International

ရော်နယ်လ်ဒိုရဲ့ ချစ်စရာကောင်းတဲ့စိတ်ဓာတ်ကို ပြောပြခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး

ပြင်သစ်တိုက်စစ်မှူးဟောင်း ဂျင်မီ ဘရီယွန်းက လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက်တုန်းက ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ အတွေ့အကြုံကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အယ်လ် နာဆာ ကြယ်ပွင့်တိုက်စစ်မှူးဟာ တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဆိုတာ ငြင်းလို့မရဘဲ ဘလွန်ဒေါဆု ၅ ကြိမ်အထိ ရရှိထားတဲ့ ကစားသမားဖြစ်ပြီး ကလပ်အသင်းနဲ့ရော နိုင်ငံအသင်းနဲ့ပါ ဆုဖလားအားလုံးနီးပါး ကိုင်မြှောက်ထားနိုင်ခဲ့သူ ဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ရဲ့ ဂုဏ်သတင်းကြောင့် ပြိုင်ဘက်ကစားသမားတွေက ရော်နယ်လ်ဒိုကို ပွဲအပြီးမှာ ဂျာစီ တောင်းကြတာက သာမန်ကိစ္စတစ်ခုဖြစ်ပေမယ့်လည်း ဘရီယွန်းကတော့ လွန်ခဲ့တဲ့ ၂၁ နှစ်တုန်းက ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူးနဲ့ တွေ့ဆုံရာမှာ မတူညီတဲ့အတွေ့အကြုံတစ်ခု ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်မှာ ဘရီယွန်းက ယူ-၁၇ ယူရိုပြိုင်ပွဲမှာ ပေါ်တူဂီအသင်းကို ၂-၀ နဲ့ အနိုင်ရရှိအောင် ပြင်သစ်အသင်းအတွက် ကူညီပေးခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်မှာ ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအတွက် ပွဲထွက်ပါဝင်ကစားပေးခဲ့ပေမယ့်လည်း မိနစ် ၈၀ မှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီတုန်းက အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လိုင်ယွန် တိုက်စစ်မှူးဟောင်း ဘရီယွန်းနဲ့ ပွဲစဉ်အတွင်း ခိုက်ရန်ဖြစ်ပွားခဲ့ပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်ဟာ အဲဒီနေ့ညမှာပဲ ၎င်းရဲ့အမှားကို ဝန်ခံပြီး တောင်းပန်ခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုက အမှားပြင်ဆင်တဲ့အနေနဲ့ ပြင်သစ်တိုက်စစ်မှူးနဲ့ ရှပ်ချင်းလဲလှယ်ကြဖို့ တောင်းဆိုခဲ့ပြီး ဘရီယွန်းက အဲဒီအဖြစ်အပျက်ကို Canal+ ကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်ကစားခဲ့တယ်။ ကျွန်တော်နဲ့ ခရစ္စတီယာနိုတို့ ၂၀၀၂ ခုနှစ် ယူ-၁၇ ယူရိုပြိုင်ပွဲမှာပေါ့။ ကျွန်တော့်မှာ သူ့ရဲ့ ရှပ်ရှိပါတယ်။ ဒါပေမယ့် နာမည်မပါပါဘူး။ ဘာလို့လဲဆိုတော့ ယူ-၁၇ ပြိုင်ပွဲက ရှပ်ဖြစ်ခဲ့လို့ပါ။ ရော်နယ်လ်ဒိုက ငယ်ငယ်လေးပဲ ရှိသေးတယ်။ သူက အရမ်းကောင်းနေပါပြီ။ ဒါပေမယ့် အရမ်း စိတ်ခံစားမှု ပြင်းထန်တယ်။ သူက အရမ်း စိတ်ခံစားမှု ပြင်းထန်ခဲ့တယ်။ သူက ကျွန်တော်တို့ သူတို့ကို အနိုင်ယူခဲ့တာကို နည်းနည်း စိတ်ဆိုးနေပြီး ပွဲအဆုံးမှာ ကျွန်တော်နဲ့ ပြဿနာတက်ခဲ့တယ်။ သူ အနီကတ်ပြခံခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဟိုတယ်တစ်ခုတည်းမှာ အတူတူ တည်းခဲ့ကြတာပါ။အဲဒီညမှာပဲ ကျွန်တော့်အခန်းတံခါးကိုလာခေါက်သံကြားတော့ ဘယ်သူများလဲလို့ ကြည့်လိုက်တာ ရော်နယ်လ်ဒို ဖြစ်နေတယ်။ သူက ကျွန်တော့်ကို လာတောင်းပန်တာဖြစ်ပြီး ရှပ်လဲဖို့လည်း တောင်းဆိုခဲ့တယ်။ အဲဒါကြောင့်ပဲ ဒီပုံက လူမှုကွန်ရက်ပေးမှာ ပျံ့နှံ့လာခဲ့တာပါ။”လို့ ပြောကြားခဲ့ပါတယ်။

