ဒ္ယူႏုိက္တက္ဆီ လက္လႊတ္လုိက္ရတဲ့ ခရစၥတယ္လ္ပဲေလ့စ္အသင္းအေနနဲ႔ အာဆင္နယ္ေတာင္ပံတုိက္စစ္မွဴး ရီးစ္ နယ္လ္ဆန္ကို အငွားနဲ႔ ေခၚယူသြားဖို႔ စိတ္ဝင္စားေန။

– အာဆင္နယ္အသင္းက ေခၚယူဖို႔ ေႏွာင့္ေႏွးေနခဲ့တဲ့ ေသာမတ္စ္ ပါေတးကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ ၾကားဝင္ႀကဳိးစားႏုိင္ၿပီး ဒက္ကလန္ ႐ိုက္စ္ရဲ႕ အေျခအေနေပၚ မူတည္ၿပီး လွဳပ္ရွားဖို႔ ေစာင့္ၾကည့္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ လီယြန္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကို အသင္းႀကီးေတြနဲ႔အၿပဳိင္ ေခၚယူႏုိင္ဦးမွာျဖစ္ၿပီး ဒီကိုဗစ္ကာလမွာ အားလုံး ေငြေၾကးရွားပါးေနတဲ့အတြက္ ကစားသမားေတြကို ေရာင္းခ်ၿပီး စုေဆာင္းထားတဲ့ ေျမာက္လန္ဒန္အသင္းကေတာင္ ေငြပုိသုံးႏုိင္ဖို႔ ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းတိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းရဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဘယ်ခြမ်းက ဝေ့ဝိုက်ကန်ချက်ကို စက်တင်ဘာတစ်လတာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဂိုးဆုအတွက် ပဏာမ ရွေးချယ်ခံထားရ။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက အသင်းရဲ့ အပြောင်းအရွှေ့တွေအတွက် အတိအကျ မပြောနိုင်သေးပေမယ့် သူကိုယ်တိုင်ရဲ့ အတွေ့အကြုံတွေအရတော့ နောက်ဆုံးရက် Deadline Day ဟာ အသင်းရဲ့ အမြဲတမ်းလုပ်ဆောင်နေကျနေ့ဖြစ်တယ်လို့ဆို။

– ဘီဘီစီရဲ့ ဘောလုံးခန့်မှန်းတင်ဆက်သူ မာ့ခ် လော်ရင်ဆန် (လော်ရို)က အာဆင်နယ်အသင်းအနေနဲ့ လီဗာပူးလ်ကို အန်းဖီးလ်မှာ ရှုံးနိမ့် ထားခဲ့တာကြောင့် ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ပွဲကို ဖိဖိစီးစီး အနိုင်ကစားသွားဖို့ ရှိနေသလို ရလဒ်ကတော့ ၂-၀ လို့ ခန့်မှန်း။

– အက်သလက်တီကို မက်ဒရစ်အသင်းဆီ အငှားချဖို့ အာဆင်နယ်ဘက်က သဘောတူညီခဲ့တဲ့ တော်ရဲရားကို ဒီနေ့မှာ ဆေးစစ်မှာဖြစ်ပြီး ရာသီကုန်မှာ ယူရို ၂၅ သန်းနဲ့ ရောင်းချဖို့ ထည့်သွင်းထားပေမယ့် မဖြစ်မနေတော့ မဟုတ်ဘူးလို့ဆို။

– လီဗာပူးလ်ရဲ့ ရိုင်ယန် ဘရူးစတားကို ရှက်ဖီးလ်ဒ်ယူနိုက်တက်ဆီ လက်လွှတ်လိုက်ရတဲ့ ခရစ္စတယ်လ်ပဲလေ့စ်အသင်းအနေနဲ့ အာဆင်နယ်တောင်ပံတိုက်စစ်မှူး ရီးစ် နယ်လ်ဆန်ကို အငှားနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေ။

– အာဆင်နယ်အသင်းက ခေါ်ယူဖို့ နှောင့်နှေးနေခဲ့တဲ့ သောမတ်စ် ပါတေးကို ချဲလ်ဆီးအသင်းအနေနဲ့ ကြားဝင်ကြိုးစားနိုင်ပြီး ဒက်ကလန် ရိုက်စ်ရဲ့ အခြေအနေပေါ် မူတည်ပြီး လှုပ်ရှားဖို့ စောင့်ကြည့်နေ။

– အာဆင်နယ်အသင်းအနေနဲ့ လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါကို အသင်းကြီးတွေနဲ့အပြိုင် ခေါ်ယူနိုင်ဦးမှာဖြစ်ပြီး ဒီကိုဗစ်ကာလမှာ အားလုံး ငွေကြေးရှားပါးနေတဲ့အတွက် ကစားသမားတွေကို ရောင်းချပြီး စုဆောင်းထားတဲ့ မြောက်လန်ဒန်အသင်းကတောင် ငွေပိုသုံးနိုင်ဖို့ ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.