Premier League

မန်စီးတီးရဲ့နိုင်ပွဲအပြီးမှာ ဟာလန်းနဲ့ပတ်သက်ပြီး မျက်နှာပြောင်သွားတဲ့ ကာရေဂါ

လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက ၎င်းရဲ့အသင်းဟောင်းကို မန်ချက်စတာစီးတီးက ချေမှုန်းခဲ့ပြီးနောက် ဟာလန်းနဲ့ပတ်သက်ပြီး ခနဲ့တဲ့တဲ့ ပြောဆိုသွားခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ အစ်တီဟတ်က ပထမပိုင်း အစောပိုင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်နေခဲ့ပြီးနောက် ၄-၁ နဲ့ နိုင်ပွဲရရှိသွားခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းကို အယ်လ်ဗာရက်ဇ်၊ ဒီဘရိုင်းနား၊ ဂန်ဒိုဝမ်၊ ဂရီးလစ်ရှ်တို့က သွင်းဂိုးတွေ သွင်းယူသွားခဲ့ကြတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ပေါင်ခြံဒဏ်ရာကြောင့် လီဗာပူးလ်ရဲ့ ပွဲစဉ်ကို လွဲချော်ခဲ့တာဖြစ်ပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းဟာ တိုက်စစ်မှာ နော်ဝေကြယ်ပွင့် မပါဝင်တာတောင် အကောင်းဆုံးပုံစံဖြစ်နေခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဂျေမီ ကာရေဂါက ပွဲအပြီးမှာ မန်ချက်စတာစီးတီးအသင်းက တိုက်စစ်မှာ အာလင်း ဟာလန်းမပါဝင်ရင် ပိုမိုကောင်းမွန်တယ်ဆိုတဲ့ စကားကို ထပ်မံ ပြောဆိုခဲ့တာဖြစ်ပြီး တွစ်တာလူမှုကွန်ရက်ပေါ်မှာ “ကျွန်တော် ပြောတာ မှန်တယ် တွေ့လား။ မန်စီးတီးက ဟာလန်းမပါရင် ပိုကောင်းတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ဒီတစ်ကြိမ်ဟာ လီဗာပူးလ်ဂန္တဝင်က ဟာလန်းနဲ့ပတ်သက်ပြီး ဒီလို ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာ ပထမဆုံးအကြိမ်မဟုတ်ဘဲ မကြာသေးမီတုန်းက နော်ဝေတိုက်စစ်မှူးက အသင်းရွေးတာ မှားသွားခဲ့တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ မန်ချက်စတာစီးတီးက တော့တင်ဟမ်ဟော့စပါးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး အဲဒီပွဲစဉ်မှာ ဟာလန်းက ပင်နယ်တီဧရိယာထဲမှာ ဘောလုံးထိတွေ့မှု သုည၊ ဂိုးကန်သွင်းမှု သုညဖြစ်ခဲ့တာဖြစ်ပါတယ်။

