Premier League

အာဆင်နယ် ဖလားရပြီလို့ အခြေအနေတစ်ခုကျရင် ယုံကြည်မယ်လို့ ပြောလိုက်တဲ့ နဗီး

ဂယ်ရီ နဗီးက လက်ရှိမှာ အာဆင်နယ်အသင်းအနေနဲ့ လာမယ့် တနင်္ဂနွေနေ့ အန်းဖီးမှာ လီဗာပူးလ်ကို အနိုင်ယူနိုင်ရင် ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို ရပြီလို့ ယုံကြည်နေပါတယ်။

ဂန်းနားတွေဟာ စနေနေ့က လိဒ်စ်ယူနိုက်တက်ကို အမ်းမရိတ်စ်မှာ ၄-၁ နဲ့ အနိင်ရရှိခဲ့ပြီးနောက် လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ဖို့ မာဆေးဆိုဒ်ကို သွားရောက်ရမှာဖြစ်ပြီး အာဆင်နယ်ဟာ ၉ ပွဲသာ ကစားဖို့ ကျန်တော့ချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ် ဦးဆောင်ထားပေမယ့် ဂွါဒီယိုလာရဲ့အသင်းက တစ်ပွဲကစားဖို့ ကျန်နေသေးတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ယခုရာသီမှာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး အမှတ်ပေးဖလားကို ရယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး မန်ယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက မြောက်လန်ဒန်ကလပ်အသင်းက ဆုဖလားရမှာမဟုတ်ဘဲ မန်စီးတီးကပဲ ချန်ပီယံဘွဲ့ကို ကာကွယ်သွားမယ်လို့ ထောက်ခံပြောဆိုခဲ့မှုကြောင့် ဂန်းနားပရိသတ်တွေရဲ့ မုန်းတီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ဂယ်ရီ နဗီးက အဲဒီအမြင်အပေါ် ရပ်တည်ချက် ပျော့ပျောင်းလာပုံပေါ်ပြီး ဂန်းနားတွေအနေနဲ့ တနင်္ဂနွေနေ့မှာ လီဗာပူးလ်ကို အနိုင်ရခဲ့ရင် ဖလားရပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အခုက ၅၀-၅၀ ပဲ။ ကျွန်တော့်စိတ်က လွန်ခဲ့တဲ့ ၆ ပတ်၊ ၈ ပတ်လောက်တုန်းက မန်စီးတီးပဲ ဖလားရသွားမယ်လို့ သေချာနေခဲ့တာပါ။ အာဆင်နယ်က ရမှတ်တွေအများကြီး လျော့ကျပြီး အခုသူတို့ရှိနေတဲ့နေရာမှာ ရှိနေမှာမဟုတ်ဘူးလို့ ထင်ခဲ့ပါတယ်။ အခုတော့ ၅၀-၅၀ ပဲလို့ ထင်တယ်။ ကျွန်တော် လီဗာပူးလ်နဲ့ပွဲအပေါ်မှာ အရာအားလုံး ဆုံးဖြတ်သွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နည်းပြက ဒီနှစ် အန်းဖီးမှာ မင်း အနိုင်ရခဲ့ရင် လိဂ်ဖလားကိုလည်း အနိုင်ရလိမ့်မယ်လို့ ပြောနေကျပါ။ မကြာခဏလည်း အဲဒီအတိုင်း ဖြစ်ခဲ့ပါတယ်”

“တကယ်လို့ အာဆင်နယ်သာ အန်းဖီးကိုသွားပြီး အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ်ဖလားက ကျိန်းသေပေါက် သူတို့ဖလားပဲလို့ ကျွန်တော် ပြောရပါလိမ့်မယ်။ အဲဒီကနေ ရလာမယ့် ယုံကြည်ချက်က မယုံနိင်စရာကောင်းပါတယ်။ အန်းဖီးက သွားဖို့ ကြောက်စရာကောင်းတဲ့ နေရာပါ”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ဟာ ဧပြီလ ၂၆ ရက်နေ့ အစ်တီဟတ်မှာ တွေ့ဆုံရင်ဆိုင်သွားရဖို့ ရှိနေသေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂယ္ရီ နဗီးက လက္ရွိမွာ အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ တနဂၤေႏြေန႔ အန္းဖီးမွာ လီဗာပူးလ္ကို အႏိုင္ယူႏိုင္ရင္ ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို ရၿပီလို႔ ယုံၾကည္ေနပါတယ္။

