Premier League

နယူးကာဆယ်လ်နဲ့ မန်ယူနိုက်တက်တို့ပွဲကို အံ့အားသင့်ဖွယ်ဟောကိန်းထုတ်ခဲ့တဲ့ ပေါလ် မာဆန်

ပေါလ် မာဆန်က နယူးကာဆယ်လ် ယူနိုက်တက် အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ ခရီးစဉ်အတွက်ဟောကိန်းကို ထုတ်ဖော်ပြောကြားလိုက်ပြီး အဲရစ် တန်ဟက်ကို ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ နေရာ ဝင်နိင်ဖို့ တိုက်ပွဲဝင်ရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယနေ့ညနေမှာ ပြီးခဲ့တဲ့လ ကာရာဘောင်းဖလား ဗိုလ်လုပွဲ တကျော့ပြန်အဖြစ် စိန့် ဂျိမ်းစ်ပါ့ခ်ကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဝင်ဘလေက ပွဲစဉ်မှာတော့ တန်ဟက်ရဲ့အသင်းက ၂-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး ဆုဖလားကို ကိုင်မြှောက်ပြီးကတည်းက ပရီးမီးယားလိဂ်မှာ ခြေစွမ်းအနည်းငယ် ကျဆင်းခဲ့တာဖြစ်ပြီး လီဗာပူးလ်ကို ၇-၀ နဲ့ အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် ဆောက်သမ်တန်နဲ့ပွဲမှာလည်း ရမှတ် ၂ မှတ်အထိ လျော့ကျခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်က အမှတ်ပေးဇယားတတိယနေရာမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး ထိပ်ဆုံး ၄ နေရာပြိုင်ဘက်တွေဖြစ်တဲ့ နယူးကာဆယ်လ်ထက် ၃ မှတ်ပိုမိုရရှိထားတာဖြစ်ပါတယ်။

နယူးကာဆယ်လ်ဟာ နည်းပြ အက်ဒီ ဟောင်းလက်အောက်မှာ အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်နေပြီး ဒီပွဲမှာသာ အနိုင်ရရှိခဲ့မယ်ဆိုရင် အဆင့် ၄ နေရာက တော့တင်ဟမ်ဟော့စပါးကို ကျော်တက်ပြီး မန်ယူနိုက်တက်နဲ့ ရမှတ်ချင်း တူညီသွားတော့မှာဖြစ်ပါတယ်။

ပေါလ် မာဆန်က နယူးကာဆယ်လ် ယူနိုက်တက်က စိန့် ဂျိမ်းစ်ပါ့ခ်မှာ အထင်ကြီးဖွယ်ရလဒ်ကောင်းတွေ ဆက်လက် ပိုင်ဆိုင်သွားမယ်လို့ မျှော်လင့်ထားပြီး မန်ချက်စတာယူနိုက်တက်က ရက်ရှ်ဖို့ဒ်အပေါ်မှာ အရမ်းမှီခိုနေရတယ်လို့ ပြောကြားခဲ့ပါတယ်။

“ကောင်းလိုက်တဲ့ပွဲ။ ဒီပွဲက တကယ်ကို ဖွင့်ထုတ်နိုင်ပါလိမ့်မယ်။ တကယ်လို့ ဒီပွဲမှာ နယူးကာဆယ်လ်က အနိုင်ရခဲ့ရင် မန်ချက်စတာယူနိုက်တက်က ထိပ်ဆုံး ၄ နေရာထဲဝင်နိုင်ဖို့ အလုပ်ပြင်းပြင်းထန်ထန် လုပ်ဖို့ လိုအပ်မှာပါ။ သူတို့တွေ ရက်သတ္တပတ်အဆုံးမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရပ်တည်ရနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက်က အခုအချိန်မှာ ကောင်းကောင်း မကစားနိုင်ဘူး”