ဂျေမီ ကာရေဂါက နော်ဝေတိုက်စစ်မှူးအနေနဲ့ အသင်းမှားရွေးချယ်မိတာဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့ပြီး ဟာလန်းကြောင့် ဂိုးများများသွင်းနိုင်တာ မှန်ပေမယ့် ဂိုးတွေ ပိုမိုခွင့်ပြုခဲ့ရတယ်လို့ ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကာရေဂါက ဂွါဒီယိုလာရဲ့ ကစားကွက်က ဒေါ့မွန်တိုက်စစ်မှူးဟောင်းနဲ့ မသင့်တော်ဘူးလို့လည်း ပြောကြားခဲ့ပြီး မန်ချက်စတာစီးတီးက တိုက်စစ်ကို ဖြည်းညင်းစွာ စတင်ပြီး ပြိုင်ဘက်တွေကို ပင်နယ်တီဧရိယာအစွန် ရောက်အောင် တွန်းပို့တဲ့ကစားကွက်က ကန်တင်ပြေးပြီး ဂိုးသွင်းယူတဲ့ နော်ဝေတိုက်စစ်မှူးနဲ့ အံမဝင်ဘူးလို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါက ၎ရဲ႕အသင္းေဟာင္းကို မန္ခ်က္စတာစီးတီးက ေခ်မႈန္းခဲ့ၿပီးေနာက္ ဟာလန္းနဲ႔ပတ္သက္ၿပီး ခနဲ႔တဲ့တဲ့ ေျပာဆိုသြားခဲ့ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ အစ္တီဟတ္က ပထမပိုင္း အေစာပိုင္းမွာ ၁-၀ နဲ႔ ရႈံးနိမ့္ေနခဲ့ၿပီးေနာက္ ၄-၁ နဲ႔ ႏိုင္ပြဲရရွိသြားခဲ့တာျဖစ္ၿပီး လီဗာပူးလ္အသင္းကို အယ္လ္ဗာရက္ဇ္၊ ဒီဘ႐ိုင္းနား၊ ဂန္ဒိုဝမ္၊ ဂရီးလစ္ရွ္တို႔က သြင္းဂိုးေတြ သြင္းယူသြားခဲ့ၾကတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးၾကယ္ပြင့္တိုက္စစ္မႉး အာလင္း ဟာလန္းဟာ ေပါင္ၿခံဒဏ္ရာေၾကာင့္ လီဗာပူးလ္ရဲ႕ ပြဲစဥ္ကို လြဲေခ်ာ္ခဲ့တာျဖစ္ေပမယ့္လည္း ဂြါဒီယိုလာရဲ႕အသင္းဟာ တိုက္စစ္မွာ ေနာ္ေဝၾကယ္ပြင့္ မပါဝင္တာေတာင္ အေကာင္းဆုံးပုံစံျဖစ္ေနခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ေဂ်မီ ကာေရဂါက ပြဲအၿပီးမွာ မန္ခ်က္စတာစီးတီးအသင္းက တိုက္စစ္မွာ အာလင္း ဟာလန္းမပါဝင္ရင္ ပိုမိုေကာင္းမြန္တယ္ဆိုတဲ့ စကားကို ထပ္မံ ေျပာဆိုခဲ့တာျဖစ္ၿပီး တြစ္တာလူမႈကြန္ရက္ေပၚမွာ “ကြၽန္ေတာ္ ေျပာတာ မွန္တယ္ ေတြ႕လား။ မန္စီးတီးက ဟာလန္းမပါရင္ ပိုေကာင္းတယ္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ဒီတစ္ႀကိမ္ဟာ လီဗာပူးလ္ဂႏၲဝင္က ဟာလန္းနဲ႔ပတ္သက္ၿပီး ဒီလို ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာ ပထမဆုံးအႀကိမ္မဟုတ္ဘဲ မၾကာေသးမီတုန္းက ေနာ္ေဝတိုက္စစ္မႉးက အသင္းေ႐ြးတာ မွားသြားခဲ့တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ေဖေဖာ္ဝါရီ ၅ ရက္ေန႔မွာ မန္ခ်က္စတာစီးတီးက ေတာ့တင္ဟမ္ေဟာ့စပါးကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး အဲဒီပြဲစဥ္မွာ ဟာလန္းက ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးထိေတြ႕မႈ သုည၊ ဂိုးကန္သြင္းမႈ သုညျဖစ္ခဲ့တာျဖစ္ပါတယ္။

ေဂ်မီ ကာေရဂါက ေနာ္ေဝတိုက္စစ္မႉးအေနနဲ႔ အသင္းမွားေ႐ြးခ်ယ္မိတာျဖစ္ႏိုင္တယ္လို႔ ေျပာဆိုခဲ့ၿပီး ဟာလန္းေၾကာင့္ ဂိုးမ်ားမ်ားသြင္းႏိုင္တာ မွန္ေပမယ့္ ဂိုးေတြ ပိုမိုခြင့္ျပဳခဲ့ရတယ္လို႔ ေထာက္ျပခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ကာေရဂါက ဂြါဒီယိုလာရဲ႕ ကစားကြက္က ေဒါ့မြန္တိုက္စစ္မႉးေဟာင္းနဲ႔ မသင့္ေတာ္ဘူးလို႔လည္း ေျပာၾကားခဲ့ၿပီး မန္ခ်က္စတာစီးတီးက တိုက္စစ္ကို ျဖည္းညင္းစြာ စတင္ၿပီး ၿပိဳင္ဘက္ေတြကို ပင္နယ္တီဧရိယာအစြန္ ေရာက္ေအာင္ တြန္းပို႔တဲ့ကစားကြက္က ကန္တင္ေျပးၿပီး ဂိုးသြင္းယူတဲ့ ေနာ္ေဝတိုက္စစ္မႉးနဲ႔ အံမဝင္ဘူးလို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.