ဂန္းနားေတြဟာ စေနေန႔က လိဒ္စ္ယူႏိုက္တက္ကို အမ္းမရိတ္စ္မွာ ၄-၁ နဲ႔ အနိင္ရရွိခဲ့ၿပီးေနာက္ လီဗာပူးလ္အသင္းနဲ႔ ရင္ဆိုင္ဖို႔ မာေဆးဆိုဒ္ကို သြားေရာက္ရမွာျဖစ္ၿပီး အာဆင္နယ္ဟာ ၉ ပြဲသာ ကစားဖို႔ က်န္ေတာ့ခ်ိန္မွာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၈ မွတ္ျဖတ္ ဦးေဆာင္ထားေပမယ့္ ဂြါဒီယိုလာရဲ႕အသင္းက တစ္ပြဲကစားဖို႔ က်န္ေနေသးတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ယခုရာသီမွာ ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံး အမွတ္ေပးဖလားကို ရယူဖို႔ ႀကိဳးပမ္းေနတာ ျဖစ္ၿပီး မန္ယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက ေျမာက္လန္ဒန္ကလပ္အသင္းက ဆုဖလားရမွာမဟုတ္ဘဲ မန္စီးတီးကပဲ ခ်န္ပီယံဘြဲ႕ကို ကာကြယ္သြားမယ္လို႔ ေထာက္ခံေျပာဆိုခဲ့မႈေၾကာင့္ ဂန္းနားပရိသတ္ေတြရဲ႕ မုန္းတီးျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လက္ရွိမွာေတာ့ ဂယ္ရီ နဗီးက အဲဒီအျမင္အေပၚ ရပ္တည္ခ်က္ ေပ်ာ့ေပ်ာင္းလာပုံေပၚၿပီး ဂန္းနားေတြအေနနဲ႔ တနဂၤေႏြေန႔မွာ လီဗာပူးလ္ကို အႏိုင္ရခဲ့ရင္ ဖလားရၿပီလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အခုက ၅၀-၅၀ ပဲ။ ကြၽန္ေတာ့္စိတ္က လြန္ခဲ့တဲ့ ၆ ပတ္၊ ၈ ပတ္ေလာက္တုန္းက မန္စီးတီးပဲ ဖလားရသြားမယ္လို႔ ေသခ်ာေနခဲ့တာပါ။ အာဆင္နယ္က ရမွတ္ေတြအမ်ားႀကီး ေလ်ာ့က်ၿပီး အခုသူတို႔ရွိေနတဲ့ေနရာမွာ ရွိေနမွာမဟုတ္ဘူးလို႔ ထင္ခဲ့ပါတယ္။ အခုေတာ့ ၅၀-၅၀ ပဲလို႔ ထင္တယ္။ ကြၽန္ေတာ္ လီဗာပူးလ္နဲ႔ပြဲအေပၚမွာ အရာအားလုံး ဆုံးျဖတ္သြားမွာမဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ နည္းျပက ဒီႏွစ္ အန္းဖီးမွာ မင္း အႏိုင္ရခဲ့ရင္ လိဂ္ဖလားကိုလည္း အႏိုင္ရလိမ့္မယ္လို႔ ေျပာေနက်ပါ။ မၾကာခဏလည္း အဲဒီအတိုင္း ျဖစ္ခဲ့ပါတယ္”

“တကယ္လို႔ အာဆင္နယ္သာ အန္းဖီးကိုသြားၿပီး အႏိုင္ရခဲ့ရင္ ပရီးမီးယားလိဂ္ဖလားက က်ိန္းေသေပါက္ သူတို႔ဖလားပဲလို႔ ကြၽန္ေတာ္ ေျပာရပါလိမ့္မယ္။ အဲဒီကေန ရလာမယ့္ ယုံၾကည္ခ်က္က မယုံနိင္စရာေကာင္းပါတယ္။ အန္းဖီးက သြားဖို႔ ေၾကာက္စရာေကာင္းတဲ့ ေနရာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ဟာ ဧၿပီလ ၂၆ ရက္ေန႔ အစ္တီဟတ္မွာ ေတြ႕ဆုံရင္ဆိုင္သြားရဖို႔ ရွိေနေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.