ဘရီယွန်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ စီနီယာ ကစားသမားဘဝမှာ ၄ ကြိမ်အထိ ထပ်မံရင်ဆိုင်ခဲ့ရပြီး အဲဒီပွဲစဉ်တွေအားလုံးဟာ ၂၀၁၁ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်တိုက်စစ်မှူးက လိုင်ယွန်အသင်းအတွက် ကစားပေးနေခဲ့တာဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးနေခဲ့တာဖြစ်ပြီး အဲဒီ ၄ ကြိမ်ထဲက တစ်ကြိမ်မှာ နောက်ထပ်တစ်ကြိမ် ရှပ်ချင်းလဲလှယ်ခဲ့ကြသေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ျပင္သစ္တိုက္စစ္မႉးေဟာင္း ဂ်င္မီ ဘရီယြန္းက လြန္ခဲ့တဲ့ ဆယ္စုႏွစ္ ၂ ခုေလာက္တုန္းက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရတဲ့ အေတြ႕အႀကဳံကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အယ္လ္ နာဆာ ၾကယ္ပြင့္တိုက္စစ္မႉးဟာ တသက္တာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးဆိုတာ ျငင္းလို႔မရဘဲ ဘလြန္ေဒါဆု ၅ ႀကိမ္အထိ ရရွိထားတဲ့ ကစားသမားျဖစ္ၿပီး ကလပ္အသင္းနဲ႔ေရာ ႏိုင္ငံအသင္းနဲ႔ပါ ဆုဖလားအားလုံးနီးပါး ကိုင္ေျမႇာက္ထားႏိုင္ခဲ့သူ ျဖစ္ပါတယ္။

ေပၚတူဂီၾကယ္ပြင့္ရဲ႕ ဂုဏ္သတင္းေၾကာင့္ ၿပိဳင္ဘက္ကစားသမားေတြက ေရာ္နယ္လ္ဒိုကို ပြဲအၿပီးမွာ ဂ်ာစီ ေတာင္းၾကတာက သာမန္ကိစၥတစ္ခုျဖစ္ေပမယ့္လည္း ဘရီယြန္းကေတာ့ လြန္ခဲ့တဲ့ ၂၁ ႏွစ္တုန္းက ရီးရဲလ္မက္ဒရစ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္တိုက္စစ္မႉးနဲ႔ ေတြ႕ဆုံရာမွာ မတူညီတဲ့အေတြ႕အႀကဳံတစ္ခု ရရွိခဲ့တာျဖစ္ပါတယ္။

၂၀၀၂ ခုႏွစ္မွာ ဘရီယြန္းက ယူ-၁၇ ယူ႐ိုၿပိဳင္ပြဲမွာ ေပၚတူဂီအသင္းကို ၂-၀ နဲ႔ အႏိုင္ရရွိေအာင္ ျပင္သစ္အသင္းအတြက္ ကူညီေပးခဲ့တာျဖစ္ၿပီး အဲဒီပြဲစဥ္မွာ ေရာ္နယ္လ္ဒိုဟာ ေပၚတူဂီအတြက္ ပြဲထြက္ပါဝင္ကစားေပးခဲ့ေပမယ့္လည္း မိနစ္ ၈၀ မွာ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