“သူတို့တွေ ရက်ရှ်ဖို့ဒ်နဲ့ သူ့ သွင်းဂိုးတွေကို အရမ်း အားကိုးနေရတယ်။ တခြားတစ်စုံတယောက်က အခုအချိန်မှာ သွင်းဂိုးတွေအတွက် တာဝန်ယူရမှာပါ။ သူတို့တွေ ရလဒ်အချို့ရခဲ့ပေမယ့် လုံးဝအပြတ်အသတ်ကြီး အနိုင်ရခဲ့တာမျိုးမဟုတ်ပါဘူး။ နယူးကာဆယ်လ်က အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး သူတို့အတွက် သရေဆိုရင်တောင် မလုံလောက်ပါဘူး။ ကျွန်တော်ကတော့ ဒီပွဲမှာ နယူးကာဆယ်လ်က ၂-၁ နဲ့ အနိုင်ရသွားမယ့်ဘက်ကနေ ရှိနေပါတယ် ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေပါလ္ မာဆန္က နယူးကာဆယ္လ္ ယူႏိုက္တက္ အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ခရီးစဥ္အတြက္ေဟာကိန္းကို ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီး အဲရစ္ တန္ဟက္ကို ပရီးမီးယားလိဂ္ ထိပ္ဆုံး ၄ ေနရာ ဝင္နိင္ဖို႔ တိုက္ပြဲဝင္ရလိမ့္မယ္လို႔ သတိေပးခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ယေန႔ညေနမွာ ၿပီးခဲ့တဲ့လ ကာရာေဘာင္းဖလား ဗိုလ္လုပြဲ တေက်ာ့ျပန္အျဖစ္ စိန႔္ ဂ်ိမ္းစ္ပါ့ခ္ကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဝင္ဘေလက ပြဲစဥ္မွာေတာ့ တန္ဟက္ရဲ႕အသင္းက ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၂၀၁၇ ခုႏွစ္ေနာက္ပိုင္း ပထမဆုံး ဆုဖလားကို ကိုင္ေျမႇာက္ၿပီးကတည္းက ပရီးမီးယားလိဂ္မွာ ေျခစြမ္းအနည္းငယ္ က်ဆင္းခဲ့တာျဖစ္ၿပီး လီဗာပူးလ္ကို ၇-၀ နဲ႔ အရွက္ရဖြယ္ရႈံးနိမ့္ခဲ့ၿပီးေနာက္ ေဆာက္သမ္တန္နဲ႔ပြဲမွာလည္း ရမွတ္ ၂ မွတ္အထိ ေလ်ာ့က်ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္က အမွတ္ေပးဇယားတတိယေနရာမွာ ဆက္လက္ရပ္တည္ေနဆဲျဖစ္ၿပီး ထိပ္ဆုံး ၄ ေနရာၿပိဳင္ဘက္ေတြျဖစ္တဲ့ နယူးကာဆယ္လ္ထက္ ၃ မွတ္ပိုမိုရရွိထားတာျဖစ္ပါတယ္။

နယူးကာဆယ္လ္ဟာ နည္းျပ အက္ဒီ ေဟာင္းလက္ေအာက္မွာ အလြန္ေကာင္းမြန္တဲ့ရာသီကို ပိုင္ဆိုင္ေနၿပီး ဒီပြဲမွာသာ အႏိုင္ရရွိခဲ့မယ္ဆိုရင္ အဆင့္ ၄ ေနရာက ေတာ့တင္ဟမ္ေဟာ့စပါးကို ေက်ာ္တက္ၿပီး မန္ယူႏိုက္တက္နဲ႔ ရမွတ္ခ်င္း တူညီသြားေတာ့မွာျဖစ္ပါတယ္။

ေပါလ္ မာဆန္က နယူးကာဆယ္လ္ ယူႏိုက္တက္က စိန႔္ ဂ်ိမ္းစ္ပါ့ခ္မွာ အထင္ႀကီးဖြယ္ရလဒ္ေကာင္းေတြ ဆက္လက္ ပိုင္ဆိုင္သြားမယ္လို႔ ေမွ်ာ္လင့္ထားၿပီး မန္ခ်က္စတာယူႏိုက္တက္က ရက္ရွ္ဖို႔ဒ္အေပၚမွာ အရမ္းမွီခိုေနရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ေကာင္းလိုက္တဲ့ပြဲ။ ဒီပြဲက တကယ္ကို ဖြင့္ထုတ္ႏိုင္ပါလိမ့္မယ္။ တကယ္လို႔ ဒီပြဲမွာ နယူးကာဆယ္လ္က အႏိုင္ရခဲ့ရင္ မန္ခ်က္စတာယူႏိုက္တက္က ထိပ္ဆုံး ၄ ေနရာထဲဝင္ႏိုင္ဖို႔ အလုပ္ျပင္းျပင္းထန္ထန္ လုပ္ဖို႔ လိုအပ္မွာပါ။ သူတို႔ေတြ ရက္သတၱပတ္အဆုံးမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္ ၅ ေနရာမွာ ရပ္တည္ရႏိုင္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္က အခုအခ်ိန္မွာ ေကာင္းေကာင္း မကစားႏိုင္ဘူး”

“သူတို႔ေတြ ရက္ရွ္ဖို႔ဒ္နဲ႔ သူ႔ သြင္းဂိုးေတြကို အရမ္း အားကိုးေနရတယ္။ တျခားတစ္စုံတေယာက္က အခုအခ်ိန္မွာ သြင္းဂိုးေတြအတြက္ တာဝန္ယူရမွာပါ။ သူတို႔ေတြ ရလဒ္အခ်ိဳ႕ရခဲ့ေပမယ့္ လုံးဝအျပတ္အသတ္ႀကီး အႏိုင္ရခဲ့တာမ်ိဳးမဟုတ္ပါဘူး။ နယူးကာဆယ္လ္က အိမ္ကြင္းမွာ ကစားရမွာျဖစ္ၿပီး သူတို႔အတြက္ သေရဆိုရင္ေတာင္ မလုံေလာက္ပါဘူး။ ကြၽန္ေတာ္ကေတာ့ ဒီပြဲမွာ နယူးကာဆယ္လ္က ၂-၁ နဲ႔ အႏိုင္ရသြားမယ့္ဘက္ကေန ရွိေနပါတယ္ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.