Premier League

ချာကာအပါအဝင် ကစားသမား ၂ ဦးအထိ ပါဝင်တဲ့ အပြောင်းအရွှေ့ကို ပြုလုပ်မယ့် အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ချ်ကို ယခုလာမယ့်နွေရာသီမှာ ခေါ်ယူဖို့အတွက် ဂရာနစ် ချာကာနဲ့ နီကိုလာ ပေပေတို့နဲ့ အလဲအထပ် ကမ်းလှမ်းသွားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

Calciomercatoweb ရဲ့ ဖော်ပြချက်အရ ဂန်းနားတွေဟာ အသက် ၂၃ နှစ်အရွယ်တိုက်စစ်မှူးက လာမယ့်ရာသီ တိုက်စစ်အတွက် အားဖြည့်ဖို့ ရွေးချယ်စရာအဖြစ် သတ်မှတ်ခဲ့ပြီး အာတီတာက ချာကာနဲ့ ပေပေတို့ကို အလိုက်ပေးသွားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ဗလာဟိုဗစ်ချ်က ပြိုင်ပွဲစုံ ၂၉ ပွဲမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားပြီး ဥရောပရဲ့ ထိပ်တန်းတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ကစားသမား ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတုန်းက ဗလာဟိုဗစ်ချ် ဂျူဗင်တပ်ကို မရွေးချယ်ခင်တုန်းက အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ဖူးတာဖြစ်ပြီး Transfermarkt က ဆားဘီးယားတိုက်စစ်မှူးရဲ့ စျေးကွက်ပေါက်စျေးကို ယူရို ၇၅ သန်း သတ်မှတ်ထားပေမယ့်လည်း ဂန်းနားတွေက အဲဒီပမာဏကို လျှော့ချချင်နေတာဖြစ်ပါတယ်။

ဒါကြောင့် ချာကာနဲ့ ပေပေတို့ကို အလိုက်ပေး ကမ်းလှမ်းသွားဖို့ စဉ်းစားနေတာဖြစ်ပြီး ဆွစ်ဇာလန်ကွင်းလယ်ကြယ်ပွင့်ဟာ ယခုရာသီ အာတီတာရဲ့အသင်းအတွက် အဓိကကစားသမားအဖြစ် ကစားပေးနေတဲ့ ကစားသမားဖြစ်ပါတယ်။

ချာကာဟာ ပြိုင်ပွဲစုံ ၃၉ ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ပေးထားတဲ့ ကစားသမားဖြစ်ပေမယ့်လည်း စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာကြောင့် အာဆင်နယ်အသင်းက စျေးကွက်ထဲမှာ ကွင်းလယ်ကစားသမားသစ် ရှာဖွေသွားမယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။

သတင်းတွေရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့အတွက် အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးကို ရိုက်ချိုးသွားချင်တဲ့ဆန္ဒရှိနေတယ်ုလိ့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ခ်ျကို ယခုလာမယ့်နွေရာသီမှာ ခေါ်ယူဖို့အတွက် ဂရာနစ် ချာကာနဲ့ နီကိုလာ ပေပေတို့နဲ့ အလဲအထပ် ကမ်းလှမ်းသွားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။


ဗလာဟိုဗစ်ခ်ျက ပြိုင်ပွဲစုံ ၂၉ ပွဲမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားပြီး ဥရောပရဲ့ ထိပ်တန်းတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ကစားသမား ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတုန်းက ဗလာဟိုဗစ်ခ်ျ ဂျူဗင်တပ်ကို မရွေးချယ်ခင်တုန်းက အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ဖူးတာဖြစ်ပြီး Transfermarkt က ဆားဘီးယားတိုက်စစ်မှူးရဲ့ ဈေးကွက်ပေါက်ဈေးကို ယူရို ၇၅ သန်း သတ်မှတ်ထားပေမယ့်လည်း ဂန်းနားတွေက အဲဒီပမာဏကို လျှော့ချချင်နေတာဖြစ်ပါတယ်။


ချာကာဟာ ပြိုင်ပွဲစုံ ၃၉ ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ပေးထားတဲ့ ကစားသမားဖြစ်ပေမယ့်လည်း စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာကြောင့် အာဆင်နယ်အသင်းက ဈေးကွက်ထဲမှာ ကွင်းလယ်ကစားသမားသစ် ရှာဖွေသွားမယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။


REF: INTERNET SOURCES
SPORTS A2Z.