အဲဒီတုန္းက အသက္ ၁၇ ႏွစ္အ႐ြယ္သာရွိေသးတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ လိုင္ယြန္ တိုက္စစ္မႉးေဟာင္း ဘရီယြန္းနဲ႔ ပြဲစဥ္အတြင္း ခိုက္ရန္ျဖစ္ပြားခဲ့ေပမယ့္လည္း ေပၚတူဂီၾကယ္ပြင့္ဟာ အဲဒီေန႔ညမွာပဲ ၎ရဲ႕အမွားကို ဝန္ခံၿပီး ေတာင္းပန္ခဲ့တာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက အမွားျပင္ဆင္တဲ့အေနနဲ႔ ျပင္သစ္တိုက္စစ္မႉးနဲ႔ ရွပ္ခ်င္းလဲလွယ္ၾကဖို႔ ေတာင္းဆိုခဲ့ၿပီး ဘရီယြန္းက အဲဒီအျဖစ္အပ်က္ကို Canal+ ကို ျပန္ေျပာင္း ေျပာျပခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ရင္ဆိုင္ကစားခဲ့တယ္။ ကြၽန္ေတာ္နဲ႔ ခရစၥတီယာႏိုတို႔ ၂၀၀၂ ခုႏွစ္ ယူ-၁၇ ယူ႐ိုၿပိဳင္ပြဲမွာေပါ့။ ကြၽန္ေတာ့္မွာ သူ႔ရဲ႕ ရွပ္ရွိပါတယ္။ ဒါေပမယ့္ နာမည္မပါပါဘူး။ ဘာလို႔လဲဆိုေတာ့ ယူ-၁၇ ၿပိဳင္ပြဲက ရွပ္ျဖစ္ခဲ့လို႔ပါ။ ေရာ္နယ္လ္ဒိုက ငယ္ငယ္ေလးပဲ ရွိေသးတယ္။ သူက အရမ္းေကာင္းေနပါၿပီ။ ဒါေပမယ့္ အရမ္း စိတ္ခံစားမႈ ျပင္းထန္တယ္။ သူက အရမ္း စိတ္ခံစားမႈ ျပင္းထန္ခဲ့တယ္။ သူက ကြၽန္ေတာ္တို႔ သူတို႔ကို အႏိုင္ယူခဲ့တာကို နည္းနည္း စိတ္ဆိုးေနၿပီး ပြဲအဆုံးမွာ ကြၽန္ေတာ္နဲ႔ ျပႆနာတက္ခဲ့တယ္။ သူ အနီကတ္ျပခံခဲ့ရတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔က ဟိုတယ္တစ္ခုတည္းမွာ အတူတူ တည္းခဲ့ၾကတာပါ။အဲဒီညမွာပဲ ကြၽန္ေတာ့္အခန္းတံခါးကိုလာေခါက္သံၾကားေတာ့ ဘယ္သူမ်ားလဲလို႔ ၾကည့္လိုက္တာ ေရာ္နယ္လ္ဒို ျဖစ္ေနတယ္။ သူက ကြၽန္ေတာ့္ကို လာေတာင္းပန္တာျဖစ္ၿပီး ရွပ္လဲဖို႔လည္း ေတာင္းဆိုခဲ့တယ္။ အဲဒါေၾကာင့္ပဲ ဒီပုံက လူမႈကြန္ရက္ေပးမွာ ပ်ံ႕ႏွံ႔လာခဲ့တာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

ဘရီယြန္းဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ စီနီယာ ကစားသမားဘဝမွာ ၄ ႀကိမ္အထိ ထပ္မံရင္ဆိုင္ခဲ့ရၿပီး အဲဒီပြဲစဥ္ေတြအားလုံးဟာ ၂၀၁၁ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ျဖစ္ခဲ့တာျဖစ္ပါတယ္။ ျပင္သစ္တိုက္စစ္မႉးက လိုင္ယြန္အသင္းအတြက္ ကစားေပးေနခဲ့တာျဖစ္ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ရီးရဲလ္မက္ဒရစ္အတြက္ ကစားေပးေနခဲ့တာျဖစ္ၿပီး အဲဒီ ၄ ႀကိမ္ထဲက တစ္ႀကိမ္မွာ ေနာက္ထပ္တစ္ႀကိမ္ ရွပ္ခ်င္းလဲလွယ္ခဲ့ၾကေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.