Formula1 International

၂၀၂၂ ကမ္ဘာ့ဖလားအောင်ပွဲအပြီး အသင်းဖော်ရဲ့လုပ်ရပ်ကြောင့် ဆွံ့အခဲ့ရတဲ့ မက်ဆီ

လီယွန်နယ် မက်ဆီက ၂၀၂၂ ကမ္ဘာ့ဖလားအောင်ပွဲအပြီးမှာ ၎င်းရဲ့ ပုံကို တက်တူးထိုးထားတဲ့ အာဂျင်တီးနားအသင်းဖော် အိုတာမန်ဒီကို မြင်တွေ့ရတာက ထူးခြားတယ်လို့ ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ဆော်ဒီ အာရေဗျကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့မှုကနေ ပြန်လာနိုင်ခဲ့ပြီးနောက် ဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို အနိုင်ရရှိပြီး ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

စကာလိုနီရဲ့ အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံတွေကို စိတ်လှုပ်ရှားဖွယ် ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိင်ရရှိခဲ့ပြီးနောက် တတိယမြောက် ကမ္ဘာ့ဖလားကို ရရှိခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီက ကာတာက ပြိုင်ပွဲတလျှောက်မှာ သွင်းဂိုး ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း ပီအက်စ်ဂျီအသင်းဖော် အမ်ဘာပေကို ၁ ဂိုးတည်းနဲ့ ရွှေဖိနပ်ဆုကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ရွှေဘောလုံးဆုကိုတော့ ရရှိခဲ့တာဖြစ်ပြီး ၎င်းရဲ့ ဂန္တဝင်ဆန်တဲ့ ကစားသမားဘဝအတွင်း ရှောင်ပြေးနေခဲ့တဲ့ အဓိကဆုဖလားကြီးကို နောက်ဆုံးမှာ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အိုတာမန်ဒီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားရဲ့ ခံစစ်မှာ အဓိကကျတဲ့ ကစားသမားအဖြစ် ကစားပေးခဲ့သူဖြစ်ပြီး လက်ရွေးစင်အသင်းအတွက် မိနစ်တိုင်းမှာ ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။ မက်ဆီက အင်စတာဂရမ် စတိုရီမှာ အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ၎င်းကို ဂုဏ်ပြုခဲ့တဲ့ မန်စီးတီးကြယ်ပွင့်ဟောင်းရဲ့ ဗီဒီယိုကို ကျေးဇူးတင်စကားနဲ့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

“ကမ္ဘာ့ဖလားကြောင့် ဖြစ်ခဲ့တဲ့ ထူးခြားဆန်းကြယ်တဲ့အရာတွေ အများကြီး ငါ မြင်တွေ့ခဲ့ရပေမယ့်လည်း အိုတာမန်ဒီလိုမျိုး သူငယ်ချင်း၊ ကစားဖော်တစ်ယောက်ဆီက ဒီ တက်တူးကို မြင်တွေ့ရတာက ထူးခြားတာထက်တောင် ပိုတဲ့ အရာတစ်ခုပါ။ ကျေးဇူးအများကြီးတင်ပါတယ် အိုတာ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီက ၂၀၂၂ ကမာၻ႔ဖလားေအာင္ပြဲအၿပီးမွာ ၎ရဲ႕ ပုံကို တက္တူးထိုးထားတဲ့ အာဂ်င္တီးနားအသင္းေဖာ္ အိုတာမန္ဒီကို ျမင္ေတြ႕ရတာက ထူးျခားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္မွာ ေဆာ္ဒီ အာေရဗ်ကို အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့မႈကေန ျပန္လာႏိုင္ခဲ့ၿပီးေနာက္ ဗိုလ္လုပြဲမွာ ျပင္သစ္အသင္းကို အႏိုင္ရရွိၿပီး ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

စကာလိုနီရဲ႕ အသင္းဟာ ၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံေတြကို စိတ္လႈပ္ရွားဖြယ္ ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အနိင္ရရွိခဲ့ၿပီးေနာက္ တတိယေျမာက္ ကမာၻ႔ဖလားကို ရရွိခဲ့တာျဖစ္ၿပီး လီယြန္နယ္ မက္ဆီက ကာတာက ၿပိဳင္ပြဲတေလွ်ာက္မွာ သြင္းဂိုး ၇ ဂိုးအထိ သြင္းယူႏိုင္ခဲ့ေပမယ့္လည္း ပီအက္စ္ဂ်ီအသင္းေဖာ္ အမ္ဘာေပကို ၁ ဂိုးတည္းနဲ႔ ေ႐ႊဖိနပ္ဆုကို လက္လႊတ္ခဲ့ရတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာ ေ႐ႊေဘာလုံးဆုကိုေတာ့ ရရွိခဲ့တာျဖစ္ၿပီး ၎ရဲ႕ ဂႏၲဝင္ဆန္တဲ့ ကစားသမားဘဝအတြင္း ေရွာင္ေျပးေနခဲ့တဲ့ အဓိကဆုဖလားႀကီးကို ေနာက္ဆုံးမွာ ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အိုတာမန္ဒီဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားရဲ႕ ခံစစ္မွာ အဓိကက်တဲ့ ကစားသမားအျဖစ္ ကစားေပးခဲ့သူျဖစ္ၿပီး လက္ေ႐ြးစင္အသင္းအတြက္ မိနစ္တိုင္းမွာ ပါဝင္ကစားေပးခဲ့တာ ျဖစ္ပါတယ္။ မက္ဆီက အင္စတာဂရမ္ စတိုရီမွာ အာဂ်င္တီးနားရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ၎ကို ဂုဏ္ျပဳခဲ့တဲ့ မန္စီးတီးၾကယ္ပြင့္ေဟာင္းရဲ႕ ဗီဒီယိုကို ေက်းဇူးတင္စကားနဲ႔ တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။

“ကမာၻ႔ဖလားေၾကာင့္ ျဖစ္ခဲ့တဲ့ ထူးျခားဆန္းၾကယ္တဲ့အရာေတြ အမ်ားႀကီး ငါ ျမင္ေတြ႕ခဲ့ရေပမယ့္လည္း အိုတာမန္ဒီလိုမ်ိဳး သူငယ္ခ်င္း၊ ကစားေဖာ္တစ္ေယာက္ဆီက ဒီ တက္တူးကို ျမင္ေတြ႕ရတာက ထူးျခားတာထက္ေတာင္ ပိုတဲ့ အရာတစ္ခုပါ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ အိုတာ”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.